SILENT(17)

3.6K 360 23
                                    

(Zawgyi)
Silent-17

ကြီးမားလှတဲ့အဆောက်အဦးကြီးဟာ လူအများအမြင်မှာ ထည်ဝါစွာရပ်တည်နေတယ်။ တချို့ကအားကျတဲ့အကြည့်တွေနဲ့ကြည့်သွားကျသလို၊ တချို့ကျတော့လည်း လေးစားအားကျတဲ့အကြည့်တွေနဲ့ကြည့်သွားကျတယ်၊ တချို့ကျတော့ ဘယ်လို ဖြိုရမလဲဆိုတဲ့အကြည့်တွေနဲ့ပေါ့။

လူတိုင်းကအဆောက်အဦးကြီးရဲ့ အောင်မြင်မှုကိုမြင်ကြတယ်။ ထည်ဝါမှုကိုမြင်ကြတယ်။ ရက်စက်မှုကိုလည်းတွေ့ကြတယ်။ဒါပေမယ့် အတွင်းပိုင်းက ဘယ်လိုဒုက္ခရောက်နေလဲသူတို့မသိကြဘူး။
မမြင်ကြသလို ၊ဂရုလည်းမစိုက်ကြဘူး၊ စိတ်လည်းမဝင်စားဘူး။

အခုသူ့ဘဝလည်းအဲ့လိုဖြစ်နေတာဘဲ ၊
hk...ငါတို့ကဘဝတူတွေဘဲ၊

JeonJungkook ဆိုတာလူတိုင်းကအားကျလေးစားရတဲ့လူတစ်ယောက် ၊ အသက်အငယ်ဆုံးနဲ့ ကမ္ဘာ့အချမ်းသာဆုံးလူသား၊ အအောင်မြင်ဆုံးလူသားတစ်ယောက်သူဖြစ်နေပေမယ့် သူ့ဘဝကြီးဟာ စိတ်ကုန်စရာပင်။

သူ့အနားမှာရှိသမျှဟာအတုအယောင်တွေနဲ့ရန်သူတွေ ။ သူအအောင်မြင်ဆုံးဂုဏ်ပုဒ်လဲမလိုချင်ပါ၊ ပိုက်ဆံတွေလည်းသူမလိုချင်ပါ ၊ သူလိုချင်သည်က တစ်ခုတည်းပင်။

သူ့ဘဝ ရဲ့အသက်အသည်း သဲငယ် ပင်။

လွမ်းသည်၊ချစ်သည်၊ ဝမ်းနည်းသည်၊ နောင်တရသည်။

ဒါတွေကသူသဲငယ်နဲ့ဝေးပြီးနောက်ပိုင်း ခံစားနေရသည်များ၊ ယခုဆိုလျှင်ရောဂါနီးပါးပင်ဖြစ်နေလေပြီ။

သဲငယ်နဲ့ဝေးရခြင်းအကျိုးဆက်ကတော့ အိပ်မပျော်ခြင်းရောဂါပင် စွဲကပ်နေလေသည်၊

အိပ်ပျော်သွားတိုင်း အိမ်မက်တိုင်းမှာ ချစ်ရတဲ့ငယ်က သူ့အားထားသွားသည်မို့ ၊အိပ်ချိန်တိုင်းကိုဂျောင်ဂု မုန်းပါသည်။

သူ့အားငယ်ထားသွားခဲ့အချိန် ဖြစ်တဲ့ညအား သူအလွန်နာကျည်းမိပါသည်။

"နှစ်နှစ်ရှိပြီငယ်၊ ဘယ်အချိန်ထိကိုယ့်ကိုအပြစ်ပေးဖို့စီစဉ်ထားတာလဲသဲငယ်..."

မှန်ပြတင်းပေါက် မှတဆင့်မြင်နေရတဲ့ မိုးပေါက်တွေနဲ့ ကြားရတဲ့အသံတစ်ချို့ကြောင့်မိုးရွာနေပြီမှန်းသိလိုက်သည်။ မိုးစက်တွေကိုကြည့်ပြီးသူစိုးရိမ်နေမိသည်၊ ငယ်ကြောက်နေရင်ဘယ်လိုလုပ်မလဲ။

SilentWhere stories live. Discover now