ကျွန်တော်ချစ်သောကိုကို (25)

En başından başla
                                    

'အေးလေ Zhan Zhanရာ  စာတေကလည်း တတိယနှစ်ရှိသေး များလာလိုက်တာ😤😤'

Xiao Zhanရဲ့စကားကို Zhao Chanကပါ ဝင်ပြီးထောက်ခံပါတော့တယ်

တစ်နေကုန် သင်နေရတဲ့ စာတွေကြောင့် သူတို့ တော်တော် စိတ်ညစ်နေပါပြီ

စာမေးပွဲကလည်း နီးလာပြီလေ

ပြီးတော့ ဒီနေ့ သူတို့ကို လိုက်စမယ့်လူမရှိတော့ သူတို့လည်း ပျင်းနေတာပေါ့

ခါတိုင်းဆို Yi Boတို့အဖွဲ့က သူတို့ကို လာစနေကြ
Hai Kuan Geကဆို Zhao Chan ဒေါသထွက်တဲ့ပုံလေးကို ချစ်လို့ဆိုပြီး အသေလိုက်စလေရဲ့

သူကမခံချင်အောင်စလေ ဟိုက ဒေါခွီးလေ သူကရီလေပဲ
သူသွားစတာကလည်း သူများတွေလိုမဟုတ်

သူသွားစတာက ရိုက်ပေါက်ရယ် Zhao Chanကို
'အပျိုကြီး' ဆိုပြီးသွားစတာလေ

အဲ့တော့ သူ့ကိုယ်သူ straight စစ်စစ်ကြီးပါလို့ ကျွေးကြော်ထားတဲ့ ဟို ဒေါသအိုးက သူ့ကို လိုက်ရိုက်တော့တာလေ

သူတို့သတ်တဲ့အချိန်ဆို Xiao Zhanတို့မှာ ရီရတာအမောပင်

'Xiao Zhan'
'ပြောလေ Yu Bin ဘာပြောမလို့လဲ'

'Yi Bo Geတို့  ဒီနေ့ ဘာလို့မလာကြတာလဲ'
'ငါလည်း အာ့တာ စဉ်းစားနေတာ
ခါတိုင်း နေ့လည်ဆို ပေါ်လာတဲ့ လူတေက ဒီနေ့မှ ပျောက်နေတာလေ'

'ကဲပါ အိမ်ပြန်ကြမယ် မင်းတို့လည်းပြန်တော့လေ
ကိုကို ငါ့ကို စောင့်ချင် စောင့်နေမှာ"

'အေးပါ အာ့တာဆိုလည်း ငါတို့သွားပြီ'

Xiao Zhan  ဟိုနှစ်ယောက်ပြန်သွားတော့ ခါတိုင်း သူ့ကိုကို သူ့ကို စောင့်နေကြနေရာလေးကို ထွက်လာခဲ့တယ်

ဒါပေမယ့် ဟိုရောက်တော့ ရိပေါ်ရှိမနေခဲ့မဆင်းသေးလို့လားလို့ သူတို့အဆောင်ဘက်သွားကြည့်တော့လည်း အကုန်လုံး တစ်ယောက်မှမရှိတော့

ဒါနဲ့သူလည်း အရင်နေရာလေးဆီပဲ ပြန်သွားခဲ့တယ်
သူ့ကိုကို ပြန်လာခေါ်မယ်ဆိုပြီးတော့ပေါ့

ဒါပေမယ့် မိုးတာချုပ်သွားတယ် သူ့ကိုကိုက ပေါ်မလာခဲ့ ဒီအချိန်ကျမှ ကောင်းကင်တစ်ခုလုံး မိုးရွာတော့မယ်ပုံ

ကျွန်တော်ချစ်သောကိုကို(completed)Hikayelerin yaşadığı yer. Şimdi keşfedin