4

13.5K 1.1K 39
                                    

#zawgyi

"အား..Wang yibo သေချင်းဆိုးလေး မင်း‌ကြောင့် ငါ့မှာလမ်းမလျှောက်နိုင်တော့ဘူး"

Xiao Zhan ကုတင်ပေါ်မှာ မှောက်ရက်လေးလှဲပြီး ကုတင်ကိုသူ့လက်နုနုလေးနဲ့ ထုကာ ကလေးတစ်ယောက်လိုအော်ဟစ်ငိုနေလေသည်။
သူ့ကိုအိမ်အထိတွဲခေါ်လာတဲ့ Zhou Cheng မှာတော့ xiao Zhan ကိုသနားတဲ့စိတ်လေးကလည်းရှိသလို အမြင်ကတ်တဲ့စိတ်လေးကလည်းရှိလေသည်။
Xiao Zhan မှာသူတစ်ယောက်ထဲအထီးကျန်လို့တဲ့ကျောင်းမသွားနဲ့တဲ့ညကျမှပြန်ပါဆိုပြီးအတင်းတောင်းဆိုနေတဲ့ xiao Zhan ‌ကြောင့်နေပေးလိုက်တယ်ဒါပေမယ့်အခုကျတော့အသေတွေအော်ဟစ်နေ‌တာလူကြားလို့မကောင်းသလိုသူလည်းနားကန်းနေလေပြီ။

"Xiao Zhan ရာ အငိုတိတ်ပါတော့ကွာ မသိရင် ဟိုကမင်းကိုဟိုဟာလုပ်လို့အိပ်ရာကနေမထနိုင်တဲ့ပုံစံနဲ့အော်ဟစ်နေတာလူကြားလို့တောင်မကောင်းဘူး"

"ေ-ာကို ဟိုဟာလုပ်တာလား ငါ‌ပြောတာက သူ့‌ကြောင့်ငါကျောင်းမှာအရိုက်ခံရတယ်လို့‌ပြောတာ သေချင်းဆိုး အပျိုကြီးရယ့်"

"ဘာ‌ပြောတယ် ငါအခုချက်ချင်းပြန်လိုက်ကမလား"

"မင်းကလည်းနောက်တဲ့ဟာကို ဟီး"

ချက်ချင်းကို ရုပ်‌ပြောင်းသွားသော xiao Zhan ကိုကြည့်ပြီး Zhou Cheng တစ်ယောက် တတ်လည်းတတ်နိုင်တယ်ပုံစံနဲ့ကြည့်လေသည်။

"အငိုတိတ်တော့ အဲ့ဒါဆိုငါမပြန်တော့ဘူး"

"အေးပါ ဒါနဲ့ ငါ မျောက်ဖင်နီကောင်ကို မကျေနပ်ဘူး ငါသူ့ကိုဘာlessonပြန်ပေးသင့်လဲ"

Xiao Zhan တစ်ယောက် ဖက်လုံးကို ပေါင်ပေါ်တင်ပြီး ထထိုင်ကာ မေးစေ့ကိုပွတ်ပြီး အကြံညဏ်တွေထုတ်နေလေသည်။

"အခုလောလောဆယ်တော့ မင်းခြေထောက်ပြန်ကောင်းပါစေဆုတောင်းပြီးမှlessonပေးပါငါ့သားရယ်မင်း‌ခြေထောက်မကောင်းသေးဘဲတော့သွားမလုပ်နဲ့ဟိုကမင်းကိုပြန်သမရင်မင်းခြေထောက်အစားထိုးလို့မရနေမယ်နော်"

"ဟုတ်ကဲ့ပါ ဖေကြီး"
......
"ငါသူ့အိမ်ကိုသွားပြီးသူ့အခြေအနေသွားမေးသင့်လား "

Yibo တစ်ယောက် အိမ်ရောက်ကတည်းကသူ့အခန်းက ဝရံတာကိုခဏခဏထွက်ပြီး သူတို့မျက်နှာချင်းဆိုင်မှာနေတဲ့ xiao Zhan အိမ်ကိုလှမ်းလှမ်းကြည့်နေလေသည်။
Yibo အိပ်ခန်းထဲကနေ xiao Zhan အိပ်ခန်းကိုမြင်ရတာ‌ကြောင့်ခဏခဏထွက်ကြည့်နေခြင်းဖြစ်သည်။

BaD BoyS(completed😘)Where stories live. Discover now