အပိုင်း(၂)

2.8K 144 6
                                    

(Zawgyi)

အများကသတ်မှတ်ကြတယ့် မျောက်လောင်း သုံးယောက်ဟာ
ယနေ့မှာတော့ အထက်တန်း(၈တန်း)
ကျောင်းသားတွေအဖြစ် ရာထူးတိုးသွားပါပြီ။
ဘာလို့ မျောက်နဲ့ခိုင်းနှိုင်းရခြင်းလဲဆိုရင်
သုံးယောက်ဟာ မျောက်တွေလိုဘဲ
အရမ်းစပ်စပ်ဆော့ဆော့ နေကြလို့ပါ။

ဘယ်လိုမျိုးတွေ ဆော့ခြင်းလဲဆိုရင်
အနောက်ခြံထဲမှာ ဆော့ဖို့ထားထားတယ့်
လျှော စီးရင်း သုံးယောက်သား
လုယက်တတ်ရင်း အချင်းချင်းတွန်းမိပြီး ခြေထောက် ကျောက်ပတ်တီး
အကူအညီယူရတာကတစ်ခါ။

ဒုတိယတစ်ခါကတော့ ခြံထဲက မာလကာပင်ပေါ်
သုံးယောက်သား တတ်ပြီး
မာလကာသီး ခူးစားရင်း
သစ်ကိုင်းတစ်ခုတည်းက အသီးကို
စားချင်ကြလို့
သုံးယောက်အတူတကွ နင်းမိလို့
ကိုင်း ကျိုးပြီး လက်ပါ အတူတူ ကျိုးတယ့်
မျောက်လောင်းတွေ။

ဒါတွေဟာ အနာတရ ဖြစ်လို့ အကျယ်တဝံ့ ပြောပြနေပေမယ့်
အကျယ့်တဝင့် မပြောပြဖြစ်တယ့်
အသေးအမွှားလေး တွေဟာလည်း
ဒုနဲ့ဒေးပါ။
အရမ်းမွှေတယ့် သုံးယောက်ပါ။
အများကမေးကြမယ် ဘာလို့ မျောက် သုံးကောင်လဲ
ဟုတ်ကဲ့ လှိုင်ပန်းခက်ဆိုတယ့်
မိန်းကလေးဟာလည်း အထီးလား အမ လားခွဲမရအောင်
သူငယ်ချင်းယောကျာ်းလေးနှစ်ယောက်နဲ့ အပြိုင်
ကမြင်းကြောထနိုင်ခြင်းကြောင့်ပါ။

အခုတော့ သူတို့သုံးယောက်ဟာ
အရွယ်ရောက်လာတာ တွေ
ပြောခဲ့တယ့် အဖြစ်အပျက်တွေဟာ
မနေ့တနေ့ကလို ပါဘဲ။
အခုဆိုရင်တော့ လူပျိုဖော်၊အပျိုဖော်
ဝင်လာတော့ သုံးယောက်သား
ငြိမ်သက်ကြမယ်ထင်ပါတယ်။

"ထည်ဝင့်မိုင်း...သားမပြီးသေးဘူးလား
အောက်မှာ ပန်းလေးနဲ့ သွန်းလေး ရောက်နေပြီ"

"လာပြီ အမေ "

"မားမိုင်း ကလည်း သားကို သွန်းလေး လို့
မခေါ်ပါနဲ့ဆို... "

"ဆူပုတ်မနေစမ်းပါနဲ့ သွန်းအုပ်ရာ
အရပ်က ကလန်ကုလားနဲ့ ချစ်ဖို့လည်း
မကောင်းဘဲ အနည်းဆုံး ထည်မိုင်း
ဆူပုတ်ရင်တောင် ချစ်ဖို့ကောင်းအုံးမယ်"

"အမယ်လေး ဟုတ်ပါပြီ သွန်းလေး ရယ် မားမိုင်း
နောက်ဆို သွန်းလေးကို
သွန်းလေး လို့လုံးဝ သွန်းလေး လို့ မခေါ်ဘူး"

ငါတို့အတွဲ(Zawgyi+Uni)Where stories live. Discover now