SILENT (7)

2.9K 279 29
                                    

(Zawgyi)
Silent -7

ထယ်​​ယောင်း ​မောင်​နဲ့​တွေ့ပြီး​တော့ အိမ်​ပြန်​​ရောက်​တဲ့အထိကို မျက်​နှာထက်​ မှာအပြုံးတို့ကပ်​တွယ်​​နေတာမို့ ​မေ​မေက ​တောင်​​မေးယူရသည်​အထိ။ ဒီအတိုင်း​ပျော်​စရာကိစ္စ​လေးရှိလို့ဟု ​မေ​မေ့အား ပြောပြီး အိပ်​ခန်းထဲသို့ ၀င်​လာခဲ့သည်​။

Mrs.Kimမှာလည်း မနက်​က အ​စောကြီးထွက်​သွား​ပြီး ညကျ​တော့မိုးချူပ်​မှပြန်​လာ၍ ပြုံးစိစိနဲ့ ဖြစ်​​နေ​သော သားအား​မေးစရာများရှိ​ပေမယ့်​ မ​မေးဖြစ်​ခဲ့ပါ။ ည​နေ​လောက်​က ဂျီမင်​​လေးက ထယ်​​ယောင်း​လေး အားသတင်းလာ​မေးသည်​ဟုဆိုကာ​ရောက်​ချလာခဲ့သည်​၊ ဒီက​လေး​ကျောင်းမသွားဘူးလား ဟု​မေး​တော့ ဂျီမင်​​လေးက ထယ်​​ယောင်း​နေမ​ကောင်း၍​စော​စောပြန်​သွား​ကြောင်း ​ပြောပြ၍ စိုးရိမ်​သွားရ​သော်​လည်း၊ ​ရုံးမှအိမ်​သို့ပြန်​​ရောက်​​ကတည်းက ​ယောင်းငယ်​​လေးအားမ​တွေ့​မိ​တော့ အံ့သြရပြန်​သည်​။ ​နေမ​ကောင်းဘူး​ပြော၍ အပြင်​ထွက်​​နေ​သော သား တွင်​ တစ်​ခုခုရှိ​နေပြီကိုခန့်​မှန်းမိပါသည်​။

"​မေ​မေ့သား​လေး ရည်းစားများရ​နေပြီလား က​လေးရယ်​..."

"​မေ​မေ​မျှော်​လင့်​ထားသလို သားချစ်​သူဟာ မိန်းက​လေးဖြစ်​ပါ​စေလို့ဘဲ ၊ ​မေ​မေ ​မျှော်​လင့်​မိတယ်​ ​ယောင်းငယ်​..."

"​မေ​မေ့ဆု​တောင်း​တွေပြည့်​မှာပါ​နော်​၊​ယောင်းငယ်​​လေး..."

အိမ်​​ပေါ်သို့တက်​သွားဖြစ်​တဲ့သား​လေးအားကြည့်​ကာရည်​ရွတ်​မိသည်​။

သို့​သော်​...သူမ၏ဆု​တောင်းများဟာ မပြည့်​မှန်း သူမ သိခဲ့လျှင်​...
သူမ ယခုအ​ခြေအ​နေအား တားမြစ်​မိမှာမလွှဲမ​သွေပင်​...

🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘

ထယ်​​ယောင်း ​မောင်​နှင့်​တွဲ​နေသည်​မှာ သုံးလ​လောက်​ပင်​ရှိ​တော့မည်​။
မောင်​နှင့်​တွဲ​နေသည်​ကို ဂျီမင်​နီးကို သူပြန်​မ​ပြောရဲ...
မောင်​၏နှုတ်​ခမ်းမှထွက်​​သော စကားလုံးတိုင်းဟာသူ့အတွက်​အမိန့်​ပင်​၊

SilentWhere stories live. Discover now