I Can Hear Your Voice-22(Z,U)

Start from the beginning
                                    

"............"

"............"

တစ်ယောက်​​ယောက်​ အော်​​ခေါ်လိုက်သည့်အသံ...။တိတိကျကျ​ပြောရလျှင် ကောင်လေးတစ်ယောက်​က နာမည်​တစ်ခုခုကို​အော်​​ခေါ်လိုက်​သည့်အသံ.......။

သို့ပေမယ့် မည်သူ့အမည်​ကို အော်လိုက်သည်မှန်း သူ မသိဘူး..။

ဝိုးတဝါးနှင့် အသံက သူနှင့် တော်တော်​​လေးကိုအလှမ်းဝေးနေသည်...။သူ သေချာ နားစိုက်​​ထောင်​လိုက်​မိ​တော့ ဘာအသံမှထပ်မကြားရပြန်​​တော့ဘူး....။သူဒီ​နေရာမှာကြာကြာရပ်​​နေလို့မဖြစ်​ဘူး...။ဒီ​နေရာဟာသူ့အတွက်​သိပ်​ကိုစိမ်းလွန်း​နေသည်။သူ...သူဒီ​နေရာက​နေ အ​ဝေးဆုံး​ကိုထွက်ပြေးရမည်။

"............."

နောက်​ကိုလှည့်​​နေသည့်​​ခြေလှမ်း​တွေသည်​...
ကောင်လေး တစ်ယောက်​၏ ​ဝိုးတဝါး ​အော်​​ခေါ်လိုက်သည့်အသံ​ကြောင့်​ တုန့်​ခနဲရပ်​တန့်​သွားရသည်​။သူ့ကိုခေါ်​နေတာလား...။ဟင့်​အင်း...သူ မသိနိုင်​...။

သူဘယ်​သူလဲ ဆိုတာ သူကိုယ်​တိုင်​​တောင်​မသိ။
မြူနှင်း​တွေ အုပ်​ဆိုင်း​နေသည့်​ကြားကပင်​...
ရုတ်​တရက်​ဆိုသလို ပတ်​ဝန်းကျင်​ တစ်ခုလုံး​မှောင်​မိုက်​သွားခဲ့သည်​။သူ​ကြောက်​လန့်​တကြားနှင့်
ဒူးတုပ်​ကာမြေပြင်ပေါ်သို့ ထိုင်​ချလိုက်​သည်​။သူထိုင်​ချလိုက်​သည့်​အချိန်​မှာပင်​ ရုတ်​တရက်​ဆိုသလို...အ​မှောင်​ထု​တွေ​ပျောက်​သွားခဲ့သည်​။မြူခိုး​တွေက​တော့ ​ဝေ​နေဆဲပင်​...။တစ်ခုခုမြင်ရလိုမြင်ရငြား မျော်လင့်ပြီးကြိုးစားမတ်တပ်ရပ်ကာ
မြူတွေထဲရှာကြည့်လိုက်မိသည်။

" ဟင်​..."

မြူခိုး​တွေကြားက​နေ ဝိုးတဝါးမြင်​​နေရ​သော
ပုံရိပ်​တစ်ခု။ကောင်လေးတစ်ယောက်​...
ဒါဆို ခုဏတုန်းက ​အော်​​ခေါ်လိုက်သည့်အသံက ဒီကောင်လေးများလား...။သူ​ နေရာမှာ​တင်​​ကျောက်​ရုပ်​တစ်ရုပ်လို မလှုပ်​မယှက်​ရပ်နေမိသည်​။တဖြည်းဖြည်း ထိုကောင်လေးက မြူ​တွေကြားက​နေ ထိုးထွက်​လာသည်​။ဘယ်​သူလဲ...ရုတ်​တရက်​ကြီး လင်းထင်းလာသည့်​အလင်း​ရောင်​​ကြောင့်​ သူ​ခြေတစ်​လှမ်းဆုတ်​လိုက်​မိ​လေတော့​ ကျောက်​ခဲတစ်တုံးကိုနင်းမိကာ ​မြေကြီး​ပေါ်ဖင်​ထိုင်​ရက်​ပြုတ်​ကျသွားခဲ့ရပြန်သည်​။

I Can Hear Your Voice (Completed)Where stories live. Discover now