"အဘွားကျွန်တော့်နေရာမှာထိုင်လေကျွန်တော့်မတ်တပ်ရပ်ပြီးစီးလိုက်မယ်"
"ကျေးဇူးပါမြေးရယ်"
"ဟုတ်ကဲ့"
Xiao zhanလည်းကား ပေါ်တက်လာပြီးထိုင်ဖို့နေရာရှာနေတဲ့အဘွားကိုမြင်တာနဲ့သူ့နေရာကိုပေးထိုင်လိုက်သည်။
Xiao zhanမှာတော့yiboနဲ့မျက်နှာချင်းမဆိုင်ခြင်တာကြောင့်ကျောပေးပြီးyiboအရှေ့မှာရပ်လိုက်သည်။
Yiboလက်တစ်ဖက်ကအပေါ်ကတန်းလေးကိုကိုင်ပြီးနောက်တစ်ဖက်ကတော့xiao zhanဘေးနားကတန်းမှာထားထားတာကြောင့်သူ့ပုံစံကxiao zhanယိုင်သွားမှာဆိုးလို့ကာပေးနေတဲ့ပုံဖြစ်နေလေသည်။
"ဘေးလေးနည်းနည်းလောက်""ဟုတ်ကဲ့"
ကားပေါ်တက်လာတဲ့အမကြီးကသူ့အရှေ့နေရာမှာဝင်ယူလိုက်ပြီးသူ့ဘက်ကိုမျက်နှာလှည့်ထားတော့မျက်နှာချင်းဆိုင်ဖြစ်နေတာနဲ့သူလည်းyiboဘက်ကိုမျက်နှာလှည့်လိုက်လေသည်။
*ငါတော့ရူးမှာပဲ၊ဘာလို့ဒီနေ့မှလူတွေကျပ်နေတာလည်း၊ဟိုဘက်ကိုလှည့်ပြန်တော့လည်းအမကြီးနဲ့မျက်နှာချင်းဆိုင်၊ဒီဘက်လှည့်တော့လည်းမမြင်ချင်တဲ့မျက်နှာကြီးကိုမြင်နေရပြန်ကောငါတော့သေမှာပဲ*Xiao zhanကိုယ့်အတွေးနဲ့ကိုယ်မျက်နှာပူနေချိန်သတိလက်လွတ်ဖြစ်နေတာနဲ့ကားအရှိန်အုပ်လိုက်တာနဲ့သူ့ကိုယ်ကိုသူမထိန်းနိုင်ဘဲyiboရင်ခွင်ထဲကိုရောက်သွားသလိုသူ့ရဲ့နှုတ်ခမ်းကလည်းyiboရဲ့လည်ပင်းကိုထိကပ်သွားတာကြောင့်နှစ်ယောက်လုံးမျက်လုံးပြူးသွားလေသည်။
Yiboမှာတော့သူ့လည်ပင်းကိုထိကပ်လာတာကြောင့်ရင်တွေကလည်းအခုန်လွန်ပြီး၊လူကဓာတ်လိုက်သွားသလိုဖြစ်သွားလေသည်။
Xiao zhanလည်းကြောင်အနေပြီးမှyiboရင်ခွင်ထဲကထွက်ကာyiboမျက်နှာကိုမကြည့်ဘဲတောင်ပန်းစကားပြောလိုက်သည်။"ဆော..ဆောရီး ကား..ကားကအ..ရှိန်နဲ့ဆိုတော့ ယိုင်..ယိုင်သွားတယ်"
*စောက်ရေးထဲစကားတွေကလာထစ်နေတယ်*
Xiao zhanတစ်ယောက်စိတ်ထဲကနေကိုယ့်ကိုယ်ကိုကျိန်ဆဲနေလေသည်။"ရတယ်"
Xiao zhanလည်းသူဆင်းရမယ့်မှတ်တိုင်ရောက်ပြီဖြစ်တာကြောင့်လူအုပ်ကိုတိုးပြီးပြေးဆင်းသွားလေသည်။ကားအောက်လည်းရောက်ကောအသက်ကိုဝဝရှုနေချိန်အနောက်ကနေတစ်စုံတစ်ယောက်ကလာတိုက်လာပြီးသူ့ကိုယ်လည်းဖက်ထားသေးတယ်။
Yiboလည်းxiao zhanဆင်းတာနဲ့အမြန်လိုက်ဆင်းပြီးပြေးထွက်မယ့်အချိန်xiao zhanကိုအနောက်ကနေဝင်တိုက်မိသွားတာနဲ့xiao zhanကိုယ်အရှေ့ကိုယိုင်ခံနီးလှမ်းဆွဲလိုက်လေသည်။
أنت تقرأ
BaD BoyS(completed😘)
قصص الهواة#zawgyi ညီမရဲ့ဒုတိယမြောက်ficလေးကိုအားပေးကြပါဦးနော်၊😘 Top 1 ဆိုတဲ့အဖွဲ့နဲ့ king ဆိုတဲ့အဖွဲ့ နှစ်ဖွဲ့ ရှိတယ်။ အဲ့အဖွဲ့ရဲ့ခေါင်းဆောင်တွေကတော့ yibo နဲ့ xiao Zhan ပေါ့သူတို့တွေက ကျောင်းမှာ မတည့်တဲ့သူတွေပဲဖြစ်ပါတယ်။အမြဲတမ်းသတ်နေကြတဲ့သူ တွေပေါ့။ ဒီ fi...