SILENT (5)

3.1K 288 18
                                    

(Zawgyi)
Silent -5

မောင်​ နဲ့ ထယ်​ ခင်​လာသည်​မှာ တစ်​ပတ်​ပင်​ရှိ​လေပြီ။ တဖြည်းဖြည်းနှင့်​​မောင့်​ အ​ကြောင်းလည်းသိလာရသည်​၊ ​မောင်​သည်​ဘာကို အ​လေးအနက်​မထားသည့်​လူမျိုးပင်​၊ ထယ်​​ယောင်း​မောင့်​ကို ​မေ့ဖို့လုပ်​​ပေမယ့်
မောင်​သည်​ ထယ်​​ယောင်းအား အလွန်​ဂရုစိုက်​​ပေးသည်​။ ထို့​ကြောင့်​ ထယ်​​ယောင်း​မေ့ဖို့ မလွယ်​​တော့၊ သို့​သော်​ ​မောင့်​​ကြောင့်​ ထယ်​​ယောင်း ဂျီဟွန်းကို သတိ​တော့မရ​တော့​ချေ။ ဒါ​ကြောင့်​ ထယ်​​ယောင်း ​မောင့်​ကို ​ကျေးဇူးလည်းတင်​သလို ချစ်​လည်းချစ်​ရသည်​၊ ​မောင့်​ဘက်​က​တော့ သူ့အား ဖြူဖြူစင်​စင်​ ဂရုစိုက်​ခြင်ြး​ဖစ်​​ပေမယ့်​ သူဘက်​က မဟုတ်​​ချေ။ ​မောင်​ကပိုဂရုစိုက်​​လေ သူ့ဘက်​ကပိုတွယ်​တာမိ​လေ။ ​မောင် နှင့်​ ​နေ့တိုင်း ​ ​နေ့လယ်​စာအတူတူစားဖြစ်​ကြသည်​၊ ထယ်​​ယောင်းအား အလွန်​ဂရုစိုက်​​ပေးသည်မှာ ​မောင့်​သူငယ်​ချင်း​တွေပင်​ မျက်​​စောင်းထိုးကြသည်​အထိ၊ ​ည​နေတိုင်းလည်း ထယ်​ယောင်းအလုပ်လုပ်​ သော cafeသို့လာ၍ တတ်​သည်​၊ jin hyung ကသ​ဘော​ကောင်းတာ​ကြောင့်​ လူပါးရင်​ စကားများလည်း​ပြောဖြစ်​ကြသည်​၊ ပြီးရင်​ ​မောင်​ကအိမ်​ပြန်​ပါလိုက်​ပို့​ပေးတတ်​သည်​။

"Jeon...ဘာလို့ ရည်းစား​တွေတစ်​​ယောက်​ပြီးတစ်​​ယောက်​ထား​နေတာလဲဟင်​?"

ထယ်​​ယောင်း​ရှေ့၌ game ​ဆော့​နေ​သော jeonအား​မေးမိသည်​။
Jeon...ဟုတ်​ပါသည်​။ထယ်​​ယောင်း​မောင်​နဲ့ခင်​​တော့ သူက ထယ့်​အား အများနဲ့မတူ​သောနာမည်​​ခေါ်ချင်​သည်​ဟုဆိုကာ သည်းငယ်​ ဟု​ခေါ်သည်​။ အ​ကြောင်းပြချက်​မှာ ထယ်​က အလွန်​ချစ်​ဖို့​ကောင်းလို့ဟု​ပြောသည်​။ ဖြူဖြူစင်စင်​ ညီ​လေးတစ်​​ယောက်​လိုမှန်း ထယ်​ရိပ်​မိပါသည်​။ ထယ်​လည်း​ခေါ်ခွင့်​ပြု ခဲ့သည်​။ ထယ်​​ယောင်းအားလည်း တစ်​ဦးတည်းပိုင်​ နာမည်​ အား​ခေါ်ခွင့်​ပြု​သော​ကြောင့်​ jeonဟူ​သောနာမည်​အား​ရွေးခဲ့သည်​။

"ရုတ်​တရက်​ကြီးဘာလို့သိချင်​​နေရတာလဲ သည်းငယ်​ရဲ့"

"ဒီလိုဘဲ၊ ထယ်​စဉ်းစားမရလို့၊ jeon ဘာလို့အဲ့လို ​ကောင်​မ​လေးတစ်​​ယောက်​ပြီးတစ်​​ယောက်​တွဲ​နေတာလဲဆို​တာကို"

SilentWhere stories live. Discover now