I Can Hear Your Voice-12(Z,U)

Start from the beginning
                                    

ဝိုင် သက်ပြင်းရှိုက်လိုက်မိ​၏။နဖူးပေါ်ဝဲကျနေသည့် ဆံနွယ်တွေကိုညာလက်နှင့်သက်တင်လိုက်သည်။တကယ်တော့ ဝိုင် အလန့်လွန်ပြီး စိတ်လှုပ်ရှားနေခဲ့ခြင်းပင်။ဝတ်ဆင်ထားသည့် အဖြူအကွက်အပေါ်ထပ်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်အထိ အနည်းငယ် မ တင်လိုက်မိ​၏။လက်ဖျံတစ်လျှောက်ပေါ်လာခဲ့သည့် အစိမ်းဖျော့ဖျော့ အကြောတွေက ဝိုင်ဘယ်လောက်ကြောက်နေခဲ့သလဲဆိုသည့်သက်သေပင်။
စိတ်ကိုကြိတ်တင်းထားလိုက်ကာ...

" နွေနှောင်း ကတော့ ကမ္ဘာပေါ်မှာ အဖေ့ကိုသာ အချစ်ဆုံးပါတဲ့ အဖေရှိနေရင် သူ့ဘဝပြည့်စုံပြီလို့ ယူဆခဲ့တဲ့ ကောင်မလေးပါ ....ခင်ဗျား ကို ငဲ့ပြီး ခင်ဗျားရဲ့ ဂုဏ်သိက္ခာတွေ ခင်ဗျားရဲ့ အရှက်တွေ အတွက် သူလှလှပပ ပေးဆပ်သွားခဲ့တာလေ ဒါကို ခင်ဗျားက သေချင်တယ်တဲ့လား....သူမက ခင်ဗျား ကို ဒီလို ဖြစ်စေချင်တာမဟုတ်ဘူး သူဖြစ်စေချင်တဲ့အတိုင်း ခင်ဗျား ပျော်အောင်နေပေးရမယ်.....နောက်ဆုံးအချက်က နွေနှောင်းသေရတာ ခင်ဗျားကြောင့် မဟုတ်ဘူး ....ခင်ဗျားဒီလို ဆက်ငိုနေရင် ခင်ဗျားသမီးကောင်းကောင်းမွန်မွန် ဘဝမကူးနိုင်ပဲနေမယ် ...ခင်ဗျား သမီးကို သိပ်ချစ်တယ် ဆိုရင် ဘဝကူးကောင်းဖို့ ကုသိုလ်ကောင်းမှုလေး လုပ်ပြီး ဆုတောင်းပေးလိုက်ပါ ...."

ဝိုင် နောက်ဆုံးပြောချလိုက်တော့မှ ထိုလူကြီးက ဟုတ်တယ် ဆိုပြီး ခေါင်းတွေ တဆတ်ဆတ်ညိတ်ပြသည်။နောက် မီးဖိုခန်းထဲ ဝင်သွားကာ အဝတ်စုတ် တစ်ခုနှင့် ဒဏ်ရာရထားသည့် နဖူးကို စည်းနောင် လိုက်တော့​၏။
သေတော့မှာပဲ...။

" ဟာ ဦးလေး အဲလိုနဲ့ ဒဏ်ရာ ပိုးတွေ ဝင်သွားပါဦးမယ်ဗျာ...ဆေးခန်းသွားလိုက်တာ အကောင်းဆုံး ဖြစ်မှာပါ..."

" ကိစ္စမရှိပါဘူး ဟ ဟ ငါက အသက်ရှည်မယ့်သူ ဘယ်နှစ်ခါ သတ်သေ သတ်သေ အခုထိ မသေနိုင်သေးတာကိုပဲကြည့်လေ လူငယ်လေး ငါမင်းကို အများကြီးတောင်းပန်ပါတယ် ...."

" မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော် နားလည်တယ် ကျွန်တော်ကသာ တောင်းပန်ရမှာပါ ဦးလေးခင်ဗျား သေချာပေါက်ဆေးခန်းသွားလိုက်ပါဗျာ...."

" အင်း အင်း ငါ သွားလိုက်မယ် သမီး ငါ့သမီးလေး သူဘာတွေမှာသွားသေးလဲ ...."

I Can Hear Your Voice (Completed)Where stories live. Discover now