13

10.6K 930 15
                                    

#zawgyi

Xiao Zhan တစ်ယောက်yiboကိုလိုက်ရှာနေမိပါသည်။သူyiboချိန်းတဲ့နေရာကိုရောက်ကတည်းကလူဆိုလို့တစ်ယောက်မှမ တွေ့ တာပါဆိုမှတော့yiboကိုဆိုပိုဆိုးသေးအရိပ်အယေယင်တောင်မတွေ့ ရတာနဲ့ဖုန်းခေါ်ဖို့ပြင်လိုက်ချိန်မှာပဲမီးတွေအကုန်အမှောင်ကျသွားပြီးသူ့နေရာနဲ့သူ့အရှေ့ကအကွက်တစ်ကွက်လေးပဲမီးလင်းတော့တယ်။
Xiao Zhanလည်းသူ့အရှေ့ကအကွက်ကိုစိုက်ကြည့်နေလေရယ့်။နောက်ဆုံးမှာတော့သူ့အရှေ့ကိုပန်းစည်း‌လေးကန်းကာတစ်လှမ်းချင်းလျှောက်လာသောyiboကိုကြောင်ပြီးကြည့်‌နေမိပါသည်။

"Xiao zhanကိုယ်မင်းကိုချစ်တယ်မဟုတ်ဘူးချစ်တာထက်ပိုတယ်မြတ်နိုးတာ၊ကိုယ်မင်းကိုတကယ်ချစ်တာပါ၊ကိုယ်အရင်တုန်းကတော့မင်းအပေါ်ကိုကိုယ်ခံစားချက်တွေမရှိဘူးထင်ခဲ့တာ၊ဒါပေမယ့်ကိုယ်မင်းအပေါ်ခံစားချက်‌တွေရှိ‌နေပြီဆိုတဲ့အချိန်ကိုသိကတည်းကကိုယ်မင်းကိုအရမ်းတွေချစ်နေပြီဆိုတာကိုယ်သိလိုက်ရတယ်၊၊ကိုယ်မင်းကိုပျော်အောင်ထားမယ်၊တစ်စက်ကလေးမှဝမ်းမနည်းစေရဘူး၊ကိုယ်မင်းအပေါ်ကိုသစ္စာရှိရှိနဲ့ချစ်သွားမှာပါ၊ကိုယ့်အချစ်ကိုလက်ခံပေးပါနော်"

Yiboတစ်ယောက်Xiao Zhanအရှေ့မှာဒူးတစ်ဖက်ကိုချပြီးပန်းစည်းကိုXiao Zhanအရှေ့ကိုပေးကာXiao zhanကိုဘယ်လောင်ချစ်‌ကြောင်းကိုမြတ်မြတ်နိုးနိုးနဲ့ကြည့်ပြီး‌ပြောလေသည်။
Xiao zhanပျော်ပါသည်။သူလည်းYiboကိုချစ်နေခဲ့တာကိုသိတာမကြာသေးပါဘူး။အခုလိုမျိုးသူချစ်နေတဲ့သူကသူ့အရှေ့မှာသူ့ကိုချစ်ခွင့်ပေးနေတာကို‌ကြည့်ပြီးXiao Zhanအံ့ဩလို့မဆုံးသလို၊ပျော်လည်းပျော်ပါတယ်။Xiao Zhanလည်းပန်းစည်းကိုယူဖို့လက်လှမ်းမယ့်အချိန်yiboကို‌နောက်ချင်တဲ့စိတ်က‌ခေါင်းထဲမှာ‌ပေါ်လာတာနဲ့ပန်းစည်းယူမယ့်လက်ကိုပြန်ရုတ်သိမ်းလိုက်ပြီး‌ပြောလေသည်။

"ဆောရီးYiboငါမင်းအချစ်ကိုလက်မခံနိုင်ဘူး၊မင်းစဉ်းစားကြည့်ငါတို့ကယောကျာ်းလေးတွေဘယ်လိုမှမဖြစ်နိုင်ဘူး၊ပြီးတော့ပတ်ဝန်းကျင်ကလည်းငါတို့ကိုအပြစ်‌ပြောလိမ့်မယ်"

"ပတ်ဝန်းကျင်ကဘာ‌ပြော‌ပြောငါဂရုမစိုက်ဘူး၊ငါဂရုစိုက်တာကမင်းကို၊Xiao Zhanငါမင်းကိုတကယ်ချစ်တာပါငါ့ကိုမငြင်းပါနဲ့နော်"

BaD BoyS(completed😘)Where stories live. Discover now