အသက်ရှူနှုန်းမှန်မှန်ဖြင့် မျက်ခွံတို့ မှိတ်ချထားသည့် ခေါင်လေးအား နှိုင်း စိတ်မကောင်းစွာ ကြည့်မိ၏။ ပုံမှန်သွယ်ကျနေသော ပါးပြင်ဟာ သူပဲ စိတ်ထင်နေလို့်
လား ရောင်းကိုင်းချင်သလိုဖြစ်နေသည်။ နှိုင်းသည် မိမိလက်သီးတွေကို မိမိ ဆုပ်လိုက်မိပြန်၏။ တကယ်ဆို ကိုယ်က ချစ်ရသူပဲ နွေးနဲ့ခေါင်လေး ရည်းစားတွေမဟုတ်ဘူး
ဆိုရင် ပျော်ရွှင်ရဦးမှာ မဟုတ်ဘူးလား။

"ဘယ်ချိန်ထိ အဲ့လိုရပ်ကြည့်နေမှာလဲ"

ရုတ်တရက် မျက်လုံးတို့ဖွင့်လာပြီး စကားပြောလာသည့် ခေါင်လေးကြောင့် နှိုင်းရှက်သွားကာ ဘာပြန်ပြောရမည်
မသိ ဆွံ့အနေလျက် ရင်ခုန်လွန်းလို့ ထွက်ပြေးဖို့သာ သတိရတော့သည်။

"နောက်တစ်ခါဆို ကိုယ့်ကိုယ်ကို ထိခိုက်အောင် မလုပ်ပါနဲ့"

"ဟင်!!"

ထွက်ပြေးဖို့ကြိုးစားရာမှ နှိုင်း ခြေစုံရပ်မိသွားပြီး ခေါင်လေး ကို လှည့်ကြည့်မိ၏။ ခေါင်လေးသည် အိပ်နေရာမှ ထလာပြီး
နှိုင်းရဲ့ လက်ကို ကိုင်ကာ လက်ခုံးပေါ်က ဒဏ်ရာလေးကို အာငွေ့လေးဖြင့် တဖူဖူး ငြင်သာစွာ မှုတ်ပေးလေသည်။

"ကျွန်တော့်ကို ထိုးမိလို့ ကိုယ့်လက်ကို ဒဏ်ခတ်ထားတာလား"

နှိုင်းသည် နူးညံ့လွန်းသည့် ခေါင်လေး၏ အပြုအမူများကို ကြည့်ရင်း ရင်ထဲ စိတ်မကောင်းစွာ ဆို့နင့်လာလျက် မျက်ရည်လေးတွေဝိုင်းလာမိ၏။ ငါ့လက်မှာ ဒဏ်ရာရှိနေတာကို ဘယ်လိုမြင် သွားရတာလဲ ။ ပြီးတော့ရော ဘာလို့ အခုလောက်ထိ တစ်ဖက်သားကို ဂရုစိုက်တတ်နေရတာလဲ။

"ငိုတော့မလို့လား။ မငိုနဲ့လေ ။ ကျွန်တော် ဘာမှမဖြစ်ပါဘူး"

ခေါင်လေးက နှိုင်းနှင့်မျက်ဝန်းချင်းဆုံအောင် ကြည့်ပြီး ညှင်သာသော အပြုံးနုဖြင့် ကလေးငယ်အားချော့သလို ပြောလာ၏။ထို့နောက် စီးကျလာသော မျက်ရည်ကို
လက်မလေးဖြင့် ခပ်ဖွဖွလေး သုတ်ပေးလာသည်။

နှိုင်းသည် ခေါင်လေးမျက်ဝန်းတွေကိုပြန်လည်၍ မလွှတ်တမ်း ကြည့်နေရာမှ
မထိန်းနိုင်သည့် စိတ်တို့ကြောင့် ခြေဖျားလေး အနဲငယ်ထောက်ကာ ချိုမြိန်သော စကားတို့ဖြင့် မရိုးမယွဖြစ်အောင် လုပ်နေသည့်
နှုတ်ခမ်းတို့အား ဖိကပ်နမ်းလိုက်ပါသည်။

Black Memory(U+Z)(Completed )Hikayelerin yaşadığı yer. Şimdi keşfedin