........

"ခေါင်လေး ခေါင်လေး နင် အထဲမှာလား"

နွေးက တံခါးခေါက်ပြီးခေါ်လျှင် ခေါင်လေးက တံခါးကို ခပ်ကြမ်းကြမ်း ဖွင့်လို့ တင်းမားနေသော မျက်နှာထားဖြင့်..

"ဘာလဲ!! "

ပုံမှန်မဟုတ်သော လေသံနှင့် နီရဲနေသော မျက်လုံးတို့ ကြောင့် နွေး အနဲငယ်တွန့်သွားရပါသည်။

"နင် စာမေးပွဲ ဖြေနိုင်လားလို့ လာမေးတာ"

"ဖြေနိုင်တယ်...ဒါပဲလား?"

"အင်"

"သွားတော့"

ဂျိန်း!!

တံခါးကို ဆောင့်ပိတ်လျက် ခေါင်လေးအထဲပြန်ဝင်သွားလျှင် နွေး ကိုယ်လေးပင် တုန်တတ်သွားမိ၏။ စိတ်တိုနေသည့်
ခေါင်လေးပုံစံက အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းပါ၏။ အကျီ တွေလဲ ဖရိုဖရဲ ဖြစ်နေပုံထောက်ရင် ရန်ဖြစ်လာတာလား။ နွေး မစဉ်းစားတတ်စွာ အောက်သို့
ပြန်ဆင်းလာလိုက်ပါ၏။

"ကိုနှိုင်းနဲ့ ခေါင်လေး ရန်ဖြစ်ထားတာလဲဟင်"

"ဟင်!! မဖြစ်ပါဘူး။ ကိုယ်က နွေးနဲ့ ရန်ဖြစ်လာတယ်လို့ထင်နေတာ"

နွေး အမေးကို နှိုင်းက တွေးဆ ဆလေးပင် ပြန်ဖြေရှာပါ၏။

"ဟင်!နွေးနဲ့လည်း မဖြစ်ဘူးရယ်။ ဘာဖြစ်နေတာလဲ မသိဘူး​ ။နွေးကိုတောင် အော်လွတ်တာသိလား"

ညီမလေးက အစ်ကိုအား ပြန်တိုင်နေသလို နွေးပုံစံက ပကတိ ဖြူစင်နေသေးသည်။

"အရူးကောင်။ စိတ်ကိုမမှန်ဘူး ။ စာသွားကျက်တော့မယ်"

ပြောပြီး ဆောင့်ဆောင့်အောင့်အောင့်လေး ထွက်သွားပြန်သော နွေးကြောင့် နှိုင်း သက်ပြင်း အရှည်ကြီးသာ ချမိပါ၏။ တစ်ခုခုဖြစ်လာတိုင်း မောင်ဟာ ဘယ်သူကိုမှ
မပြောပဲ တစ်ယောက် တည်း မျိုသိပ်ထားတတ်တာ အကျင့်တစ်ခုလိုဖြစ်နေမှန်း နှိုင်း သိလာခဲ့ပါသည်။ ယမကာ ပုလင်းတွေကို သေချာစီတန်းပြီးနောက်မှာတော့
နှိုင်းသည်Kitchen room ထဲသို့ သွားကာ
သံပုရာရည်ဖျော်လိုက်ပါသည်။ အရက်တွေကို ပလိန်းကြီး မျိုချလိုက်တာကြောင့် မောင့် ခေါင်းတွေ အုံခဲနေမည်
ထင်၏။

Black Memory(U+Z)(Completed )Où les histoires vivent. Découvrez maintenant