"Yibo မင်းပိုက်ဆံတော့ပါတယ်မလား"
"ပါတယ်လေ ဘာလို့"
"မင်းပိုက်ဆံအိတ်ကသေးသေးလေးပါပိုက်ဆံအများကြီးဘယ်လိုပါမှာလဲHot potကဈေးကြီးတယ် လေပြီးတော့ငါတို့အကုန်လုံးကိုမင်းကဒကာခံတာဆိုတော့.. ပိုက်ဆံမလောက်ရင်မင်းငါတို့အဖွဲ့ ကိုတော့ဒီဆိုင်မှာမပေါင်ခဲ့ဘူးမလားပေါင်ခဲ့ရင်လည်းငါ့အိမ်ကို ရွေးဖို့ဖုန်းလေးတစ်ချက်တော့ဆက်ပေးငါ့ဖုန်းကအိမ်မှာကျန်ခဲ့သလိုငါတို့ရှီမှာလည်းပိုက်ဆံအဲ့လောက်မပါဘူး"
Yiboအတော်လေးကိုရယ်ချင်နေတာကိုထိန်းထားရတယ်။သူ့ဘေးမှာထိုင်နေတဲ့ယုန်ပေါက်လေးကကိုယ်လေးကိုစောင်းပြီးသူ့ဘက်ကိုလှည့်ကာအပေါင်ခံရမှာဆိုးတာကြောင်မျက်နှာငယ်နဲ့လာပြောနေလသာပုံမှာကလေးတွေအပြစ်လုပ်မိပြီးမိဘတွေကိုပြန်တောင်းပန်နေတဲ့ပုံလေးနဲ့အလွန်ပင်ချစ်ဖို့ကောင်းတာကြောင့်yiboလည်းစားပွဲပေါ်လက်တင်ထားပြီးလက်ပေါ်မှာခေါင်းလေးကိုတစ်ဆင့်ပြန်တင်ကာxiao zhanကိုကြည့်နေလေသည်။
"ဟေ့ရောင်ငါပြောတာကြားလားလို့"
Yiboလည်းငေးနေရာကနေသတိပြန်ဝင်လာပြီးပြောလေသည်။
"အော်အေးငါကကဒ်နဲ့ရှင်းမှာငါ့papaကငါသုံးဖို့ထည့်ပေးထားတဲ့ပိုက်ဆံတွေရှိတယ်"
"Wowမိုက်တယ်ငါ့papaကငါ့ကိုပိုက်ဆံအများကြီးပေးမသုံးဘူးငါ့ကိုပေးရင်လည်းတစ်ရက်ထဲနဲ့ကုန်သွားမှာဆိုးလို့လေ ဟီးဟီး"
သွားလေးကိုဖြီးပြကာပြောနေသောယုန်ပေါက်ကိုyiboတကယ်အသည်းတွေယားနေပါပြီနော်။yiboလည်းဟိုကောင်တွေxiao zhanကိုထိုးထားတဲ့နှုတ်ခမ်းနားကိုအကြည့်ရောက်မိတော့သူအမြဲတမ်းဆောင်ထားတဲ့သူ့ဘောင်းဘီအိတ်ကပ်ထဲကပလာစတာသေးသေးလေးကိုထုတ်ပြီးကပ်ပေးဖို့xiao zhanခါးကိုဆွဲယူလိုက်တာကြောင့်အကောင်သေးသေးလေးကအလိုအလျောက်ပါလာလေသည်။xiao zhanလည်းyiboအပြုအမူကြောင့်ကြောင်အနေလေသည်။hai kuanတို့အကုန်လုံးစားဖို့ပြင်ဆင်နေတဲ့လက်တွေကလေထဲမှာရပ်နေပြီးစားဖို့အတွက်ပါးစပ်ကိုဟထားတာကလည်းပြန်မပိတ်နိုင်ဘဲမျက်လုံးတွေကတော့yiboတို့ရှီကိုရောက်နေလေရယ့်။
Xiao zhanမှာတော့သူ့ကိုပလာစတာကပ်ပေးနေတဲ့yiboရဲ့မျက်နှာအနီးကပ်ရယ် အသက်ရှုသံတွေကလည်းသူ့
မျက်နှာကိုလာလာရိုက်နေတာကြောင့်ရင်ဘတ်ထဲကအကောင်ကတော့မဖိတ်ခေါ်ဘဲထခုန်နေလေသည်။
Yiboလည်းကပ်ပေးလို့ပြီးရောxiao zhanကိုစိုက်ကြည့်လေတော့သူ့ကိုမျက်လုံးပြူးပြူးလေးနဲ့ကြည့်နေသည်မှာချစ်ဖို့ကောင်းလွန်း၍သူ့စိတ်ကိုတက်ကြွအောင်လှုံ့ဆော်နေသလိုလိုဖြစ်နေလေသည်။သူလည်းxiao zhanနှုတ်ခမ်းနားကိုအကြည့်ရောက်ပြီးထိကပ်မလိုဖြစ်နေတဲ့အနေအထားကနေအနည်းငယ်အရှေ့တိုးသွားတာကြောင့်xiao zhanလည်းလန့်သွားကာနဂိုကတည်းကပြူးနေတဲ့မျက်လုံးမှာနှစ်ဆလောက်ထပ်ပြူးသွားလေသည်။ ဘေးနားကကောင်မလေးကသူတို့နှစ်ကြောင့်လက်ထဲကတူကအောက်သို့ပြုတ်ကျသွားတဲ့အသံကြားမှဘဲနှစ်ယောက်သားခွမိဘဲချောင်းတစ်ချက်ဟန့်ကာဘာမှမဖြစ်သလိုနဲ့hot potကိုဆက်စားနေလေသည်။
(မသမ ကတော့ဝင်ရှုတ်ပြီ🤣🤣)
YOU ARE READING
BaD BoyS(completed😘)
Fanfiction#zawgyi ညီမရဲ့ဒုတိယမြောက်ficလေးကိုအားပေးကြပါဦးနော်၊😘 Top 1 ဆိုတဲ့အဖွဲ့နဲ့ king ဆိုတဲ့အဖွဲ့ နှစ်ဖွဲ့ ရှိတယ်။ အဲ့အဖွဲ့ရဲ့ခေါင်းဆောင်တွေကတော့ yibo နဲ့ xiao Zhan ပေါ့သူတို့တွေက ကျောင်းမှာ မတည့်တဲ့သူတွေပဲဖြစ်ပါတယ်။အမြဲတမ်းသတ်နေကြတဲ့သူ တွေပေါ့။ ဒီ fi...