"အင်း သွားလိုက်မယ် မင်း ဒီနေ့
ဘူဆန်ဘက်ကစက်ရုံကိုတစ်ချက်သွား
ကြည့်ပေး "

"ဟုတ် "

"အချစ် ဒီနေ့ အကိုရှင်းမရှိလို့
မင်ဆော့တို့နဲ့ကောင်းကောင်းနေနော်"

"ဟုတ် အကိုကြီး ဟွန်းကို
စိတ်ချပါနော် "

ချန်းယောလ် ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်
ရုံးသွားတော့လည်း ဆယ်ဟွန်းက ကားနား
ထိလိုက်ပို့ပေးသည်

"အကိုကြီး တာ့တာ "

"အွန်း ချစ်တယ် "

ဆယ်ဟွန်း နဖူးကိုခပ်ဖွဖွလေးနမ်းပြီး
ကားပေါ်တက်သွားလေသည်

သူလည်းသွားရော အကိုရှင်းလည်း
ထွက်သွားတယ်

ဆယ်ဟွန်းတစ်ယောက်ထဲအိမ်မှာ
မလို့မင်ဆော့တို့ဆီအမြန်လာရန်
မက်ဆေ့ပို့လိုက်တယ်...

မကြာပါဘူး မင်ဆော့နဲ့
ရီဖန်တို့ ရောက်လာကြသည်

"ဆယ်ဟွန်း အကိုချန်းယောလ်ကရော"

"သွားပြီလေ "

"ဟင် အရင်ကငါတို့လာမှ သွားတာမလား"

"ဟုတ်တယ် အန်ကယ်ကြီးခေါ်လို့
အစောကြီးသွားတာ အကိုရှင်းလည်း
အလုပ်ကိစ္စရှိလို့သွားတယ် "

"မင်းခြေထောက် သက်သာလား"

"အင်း အင်း သက်သာပါတယ်"

ခြေထောက်အကြောင်းပြောရင်
မနေ့ညကအဖြစ်ပျက်ကိုသတိရလာကာ
ဆယ်ဟွန်းမျက်နှာကြီးနီ နီလာသည်

မင်ဆော့ကလည်း ဒါမြင်တော့
တစ်ခုခုပဲဆိုတာ တွေးမိသည်.

"အမယ် ငါဒါလေးမေးတာကို
ဘာလို့မျက်နှာကြီးရဲနေတာလဲ"

"ဘာ ဘာမှမဟုတ်ပါဘူး "

"ကဲ မင်ဆော့ ဆယ်ဟွန်းရှက်နေတာကို
ဘာလို့လိုက်စနေတာလဲ "

ရီဖန်ဝင်တားမှ မင်ဆော့စတာရပ်သွားလေသည်...

"မင်းတို့ မနက်စာစားခဲ့ပြီလား"

"အင်း ငါကစားခဲ့ပြီ ရီဖန်မင်းရော"

"စားခဲ့ပြီ ဆယ်ဟွန်း မင်းခြေထောက်
နာနေတာဆို ဒီနေ့ လမ်းမလျှောက်နဲ့တော့"

Infatuated LOVE [Completed]Where stories live. Discover now