5. 24 hrs ago (part 1)

216 29 0
                                    

ကျတော်ကျောင်းcorridorတလျှောက်
်ကော်ဖီဘူးကိုလက်၁ဖက်မှာကိုင်
တခြား၁ဖက်မှာကျောင်းရဲ့လစဉ်မဂ္ဂဇင်းကိုကိုင်ဖတ်ရင်း
လမ်းလျှောက်နေတုန်း

''အကိုyam yam"

ကျတော်လှည့်ကြည့်လိုက်ချိန်တွင်
ကောင်မလေး၁ယောက် ဘယ်သူမှန်းတော့
ကျတော်မမှတ်မိ..

သူကကျတော့်ကို အတင်းရီပြနေတာကြောင့်
အားနာသမှုနှင့် လက်ပြကာပြန်ရီပြလိုက်သည်။

အဲ့တော့မှ ထိုကောင်မလေးမှ သူ့သူငယ်ချင်းတွေ
ဘက်လှည့်ကာ
"တွေ့လား ငါနဲ့သိပါတယ်ဆို ဟီးဟီး''

အဲ့ဒါပဲ...နာမည်ကြီးhomoဖြစ်ရခြင်းက...

လူတော်တော်များများရဲ့ attention ကို
ရတာကြောင့် အစပိုင်းတော့ပျော်ရပေမယ့်
ကြာလာတော့ စိတ်ကျဉ်းကျပ်လာမိသည်။

ဟူးး

လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီး
ဒီတစ်နေ့တာကို ဖြတ်သန်းဖို့ရာ အလိုအပ်ဆုံး
ကျတော့်ရဲ့ energy drink
coffeeကိုအရသာခံပြီးသောက်နေလိုက်သည်။

coffeeကိုကောင်းကောင်းပင် အရသာမခံရသေး...

"Babe..မင်းတင်ပါးကိုကြိုက်ပေမဲ့
ငါသွားမဲ့လမ်းကိုပိတ်နေတယ် အဲ့တော့ဖယ်"

ဟင်း coffeeတောင်ကောင်းကောင်းမသောက်ရပါလား!

ကျတော့်ရဲ့မကုန်သေးသော coffeeဘူးကို
အနီးနားရှိအမှိုက်ပုံးထဲ လွှတ်ပစ်လိုက်ပြီးမှ
အနောက်ကိုလှည့်ကာ

"ငါရပ်နေတာအလွတ်ကြီး မင်းရှောင်ပြီးသွားပါလား"

"ငါမှမရှောင်ချင်တာ မင်းသာဖယ်လိုက်"

ဟင်း coffeeကောင်းကောင်းမသောက်ရလို့
စိတ်မကြည်ရတဲ့ကြားထဲ တွေ့မယ်ဒီကောင်!

"မဖယ်တာ၁၂ခါ မင်းငါ့ကို မရွှေ့ နိုင်ရင်ရွှေ့ "

"ပိုတောင်ကြိုက်သေးတယ်"

သုတတကယ်အနားကို တကယ်မမည့်ပုံနှင့်
ကပ်လာတော့မှ...

"ရပြီ ငါ့ကိုမထိနဲ့ဖယ်ပေးမယ်
တော်ကြာဘာမှန်းမသိတဲ့ပိုးတွေကူးကုန်အုံးမယ်"

သူပြန်ပြောတာကိုမစောင့်တော့ဘဲ
အခန်းထဲကိုသာမြန်မြန်ပြေးဝင်ခဲ့မိသည်။

Truth or Dare?? (BL) (OC) (Unicode)Unde poveștirile trăiesc. Descoperă acum