"ကိုသုတ ကိုသုတ အဆင်ပြေရဲ့လား"

ပခုံးလေးကို ဖွဖွပုတ်ကာ သူထပ်ခေါ်တော့မှ နှိုင်း ပစ္စုပ္ပန် သို့ ပြန်လည်ရောက်ရှိလာပြီး ရှက်သွေးဖြာနေရ၏။

"တောင်းပန်ပါတယ် ငါ ..ရုတ်တရက် ဆိုတော့.. "

"ရပါတယ် လည်ပင်းကသက်သာလား"

နှိုင်းက သူ့လည်ပင်းသူ ပြန်ကိုင်ကြည့်ပြီး ခဏတဖြုတ် တွေဝေသလိုလေးဖြစ်သွားလျက် ခေါင်းညိမ့်ပြလာ၏။

"အင်..သက်သာပါတယ်။ ငါဆေးရုံကဆင်လို့ရမလား..ဒီမှာ မနေချင်ဘူး"

"ရလောက်မယ်ထင်တယ်.. ကျွန်တော်သွားမေးပေးမယ်"

ခေါင်လေးသည် ခပ်မြန်မြန်ပင် နှိုင်းအနားမှ ထွက်လာခဲ့လိုက်၏။ သူလည်း ဆေးရုံမှာ မနေချင်ပေ။ အစိမ်းသေများစုပြုံ
နေသော ဤနေရာသည် ဝိညာဉ်​ သရဲတွေ ပေါများလွန်းသဖြင့် သူကြောက်ပါ၏။

နှိုင်းသည် ခေါင်လေးထွက်သွားတော့မှ စောင်ထဲသို့ခေါင်းနှစ်ကာ အရှက်ကြီးရှက်နေမိတော့သည်။ တကယ်ဆိုသူဟာ သစ်ရွက်လေးလှုပ်တိုင်းရင်ခုန်တတ်သည့်
အရွယ်လည်း မဟုတ်တော့ပါဘူးလေ။

ဘုန်းထွဋ်ခေါင်လျှံ ဆရာဝန်နဲ့တွေ့ပြီး သူ့အနားပြန်လာ သည်ကို မြင်ရသည်နှင့် နှိုင်းသည် ရုပ်လေးကို တတ်နိုင်
သမျှတည်လိုက်၏။ ဟင့်အင့် ငါကြိုက်နေတာ မင်းသိလို့မဖြစ်ဘူး။ မင်းက ငါခူးဆွတ်ခွင့်မရှိတဲ့ အဝေးရောက်ကြယ်လေးတစ်ပွင့်။ ငေးကြည့်ရုံကလွဲပြီး ဆုပ်ကိုင်ခွင့်
မရှိတဲ့အရာ။

"ဆရာဝန်နဲ့တော့မတွေ့ခဲ့ဘူး Nurseတွေနဲ့ပဲတွေ့တယ်၊ ဒဏ်ရာထွေထွေထူးထူး မရှိတော့ ပြန်ချင်ပြန်လို့ရပြီတဲ့"

"ဟုတ်လား ဒါဆိုပြန်မယ်လေ "

"အပြင်မှာ မိုးတောင်မလင်းသေးဘူး"

"ရတယ် ပြန်မယ်"

အတင်းဇွတ်ပြန်ချင်နေသော နှိုင်းကို ခေါင်လေးကစိတ်မသက်သာစွာ သက်ပြင်းလေးချလို့ ကုတင်မှထဖို့ တွဲကူပေးလိုက်ပါသည်။

"ရတယ် ငါ့ဟာငါ ထနိုင်တယ်"

တွဲပေးဖို့ ကိုင်ထားမိတဲ့လက်ဟာ လေထဲမှာတန်လန်း ဖြစ်သွားလျက် ခေါင်လေးသည်  နှိုင်းမျက်နှာလေးက်ို ကြည့်ကာ တုန့်ဆိုင်းသွားရ၏။ ထို့နောက် သူ့လက်တွေ
ပြန်လွှတ်ပေလိုက်ပြီး ဒီတိုင်း ရပ်ကြည့်နေလိုက်ပါသည်။

Black Memory(U+Z)(Completed )Dove le storie prendono vita. Scoprilo ora