19

8.5K 742 64
                                    

#zawgyi

"Xiao zhan မင်းဒီလိုမှိုင်မှိုင်ကြီးပဲနေတော့မှာလား''

Xiao zhanနဲ့yiboပြသာနာတက်ပြီးတဲ့​နောက်yiboသူငယ်ချင်းတွေကသက်သက်တစ်ဝိုင်းထိုင်ပြီးxiao zhanတို့သူငယ်ချင်း​တွေကသက်သက်တစ်ဝိုင်းထိုင်ကြလေသည်။Zhou chengတစ်ယောက်စားပွဲဝိုင်းမှာငြိမ်သက်နေတာကြောင့်သူ့ဘက်ကပဲအရင်စကားစလိုက်သည်။

"အေးလေမင်းကလည်းအရင်ကလိုမျိုးပျော်ပျော်နေလေကွာဒီလိုမျိုးကြီးမှိုင်နေတာကမင်းtypeမှမဟုတ်ဘဲကို''

Jiyangကလည်းဆက်ပြောလေသည်။

"ကိုယ်အရမ်းချစ်ရသူနဲအခုလိုကွဲသွားရတာအရမ်းနာကြင်ဖို့ကောင်းတယ်၊ကိုယ်အရမ်းချစ်ရတဲ့သူကကိုယ်ရှင်းပြတာကိုနားမထောက်ဘဲကိုယ့်ကိုမုန်းသွားတာကကမ္ဘာပေါ်မှာဝမ်းအနည်းရဆုံးတစ်ခုပဲ၊ကိုယ်အရမ်းချစ်ရတဲ့သူကတစ်ခြားတစ်ယောက်နဲ့တွဲပီးပျော်နေတာကိုကြည့်ရင်ဒီဘက်ကအရမ်းအောင့်တာမင်းတို့သိရဲ့လားဟမ်''

Xiao zhanတစ်ယောက်သူ့ရဲ့ဘယ်ဘက်ရင်ဘတ်လေးကိုဖိပြီးမျက်ရည်တွေအပြည့်နဲ့သူငယ်ချင်းတွေကိုကြည့်ပြီးရင်ဖွင့်လေသည်။xiao zhanခံစားနေရတာတွေကိုzhou chengတို့ကြည့်ပြီးသနားမိလာတယ်။
Yiboကxiao zhanနဲ့ပြတ်ပြီးနောက်တစ်နေ့မှာပဲtong tongနဲ့တွဲတဲ့သတင်းကိုကြားပြီးxiao zhanတစ်ယောက်တစ်ပတ်လောက်ဘာအစားမှမစားလို့အိမ်အထိတောင်ဆရာဝန်ပင့်ကတဲ့အထိပါပဲ။

"ဖြစ်ပြီးတာတွေလည်းဖြစ်ပြီးပြီပဲမေ့လိုက်ပါတော့xiao zhanရယ်..သူတောင်မင်းကိုမချစ်တော့လို့tong tongနဲ့တွဲနေပြီပဲ''

Baekhyunတစ်ယောက်xiao zhanခံစားနေရတာကိုမကြည့်ရက်လို့သာပြောလိုက်ခြင်းဖြစ်သည်။

"ဟက်...မေ့ကမယ်....ငါ့ဘဝမှပထမဦးဆုံးချစ်မိခဲ့တာလည်းသူ့ကိုပဲ၊ငါ့ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တာလည်းသူပဲ၊နောက်ဆုံးလက်ထက်ဖို့ရည်ရွယ်ထားတဲ့သူ့ကိုမေ့ကမယ်....မမေ့နိုင်ဘူးမေ့လို့လည်းရမှာမဟုတ်ဘူး..နောက်တစ်ခါငါ့ကိုမေ့လိုက်ပါတော့စကားပြောရင်ငါနဲ့မင်းနဲ့သူငယ်ချင်းသံယောဇဉ်ပြတ်ပြီပဲ''

Xiao zhanတစ်ယောက်သူတို့ကိုချောက်ကပ်ကပ်တစ်ချက်ရယ်ပြီးလွယ်အိတ်ကိုဆွဲကာထွက်သွားလေသည်။

BaD BoyS(completed😘)Where stories live. Discover now