ဆယ်ဟွန်းစကားကြောင့် နှစ်ယောက်သား
တိတ်သွားလေသည်....

"ဒါနဲ့ အကိုချန်းယောလ် အခြေနေ
ဘယ်လိုရှိလဲ ဆယ်ဟွန်း"

"အင်း မဆိုးပါဘူး အကိုကြီး
အခုတလော အခြေနေကောင်းနေတယ်"

"မပေါ့နဲ့ ဆယ်ဟွန်း သူ့အဖေကို
သေချာပြောပြီး ကုခိုင်းမှ ရမယ်"

"မဟုတ်သေးဘူး ရီဖန် အကိုကြီးက
သိပ်ပါးနပ်တာ တော်ကြာ စိတ်တိုပြီး
အရင်လိုပြန်ဖြစ်လာမှာ ကြောက်လို့ "

ရီဖန်က သက်ပြင်းခပ်လေးလေး
ချကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်...

"စိတ်ချပါ အကိုကြီးနားမှာ ငါအမြဲ
ရှိနေတော့ ဘာမှမဖြစ်ပါဘူး "

"အေးပါ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်အုံး"

ဆယ်ဟွန်း ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည်

.
.
.
.

"အား...ကျွတ် ကျွတ် "

"အချစ် ဘာဖြစ်လို့လဲ "

ထမင်းမစားခင်ကတည်းက မျက်နှာ
မကောင်းဘူး အခုညည်းသံတောင်ထွက်လာပီ
မို့ ချန်းယောလ် စားရင်းစိုးရိမ်ကြီးစွာ အနား
ပြေးသွားလိုက်သည်...

"ဘာ ဘာမှမဖြစ်ပါဘူး အကိုကြီး"

"မဟုတ်တာ ဘယ်နားကနာလို့လဲ
ခြေထောက်ကလား"

နဖူးပေါ် ချွေးလေးတွေပင်စို့လာ၏....

"ကိုက်နေတာ အကိုကြီး တစစ်စစ်နဲ့ "

မျက်ရည်တွေပင်ဝဲတက်လာတဲ့ အချစ်ကြောင့် ထမင်းစားလက်စကို
ပစ်ထားကာ အချစ်ကို အိမ်ပေါ်ထပ်
ပွေ့ချီခဲ့သည်....

အပြင်မှာမိုးအေးနေတော့ ခြေထောက်က
ကိုက်နေတာထင်တယ်

ကုတင်ပေါ်ငုတ်တုတ်ထိုင်စေပြီး
လိမ်းဆေးယူကာ သေချာနှိပ်နယ်
ပေးလိုက်သည်

"သက်သာလား အချစ်"

"ဟုတ် သက်သာလာပြီ
ဟာ အ အကိုကြီး မလုပ်ပါနဲ့!"

ဆယ်ဟွန်းခြေထောက်ကိုဆွဲမကာ
အာငွေ့ပေးဖို့လုပ်နေတဲ့ အကိုကြီးကြောင့်
အလန့်တကြားရုန်းကန်မိ၏..

Infatuated LOVE [Completed]Where stories live. Discover now