အပိုင်း(၃)

2.4K 123 7
                                    

(Zawgyi)

ဒီကနေ့ဟာ မျောက်လောင်းသုံးယောက်ရဲ့
ဘဝတစ်ဆစ်ချိုးဖြစ်တယ့်
ဆယ်တန်း စာမေးပွဲနောက်ဆုံးနေ့ပါ
ဘာတွေပြောင်းလဲသွားမယ်ထင်လဲ
သေချာတာကတော့ အနည်းနဲ့အများ ပြောင်းလဲ
သွားကြပါသည်။
မပြောင်းလဲတယ့် တစ်ခုတည်းသော
အနေအထားက သူတို့သုံးဦးရဲ့ သံယောဇဉ် အတိမ်အနက်တွေပါ ကြားကာလအချိန်တွေမှာ
လှိုင်ပန်းခက် ဆိုတယ့် သူတို့ သူငယ်ချင်းမလေးကို
ကြိုက်ကြောင်း လာပြောကြသူများကို
သူတို့ နှစ်ဦးဟာ ဒိုင်ခံ
"ငါတို့ရဲ့ အချစ်ဆုံးက မင်းတို့နဲ့ ထိုက်တန်လို့လား"
ဆိုပြီး အစွယ်ပြဖြဲခြောက်နေကြ။

ထင်ကြမှာပါ လှိုင်ပန်းခက်ဆိုတာ သူတို့နဲ့ အတူတကွ
မျောက်အရှုံးပေးရအောင်
ဆော့နိုင်လွန်းတယ့်သူမကို ကြိုက်ကြတာဖြစ်နိုင်ပါ့မလားလို့
ဟုတ်ကဲ့ ဖြစ်နိုင်တယ်ဘဲ သူတို့ပြောကြမယ်
သူတို့အရှေ့မှာသာ လှိုင်ပန်းခက်ဟာ
မျောက်စိတ် ဖြစ်ပေမယ့် သူစိမ်းတစ်ရံရှေ့တွင်တော့
အင်မတိအင်မတန် သိမ်မွေ့သူအဖြစ်
ဟန်ဆောင်ကောင်း လွန်းလို့ပါဘဲ။

"ဟဲ့ စာမေးပွဲ ပြီး ငါတို့ ဘာအစီအစဉ် ရှိလဲ"စတင်မေးသူ
လှိုင်ပန်း

ဖြေဆိုသူ ထည်မိုင်းကတော့ သူအစီအစဉ်ကို ပြောပြ
ဖို့အတွက် ပါးစပ်ကိုပြင်ဆင်နေလေပြီ။
"အဘွားရှိတယ့် သာယာဝတီ ကို အလည်သွားဖို့စီစဉ်ထားတယ်"

သိလိုသည်ကို ထပ်မေးသူ သွန်းအုပ်
"ဘယ်နားလဲ သယာဝတီကို ကြားဖူးတယ်
တောင်သူလယ်သမား အရေးတော်ပုံ ဆရာစံရဲ့
နေရပ်မို့လို့လေ"

"အေးကွ တိုက်ကြီး ၊ ဥက္ကံ ၊ သုံးဆယ် ၊ သာယာဝတီဆိုတာ
တစ်ဆက်တည်းတွေလေ"

"ဒါနဲ့ ထည်မိုင်း နင်ကအသိရှိလို့လား အဲ့မှာ"

"လှိုင်ပန်းရာ အဘွားတို့က အဲ့မှာ နေကြတာလေ
နင်တို့ နှစ်ကောင် မေ့နေကြတာလား
နင်တို့အဘိုးအဘွား လည်း အဲ့ ဘက်မှာဘဲ
နေကြတာလေ"

ထိုအခါမှ မျက်လုံးကလယ်ကလယ်နဲ့ စဉ်စားနေတယ့်
နှစ်ယောက် ဟုတ်ပါသည်
သူတို့မေ့နေကြတာပါ အဘိုးအဘွားတွေ မလာအား
တော့ သူတို့ကိုယ်တိုင်လည်း ရွာကို
မပြန်ဖြစ်တော့ အစမဖော်မိတော့ မေ့တေ့တေ့
မိဘတွေက အလည်အပတ်သွားဖို့ခေါ်ရင်တောင်
စာတွေ သင်တန်းတွေကြောင့် အမြဲ ငြင်းပေမယ့်
ထည်မိုင်းကတော့ အဲ့လိုမဟုတ် အမြဲ သတိတရသွား
လည်နေကြ။

ငါတို့အတွဲ(Zawgyi+Uni)Where stories live. Discover now