အပိုင်း(၁)

4.2K 159 2
                                    

Zawgyi

"အား......အား.....အား....."

မကြာခင်မှာ သူတို့ရဲ့ ရင်သွေးလေးကိုမွေးဖွားပေးမယ့်
မိခင်လောင်းတွေဖြစ်သလို
သူတို့၃ယောက်၏အချစ်ဆုံး မိန်းမ ၃ဦးအော်သံဟာ
သူတို့ရဲ့ ရင်ထဲကလီစာထဲအထိ
သွေးပျက်မတတ်လန့်နေကြသည်အထိပါ။

မိခင်လောင်းတွေဟာ မွေးခန်းထဲ ရောက်တာတောင်
ဖခင်၃ဦးမှာ ခြေမကိုင်မိလက်မကိုင်မိ
ဘုရားစာရွတ်တော့လည်း အမြီး အပေါက်မတည့်
အဘိုးအဘွားဖြစ်မယ့် သူတွေမှာ သူတို့ကိုယ်စီရဲ့
သားတွေကို ကြည့်ပြီး ရယ်ရခက် ငိုရခက်နဲ့။

"ဒေါ်မိုင်း ရဲ့ လူနာရှင်ရှိလား "ဆိုပြီးထွက်လာတယ့်
နာစ့်မလေး အသံက ဦးထည်ဝင့် ရဲ့
ရင်ထဲ တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်သလို
တုန်နေမိသည်မှာ အမှန်ပင်။

"ဟုတ်ကဲ့  ကျွန်တော်ပါ "

"သားလေး မွေးပါတယ် ကလေးရော မိခင်ရော
ကျန်းမာပါတယ်"

"ဟုတ်ကဲ့ ကျေးဇူး.....ဆရာမလေး ကျွန်တော်တို့အမျိုး သမီးတွေကော မွေးပြီးလား "

"ခနလေးစောင့်ပေးပါနော် ဒေါ်မိုင်း ကိုတော့
လူနာခန်းထဲမှာ စောင့်နေပေးပါနော်"

"ဟုတ်ကဲ့ ပါ ငါသားလေးမွေးတယ်ကွ....
ပျော်လိုက်တာကွာ
မင်းတို့လည်း အဆင်ပြေမှာပါကွာ
သိပ်စိတ်မပူပါနဲ့ ငါအခန်းထဲမှာစောင့်နေမယ်"

သိပ်မကြာပါဘူး ကျွန်တော့်ဇနီးအပြင်
အုပ်ခန့်နဲ့ သွန်းစံတို့
ပါဝင်လာတယ်။ဒါပေမဲ့ လှိုင်မော်ဦးနဲ့ ပန်းခက်ကကော။

"မင်းကောဘာလေးမွေးလဲ အုပ်ခန့်"

"အေး အေး...သားလေးကွဒါနဲ့ ပန်းခက်က
မွေးရခက်နေတယ်တယ့်
ဟိုကောင် လှိုင်မော်ဦးကလည်း ဖင်မီးတောက်သလို
ရင်ပူပြီး ငိုနေတယ်ကွ ငါအခု ကလေးလာပြန်ကြည့်
ပြီး သွားပြန်ကြည့်ရမှာ"

"အေးဟုတ်လား အဲ့ကောင် လှိုင်မော်ဦးက ဝမ်းနည်းလွယ်တယ်ကွ ပန်းခက်ကစိတ်မာပေမယ့်
ငါလည်းလိုက်မယ် ခနစောင့်"

ကျွန်တော်တို့ရောက်တော့ မွေးခန်းရှေ့မှာ
အမေဖြစ်သူကို ဖက်ပြီးငိုနေတယ့်
အသည်းနုတယ့် လှိုင်မော်ဦး။
ပန်းခက် ဘာများဖြစ်လို့လဲ ကျွန်တော်တို့၂ဦးမှာလည်း
အသည်းအသန်ပြေးလွှားမေးရတောတယ့်အထိ။

ငါတို့အတွဲ(Zawgyi+Uni)Where stories live. Discover now