ငိုနေတဲ့ဆယ်ဟွန်းနီးကို ရီရှင်းချော့နေမိ
ချန်းယောလ် ဗီဗ်ီကို ဘာလုပ်လိုက်ပြီလဲ..ဘာအစနမှမတွေ့ရဘူး တနေရာရာများ
လွင့်ပစ်လိုက်ပြီလား..အရင်ရက်တွေကတည်းက ရီရှင်းသတိထား
မိနေတာ ချန်းယောလ် ဗီဗီပေါ်အမြင်မကြည်ဘူးဆိုတာ...."မငိုပါနဲ့ ဟွန်းနီးရဲ့ ပြန်ဝယ်လို့ရတာပဲ"
"ဟင့်အင်း ဗီဗီမှမဟုတ်တာ ဟင့်
ဘယ်လိုလုပ်ရမလဲ အင့်"ထိုအချိန် ချန်းယောလ်ကုမ္ပဏီမှ
ပြန်လာလေသည်..."အချစ်! ဘာလို့ငိုနေတာလဲ ဟမ်!"
"အကိုကြီး ဟင့် ဗီဗီ ....ဗီဗီလေးပျောက်သွား
ပြီ အင့် အကိုကြီး"ချန်းယောလ်မျက်နှာက ထူးဆန်းမသွားပါ
သေချာပြီ ချန်းယောလ် ဗီဗီကိုတစ်ခုခုလုပ်
လိုက်ပြီ...."ဟုတ်လား တစ်နေရာရာမှာ အိပ်နေတာ
နေမှာပါ အချစ်ရဲ့ တိတ် တိတ် မငိုနဲ့တော့
ပြန်လာမှာပါ "ထွေးပွေ့ပြီး နှစ်သိမ့်နေပေမဲ့
ချန်းယောလ်မျက်နှာက ပြုံးယောင်သမ်းနေ၏"ဗီဗီလေး အဟင့်..... ဟီး.....
ဆယ်ဟွန်းကျောလေးကိုပွတ်သပ်ပေးရင်း
"တိတ်ပါ အကိုကြီး ပြန်ဝယ်ပေးမယ်နော် "
ဆယ်ဟွန်းကတော့ အငိုမတိတ်ပါလေ
ရီရှင်းအောက်ထပ်ပြန်ဆင်းလာခဲ့ရတယ်..အဲ့နေ့ကတည်းက ဆယ်ဟွန်းက သိပ်မပြုံး
တော့ပဲအရင်လိုလန်းလန်းဆန်းဆန်း
မရှိတော့ဘူးဒါကိုချန်းယောလ် သတိထားမိတယ်
ဘယ်လောက်ပျော်အောင်လုပ်ပေးပေး
မလန်းလာဘူး......".ရီရှင်း ဒေါက်တာဘာပြောလဲ
အချစ်ရဲ့အခြေနေကို""ခြေထောက်က အခြေနေကောင်းပါတယ်
စိတ်ပိုင်းဆိုင်ရာအားမရဘူးပြောနေတယ်
အစားလည်းပုံမှန်မစားတော့ အားမရှိဘူး ""သူ့ခွေးလေးပျောက်သွားလို့နေမှာ
အချစ်ပျော်အောင် ဘယ်လိုလုပ်ပေး
ရမလဲတောင်မသိဘူး ""ဟုတ်တယ် မဟုတ်ရင် လဲကျတော့မှာ"
"တောက်! "
YOU ARE READING
Infatuated LOVE [Completed]
FanfictionPARK CHANYEOL OOH SEHUN ❗ CHANHUN ❗ (Zawgyi-Unicode)
part-20
Start from the beginning