အပိုင်း(၅)

2K 93 4
                                    

(Zawgyi)

ယေး ပျော်လိုက်တာ ဒီနေ့ University ဆိုတယ့်
တက္ကသိုလ်ကြီးကို စတတ်ရတော့မယ်
အစ်မကြီးတွေ အစ်ကိုကြီး တွေ ပြောသလို
ဘဲ တက္ကသိုလ်ရောက်ရင် စာကျက်စရာမလိုဘူး
ဆိုတာ တကယ်လား မသိဘူး။

"မားပန်းရေ မားပန်းဗျို့ ပါး လှိုင်ဦးရေ"

"သြော် သားတို့ပါလား ပါးတို့က အိမ်နောက်ခြံထဲမှာ
မို့ မကြားလိုက်တာ သမီးလေး လှိုင်ပန်းကတော့
မနိုးသေးဘူးနဲ့ တူတယ်။"

"ဗျာ...."

တကယ်ကြီးကို နှစ်ယောက်သား ခေါင်းနှပန်းကြီးသွားကြသည် ဘယ့်နှယ့် အခုဘဲ နာရီလက်တံက ရှစ်နာရီကို
ညွန်ပြနေပြီ သူက မနိုးသေးဘူး ကိုးနာရီ
အရောက်သွားပါမယ်ဆို။
မြန်မာနိုင်ငံရဲ့ ထုံးစံတိုင်း မီးပွိုင့် တွေမိဦးမှာနဲ့ကို
ဒါတောင် ဒင်းက စည်းစိမ် ခံစားလို့ကောင်းတုန်း။

"မားတို့ကလည်း ဒီနေ့ ကျောင်းစတတ်ရမှာလေ"

"အဲ ဟုတ်သားဘဲ မားတို့လည်း နောက်က ခြံထဲမှာ ရှင်းစရာရှိတာတွေ ရှင်းနေလို့ ကဲ ကိုယ့်သူငယ်ချင်း
ကို တတ်ခေါ်ကြတော့ ဒါနဲ့ သားတို့ ထမင်းချိုင့်ယူကြလား
မားပန်း သမီးကို ထည့်ပေးရအောင်"

"အလှည့်ကျစီထည့်မယ်လို့ ဆုံးဖြတ်ထားကြပြီးသား
မား ရ ဒီနေ့ ထည်မိုင်း ထည့်ရင် နောက်နေ့ ကျွန်တော်
ကျွန်တော်ပြီးရင် လှိုင်ပန်း အဲ့လို"

"သွန်းလေးတို့ကတော့ စံဘဲအေ ကဲ ထည်မိုင်းထည့်တော့ကော ဝကြမတဲ့လား "

"မားကလည်း ဟင်းတွေဘဲ ထည့်ခိုင်းတာ ကန်တင်းမှာ
စားကြမှာ"

"ကဲ မောင်မင်းကြီးသားတို့အဆင်ပြေရင်ပြီးတာဘဲ
ကဲနောက်ကျမယ် တတ်ခေါ်ကြအုံး ရှင်လေးတို့
သူငယ်ချင်းက နတ်သား တစ်ဖက်ငါးရာနဲ့များ
အိမ်မက်ထဲမှာ ပျော်မြူးနေလားမသိဘူး"

"မား ကတော့ ပြောပြီ တတ်ခေါ်လိုက်အုံးမယ်"

"ဆွမ်းအုပ် တံခါး အရင်ခေါက် ဘာဘဲဖစ်ဖြစ်သူက
ငါတို့ ငယ်သူငယ်ချင်းဆိုပေမယ့် အခုကျတော့
အရွယ်ရောက်နေတယ့် မိန်းကလေး လေ "

ငါတို့အတွဲ(Zawgyi+Uni)Место, где живут истории. Откройте их для себя