နှိုင်းသည် ဘောင်ဘီအိတ်ကပ်ထဲ လက်နိုက်ထားတဲ့ ခေါင်လေး လက်တွေကို မျက်လုံးများမှေးကျဉ်းလျက် အလိုမကျစွာ ကြည့်နေမိ၏။ တကယ်ဆို တစ်ယောက်
လက် တစ်ယောက်တွဲပြီး တစ်ဖြူးဖြူး တိုက်ခတ်နေတဲ့ လေးနုအေးကြား ကြည်ကြည်နူးနူးနဲ့  သဘာဝအလှကြီးကို ခံစားသင့်တာ မဟုတ်လား။ သို့နှင့် နှိုင်းသည်
ခေါင်လေး မသိအောင် လက်လေးကို ကိုင်ဖို့ စိတ်လှုပ်ရှားစွာ လှမ်းလိုက်စဉ်...

"ဟိုး ...မှာတွေလား ကြယ်သုံးလုံးတန်းနေတာ"

လက်ကို ဆန့်ထုတ်ပြီး ကြယ်တွေကို လက်ညိုးထိုးလို့ ခေါင်လေးက စိတ်အားထက်သန်စွာပြောလိုက်ပါသည်။

"ဟင်း...အင်..ဘယ်ဟာလဲ"

နှိုင်းသည် ရှက်သွားရသော မိမိလက်ကို ခါလိုက်ပြီး ခေါင်လေး ပြသည့်နေရာသို့ စိတ်ဝင်စားချင်ယောင်ဆောင်
ကာ မသိနားမလည်သည့်ပုံဖမ်း၍ ကြည့် လိုက်၏။

"ဟိုးမှာလေ မြင်လား ကြယ်သုံးလုံးတန်းနေတာ။ ဘေးနှစ်ဘက်ဆီမှာ ကြယ်တစ်လုံးစီရှိတယ်လေ"

နှိုင်းသည် ခေါင်လေး လက်ညိုးထိုးပြသည့်နေရာသို့ သေချာကြည့်လိုက်ပြီး...

"သြော် ခွန်ဆန်လောနဲ့နန်းဦးပြင်ကိုပြောတာလား"

"သိတယ်ပေါ့"

"သိတာပေါ့ကွ။ ငယ်ငယ်က မေမေပြောပြဖူးတဲ့ ပုံပြင် တွေထဲမှာပါတယ်လေ။ ကြယ်သုံးလုံးတန်းနေတာလေးက ဝါးဆစ်သုံးလုံးတဲ့ ဘေးနှစ်ဘက်က ခွန်ဆန်လောနဲ့ နန်းဦးပြင်တဲ့"

ခေါင်လေးသည် နှိုင်းပြောသည်ကို ခေါင်းလေးညိမ့်ကာ လက်လေးကိုအိပ်ကပ်ထဲပြန်နိုက်၏။ နှိုင်းသည်လည်း လက်ချောင်း ချောင်းနေသူဖြစ်ရကာ စကားပြောနေပေမယ့်
မျက်လုံးတွေက ခေါင်လေးလက်တွေဆီမှာသာ။

"ကျွန်တော်တို့နှစ်ယောက်ကိုလည်း မိဘတွေကသဘော မတူပဲ စည်းခြားထားရင် ဘယ်လိုလုပ်မလဲ "

"ငါ့မှာ မိဘတွေမရှိတော့ဘူးလေ ။ မင်းအဲ့ဒီအတွက် ပူစရာမလိုဘူး"

နှိုင်းကပြောရင်း နဖူးကြောလေးတွေကြုံ့နေလေသည်။ ဒီအချိန်သူဘာကိုမှ စိတ်မဝင်စား။ ဘုန်းထွ၌ခေါင်လျှံ လက်ကို
တွဲပြီး တောင်အောက်က ပွဲဈေးထဲ လမ်းလျှောက်ဖို့သာ တွေးတောနေ၏။

Black Memory(U+Z)(Completed )Onde histórias criam vida. Descubra agora