(Zawgyi)
Silent -10
မောင်က ဒီတစ်လလုံးထယ်ယောင်းဘေးမှလုံးဝမခွာပါ ၊အရင်မောင်လိုမျိုး၊ ဘေးကနေတွယ်ကပ်နေပြီး အရာရာဂရုစိုက်ပေးနေတတ်သည်၊ ဒီကြားထဲမမှီလိုက်တဲ့စာတွေကို မောင်ကအနီးကပ်ခေါ်ပြသည်၊ စိတ်ရှည်လက်ရှည်နဲ့ သင်ပေးလေသည်၊
ထိုညကအကြောင်းကတော့ဘာမှမပြောဖြစ်ကြ၊မောင်ကလည်းရှင်းပြဖို့မကြိုးစားသလို သူကလည်းမေးဖို့မကြိုးစားမိ၊
ဒီအတိုင်းလေး ဒီအခြေအနေအတိုင်းလေးဘဲ အမြဲဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲလို့မျှော်လင့်နေမိသည်၊
တစ်ချိန်ကြရင်မောင်က ပြန်ပြောင်းလဲနိုင်တယ် ဆိုတာသိပေမယ့် အဲ့အဆုံးမှာ ထယ်ယောင်းချစ်ရတဲ့မောင်အဖြစ် ထပ်ပေါ်လာနိုင်သေးတာဘဲလေ၊
ဘယ်လိုပြောရမလဲ၊ မုန်တိုင်းပြီးတိုင်း လေပြည်လာတာမျိုးလား၊
အဲ့လေပြည်လေးကိုသေလောက်အောင်နှစ်သက်တာမို့ အဲ့လေပြည်လေးကိုလိုချင်ရင်မုန်တိုင်းကိုလည်းခံနိုင်ရမယ်မဟုတ်လား၊
ကြားထဲက အနှောင့်အယှက် အခိုက်အတန့်လေးကိုတော့ ခံနိုင်ရည်ရှိရမှာပေါ့...
အခုလည်းကျောင်းပိတ်ရက်မို့ ထယ်ယောင်းကို မောင်ကသူ့companyခေါ်ကာစာကြည့်ခိုင်းနေသည်၊ ဒါပထမဆုံးအကြိမ်မဟုတ်ပါ၊ဒီအတောအတွင်းမောင်က ပိတ်ရက်တိုင်းသူ့အိမ် (ဒါမှမဟုတ်)companyသို့ခေါ်ကာ စာပြပေးသည်၊ မပြ၍လည်းမရ ထယ်ယောင်းလွှတ်သွားတာတွေကနည်းနည်းနှောနှောမဟုတ် ၊ စာမေးပွဲကလည်းနီးနေပြီဆိုတော့ မောင်ကအရမ်း train ပေးနေတာပင်။
ထယ်ယောင်းအခုဘာလုပ်နေလဲဆိုရင် စာအုပ်ရှေ့ချပြီး ရှေ့မှာအလုပ်လုပ်နေတဲ့ ချစ်ရသူကို အသေးစိတ်လိုက်ငမ်းအဲ့လေ လိုက်ကြည့်နေသည်၊
ချစ်ရသူရဲ့ အာရုံစိုက်မှုကြောင့် ကျုံ့ထားတဲ့မျက်ခုံးလေးတွေ၊
မျက်မှန်အောက်က ကြည်လင်ပြီးတောက်ပနေတဲ့မျက်ဝန်းအစုံ၊ လုံးနေတဲ့နှာခေါင်းလေးနဲ့ဖြောင့်စဉ်းနေတဲ့နှာတံသွယ်၊ ပါးပေါ်ကအမာရွတ်ကလေးကအဆုံး ခမ်းနားနေလေသည်၊
YOU ARE READING
Silent
FanfictionSilentဆိုကတည်းကငါသိခဲ့ရမှာ။ မင်းအတွက်ငါကချွင်းချက်ဖြစ်လာမယ်ထင်ခဲ့တာ။ ငါ့ကိုတော့အချစ်စစ်ဘဲပေးခဲ့တယ်လို့ထင်ခဲ့မိတာ။ Storyတွေထဲကလိုဇာတ်သိမ်းမှာတော့ငါ့ဆီပြန်လာမယ်ထင်ခဲ့ပေမယ့်........ ငါမေ့သွားတဲ့အချက်က........ မင်းက မင်းသားမဟု...