final(1)

2.2K 88 2
                                    

အသက်တွေက ဆယ်ကျော်သက်တွေ
ကို ကျော်လွန်ပြီး နှစ်ဆယ့် သုံးနှစ်ဆိုတယ့်
အရွယ်ကို ရောက်ရှိလာချိန် မှာ အားလုံးဟာ
ကိုယ့်လက်တွဲဖော်နဲ့ အတူတကွပေါ့။

ထည်မိုင်းနဲ့ သွန်းအုပ်အကြောင်း ကို မိဘတွေဟာ
မကန့်ကွက်တော့ပေမယ့် အနည်းငယ်တော့
မျက်နှာပူကြတုန်းပါဘဲ

သူတို့ နှစ်ဦး ရဲ့ ပျော်စရာတွေကြီးဘဲ ဖန်တီးထားလို့
ပျော်စရာအတိလို့တော့ မမြင်စေချင်ပါ
ယောကျာ်းနှစ်ယောက် ချစ်ကြတာဟာ ဘယ်လာက်ဘဲ ပွင့်လင်းတယ့် နိုင်ငံ ဖြစ်နေပါစေအုံး အနည်းနဲ့
အများတော့ အထင်သေး အကြည့်ဆိုတာကို လက်ခနေကြရတုန်း။

ထိုသို့ အကြည့်ခံရတိုင်း အမြဲ ကာကွယ်ပေးတတ်တယ့်
ခပ်စွာစွာ သူငယ်ချင်းလေးက လည်း အခုချိန်ထိ လည်း
ကာကွယ်ပေးဆဲပါ ထူးခြားတာ တစ်ခုက
ဥက္ကာဆိုတယ့် လူတစ်ယောက်ပိုလာတာပါ
အတိတ်မှာ ဘယ်လာက်ဘဲ လှိုင်ပန်း တစ်ယောက်
အချစ်ကြောင့် ငိုကြွေးနေရပါစေ
သူ့အချစ်ဟာ စစ်မှန်ခဲ့တာလား ဖူးစာ ကြောင့်လား
မြားနတ်မောင်ကြောင့်လား ဆိုတာ
အတိအကျမသိပေမယ့် အခုချိန်မှာတော့
သူ့ကို ဖူးဖူး မှုတ် ထားမတတ်
ချစ်တတ်တယ်ချစ်သူကောင်လေးကို ရရှိထားတော့
သူဟာ အရင်ထက်ပိုဆိုးလာတာပေါ့။

ကျွန်တော်နဲ့ ထည်မိုင်းလား အဆင်ပြေပါတယ်
သူငယ်ချင်း ကနေ ချစ်သူဖြစ်လာတာကြောင့်
တစ်ယောက်အကြောင်း တစ်ယောက်သိပြီး
အရာအားလုံးကို ပွင့်လင်းစွာ ပြောဆို
ဆက်ဆံကြတယ်။

အမြဲ တမ်းတော့ ချစ်မနေကြသလို
ရန်လည်း တစ်ခါတစ်လေ တော့ ဖြစ်ပေးကြတာပေါ့။
ရန်ဆိုတာကလည်း ကျွန်တော့်ဘက်က စတင်တာ
များပါတယ်။

"သွန်းအုပ်..... ဘာဖြစ်နေတာလဲ "

"မင်း အပြစ် မင်းသိသင့်တယ်လေ"

"ငါ့..အပြစ် "

"အခုမှရူးချင်ယောင်ဆောင်နေတယ်... မေ့နေမှ တော့
ပြောပြရမှာပေါ့... မင်းကောင်မလေးတစ်ယောက်
နဲ့ အကြည့်ချင်း ဖလှယ်ပြီးကြည်နူးနေတာလေ
ငါနဲ့တောင် မိတ်မဆက်ပေးနိုင်တယ့်အထိ ငါတို့
ဆက်ဆံရေးကို လျှိ့ဝှက်ထားနိုင်တယ့်အထိ..."

ငါတို့အတွဲ(Zawgyi+Uni)Where stories live. Discover now