အတွေးနဲ့အတူ စီးတန်းပေါ်လာသည့် စာများကို စားရွက်ပေါ် ချရေးလိုက်ပါသည်။

"ဖြေဆ်ိုချိန် တစ်နာရီခွဲ ပြည့်ပါပြီ ။ ထွက်ချင်တဲ့သူတွေ ဆရာမဆီ စာရွက်အပ်ပြီး ထွက်လို့ရပြီနော်"

စာရေးနေရင်း ကုန်သွားတဲ့အချိန်တောင်မသိလိုက်ခင်မှာ စာရွက်တွေတောင် အပ်လို့ရနေပေပြီ။ ခေါင်လေးသည် စာရွက်အပ်ပြီး ထွက်သွားသော လူတွေကို ကြည့်ရင်း ဝရံတာဘက်ကို ကြည့်လိုက်မိ၏။ စိုင်းမင်းကိုတောင်
အောင်နိုင်သူတစ်ယောက်လို သူ့ကို ရပ်စောင့်နေလေပြီ။

ခေါင်လေးသည် စာများကို နံပါတ်စဉ်မှန်ရဲ့လား သေချာစစ်ပြီးနောက် ဆရာမထံစာရွက်အပ်ကာ စားပွဲပေါ် စက်ပိတ်ပြီးတင်ထားရသော ဖုန်လေးကိုယူလျက် အပြင်ထွက်လိုက်၏။

"သားကြီး အခြေအနေ"

စိုင်းမင်းကိုက သူထွက်ထွက်လာချင်းပင်မေးပါ၏။

"အေးဆေး ။ မင်းရော"

"ဒီနှစ်တော့ တစ်ဘာသာ ကျွတ်ပြီ"

ခေါင်လေးနဲ့ စိုင်းမင်းကိုက မေဂျာတူအတန်းတူဆိုပေမယ့် ခုံနံပါတ်ဝေးလွန်းတာကြောင့် အခန်းတူတူမကျပဲ ဘေးချင်းကပ် အခန်းကိုကျ၏။သူတို့ ဖြေရတာ နမ့်ခမ်းဆောင်၏ အပေါ်ဆုံးထပ်ဖြစ်သဖြင့်လှေကားထစ်တွေကိုကျော်ဖြတ်ရင်း နှစ်ယောက်သားစကားတွေပြောကာ အောက်သို့ ဆင်းလာကြပါသည်။

"ငစိုင်း ငါမင်းကို ပြောစရာရှိတယ်"

"အေ ပြောလေ"

"ပြောစရာဆိုတာထက် တိုင်ပင်စရာကွာ"

"ဘာကြီးတုန်း ။ ပြသာနာ ရှာထားပြန်ပြီလား"

"ဘယ်ကသာ။ လာကွာ canteenမှာ ခဏ ထိုင်ရအောင်"

အောက်သို့ ရောက်သည်နှင့် ကျောင်းဆောင်ဘေးတွင်ရှိ သော ကန်တင်း သို့ ဝင်ထိုင်လိုက်ကာ လက်ဖက်ထမင်းနှင့်
ထမင်းဆီဆမ်း တစ်ပွဲစီ မှာလိုက်ကြ၏။

"ပြောပါဦး အရေးတကြီး တိုင်ပင်စရာကဘာလဲ"

ခေါင်လေးသည် ချက်ချင်းမဖြေသေးပဲ စားပွဲးထိုးလေးကို စီးကရက် ချပေးရန် လှမ်းပြောလိုက်၏။ ထို့နောက် ပြောရခက်နေသလို စဉ်းစားဟန်ပြုနေသေးသည်။

Black Memory(U+Z)(Completed )Where stories live. Discover now