I Can Hear Your Voice - 3(Z,U)

Start from the beginning
                                    

" ဝိုင် ....စိတ်အေးအေးထား....မင်း ဘာအသံတွေကြားနေရတာလဲ....ငါ့ကိုပြော...."

တည်ကြည့်ခမျာ ဝိုင့်ကို စိုးရိမ်လာသည်။အားပျက်သည်မို့ နားတွေအူကာ တတီတီအသံတွေ ဝိုင်ကြားနေရသည်လား။ခေါင်းမီးတောက်ကာ စိုးရိမ်စိတ်တွေ အလုံးအရင်းဝင်လာခဲ့သည်။

" ငါ မသိဘူး.....သူတို့အသံက အရမ်းအေးစက်စက်နဲ့ သနားဖို့ကောင်းလွန်းနေတယ်...အဲ့ဒါက တစ္ဆေတွေ အသံလား.....ဝိဉာဉ်တွေအသံလား အား...ငါမသိတော့ဘူး ...."

တည်ကြည် မျက်မှောင်ကြုတ်မိပြန်သည်။
ဘာကို ဝိဉာဉ်အသံ။ဒါက ဖြစ်နိုင်ချေမရှိဘူးမလား။ဝိုင် စိတ်တွေခြောက်ခြားပြီး ပြောမိပြောရာတွေပြောနေသလား။

သို့သော် ဝိုင့်ပုံစံမှာ ခြောက်ခြားနေသည်နှင့် လားလားမျှမတူ။အတည်ပြောနေသည် ဆိုသော်ငြား ထိုစကားကို တည်ကြည့်မှာ ဘယ်လို ယုံကြည်ရပါ့မလဲ....။တစ္ဆေတွေ၊သရဲတွေ နှင့် ပတ်သက်ပြီး တည်ကြည့်အနေနှင့် ကြားဖူးနေခြင်းတို့ ကြုံကြိုက်ဖူးတာတို့မရှိသည့် အတွက် ထိုဘက်ပိုင်းမှာ လုံးဝမကျွမ်း။နောက် ထိုအကြောင်းအရာတွေနှင့်ပတ်သက်ပြီး တည်ကြည်က နည်းနည်းကြောက်တတ်သည်။မမြင်ရသည့် အရာကို တွေးပြီး ကြိတ်ကြောက်နေသလိုမျိုး။တည်ကြည့်မှာ မီးဖိုခန်းမှ ထွက်ပြီး ကျောင်းမသွားနိုင်တော့ပဲ ဝိုင်ထိုင်နေလေသည့် ရှေ့ခုံမှာ ရင်တက်မအေး ပုံစံနှင့် ဝင်ထိုင်လိုက်ရသည်။

ဝိုင့်ကို အိပ်မွေ့ချသည့် ကိစ္စနှင့် ပတ်သက်ပြီး ဝိုင် ဘာမှမသိလိုက်။ဝိုင့် မိဘတွေက တည်ကြည်ကို ဘာမှပြောပြခြင်းမရှိခဲ့သလို အဲတုန်းက တည်ကြည်လည်း စိတ်နှင့်လူမကပ်သည့် အချိန်မို့ ဘာဆိုဘာမှမသိလိုက်ပေ။

အကယ်၍များ ဝိုင့်ကို အိပ်မွေ့ချခဲ့တာတွေက ဒီအကြောင်းအရာတွေနှင့် သက်ဆိုင်နေခဲ့လျှင်လည်း ဝိုင် အားလုံးသတိပြန်ရနေလောက်ပါပြီ။အခုလိုကြတော့လည်း တည်ကြည်ထင်နေတာတွေ မှားနေသည့်ပုံ။

" မင်းသိပါတယ်....တည်ကြည်ရာ ငါသေမှာက လွဲပြီး ဘာဆိုဘာမှမကြောက်တတ်ဘူးဆိုတာ....အေး ဖြစ်ချင်တော့ အခု ငါက သေရွာက ပြန်လာပြီးသားလူ ဖြစ်နေပြီ...ထပ်သေဖို့ ရာလည်း မကြောက်တော့ဘူးအေး အဲ့ဒီ့လို သေမှာမကြောက်ဘူးဆိုပေမယ့် ငါ အသက်ရှင်နေတဲ့ကာလအတွင်းတော့ ကောင်းကောင်းနေပြီးအသက်ရှူချင်တယ် အခုတော့...ငါ့မှာ ဘယ်ကမှန်းမသိတဲ့ အသံတွေကြောင့် အိပ်မရတာ ညပေါင်းများစွာရှိနေပြီ အဲ့ဒါ သေတာထက် ဆိုးတယ်.....အား....ငါ ကောင်းကောင်းအိပ်ချင်တယ်လေကွာ သူတို့က ငါ့ကို ဘာလို့ အကူအညီ တောင်းနေကြတာလဲ...."

I Can Hear Your Voice (Completed)Where stories live. Discover now