2. DARE!!

287 37 0
                                    

''Dare!"

ကျတော်ထိုင်နေသောစားပွဲမှထလိုက်ကာ
ကျတော့ရဲ့Targetရှိရာဆီဦးတည်သွားလိုက်သည်။

Canteenထဲမှကျောင်းသားများ
ဆဠမအာရုံရနေလားမသိ..အကုန်တိတ်ဆိတ်ကာ
ကျတော့့်ကိုပင်စိတ်ဝင်တစားလိုက်ကြည့်နေသည်။

ကျတော်ခြေထောက်ကိုမယိုင်အောင်
သေချာထိန်းလျှောက်နေရသည်။

ဒီနေ့မှကျောင်းသားအချို့ရဲ့လေချွန်ပြီးစနောက်သံက
ပိုကျယ်လောင်နေသလို…

ဘာလို့စနောက်နေတာလဲဆိုရင်တော့
ကျတော်ကGayတစ်ယောက်မို့လို့ပါ။

ဖုံးကွယ်ထားရအောင်သိမ်ငယ်စရာကောင်းတဲ့အရာလို့
မထင်တာကြောင့်ပေါ်တင်နေပါတယ်။

ဒါပေမယ့်ကျတော်ကတွေ့သမျှboyတိုင်းကို
ကြိုက်သည်လဲမဟုတ် တစ်ယောက်သာ…

နွဲ့နွဲ့နှောင်းနှောင်းနှင့် စကားကိုတီတီတာတာလဲမပြောတတ်။

ဒါပေမယ့်ကျောင်းမှာ မိန်းကလေးတော်တော်များများထက်
ဘဲကြည်တာကတော့ ကိုယ့်စန်းနဲ့ကို…

ကျတောက်ကိုယ့်ကိုယ်ကိုမြှောက်ပြောတာမဟုတ်ပေမယ့်
ကျတော်ကတရုတ်စပ်တာကြောင့်
အသားကဖြူတာထက်ပိုသည်..
bodyကတော့ပိန်ပိန်ပါးပါးမို့ မိန်းကလေးပိုဆန်ချင်သည်။

ပိုမြင်အောင်ပြောရရင် typical ukeပုံပါ။

ထို့ကြောင့်လဲကျောင်းတွင်မိန်းကလေးတော်တော်များများထက်ပို၍နာမည်ကြီးသည်။ (အယ့်လယ့် :'D )

ကိုယ့်ကိုယ်ကိုgayမှန်းသိပေမယ့် ယောကျ်ားလေးလိုနေထိုင်ရသည်ကိုသာသဘောကျသည်။

အခုအချိန်ကျောင်းရဲ့kingကိုလူအများရှေ့တွင်
်နမ်းရမည်ဟုတခါမှမတွေးမိခဲ့ပေ။

"အဟမ်း အဟမ်း"
ကျတော့်ရှေ့မှအသံကြောင့့်အသိပြန်ဝင်လာ၍
ကြည့်လိုက်သည်။

ကျတော့ရှေ့တွင်ရပ်နေသူသည်တခြားသူမဟုတ်..

တကျောင်းလုံးရဲ့king..

ကျတော့ကိုငယ်ငယ်ထဲကအနိုင်ကျင့်ခဲ့သူ...

သုတ!!

Grade-2တုန်းကnap timeတွင်
ကျတော့်မျက်နှာပေါ်မှင်ဖြင့်ရေးချစ်ခဲ့သူ!

Grade-3တုန်းက ကျတော့လက်မောင်းပေါ်
ကျတော်အကြောက်ဆုံးတီကောင်ကိုတင်ခဲ့သူ!

Grade-7 Engအချိန်တွင် ကျတော့ဆံပင်ကို
နောက်မှစောင့်ဆွဲကာ စနောက်ခဲ့သူ!

Grade-10 ကျတော်ပထမဆုံးကိုယ့်ကိုကိုယ်
gayမှန်းသိချိန်တွင် စcrushခဲ့မိသူပြည့်စုံကို
ကျောင်းပြောင်းသွားရလောက်အောင် စနောက်ခဲ့သူ!

Grade-11တွင်လည်း သူ့သူငယ်ချင်းတွေရဲ့
challengeကြောင့် လူကြားထဲကျတော့်တင်ပါးကို
လိုက်ကိုင်ခဲ့သူ!

ိသုတဆိုသည်မှာ ထိုကဲသို့သော
အကျင့်မကောင်း စိတ်ပုတ်တဲ့သူတစ်ယောက်။

သို့သော် ဘာကြောင့်မှန်းမသိ
မိန်းခလေးများက သူနဲ့တွဲချင်ကျပြီး
ယောကျ်ားလေးများက သူ့friဖြစ်ချင်ကျသည်။

ကျတော့်ဆံပင် ခပ်အုပ်အုပ်ကိုတော့
ခွေးစုပ်ဖွားကေလို့အမြဲစတတ်ပြီး
သူ့ဆံပင်ခပ်တိုတို ဘေးတွင်ရှိတ်ထိုးထားသောကေကိုတော့
အမြဲသနေတတ်သည်။

ကျတော့အရပ်၅'၆''ကပုတယ်ခေါ်လို့မရပေမယ့်
သူ့အရပ်၆'ကျော်ကျော်နဲ့ဆို ကိုယ်ကပုသယောင်…

အခုချိန်သူ့ရှေ့မှာရပ်နေတော့မှအရပ်၅''လောက်
ကွာတာကိုပိုကျိန်ဆဲနေမိသည်။

နမ်းသာနမ်းရမည်…
ဘယ်ကဘယ်လိုစရမှန်းမသိ!

ဒင်းကလဲဒီအတိုင်းဘာမှမပြောဘဲကြည့်နေသည်။

အမှန်အတိုင်းပြောရရင် ဒီလိုနမ်းရတာ
ပထမဆုံးအကြိမ်မဟုတ်ကြောင်းကျတော့သူငယ်ချင်းများ
အပါအဝင်မည်သူမှမသိကျပေ။

ကျတော်တို့၂ယောက်ရဲ့ပထမဆုံးအနမ်းမှာ
Grade-10 တုန်းကသူ့friတွေရဲ့ပယောဂကြောင့်…

ထိုအချိန်ကတော့ ကျတော်တို့၂ယောက်လုံး
အမှားတစ်ခုဟုသာယူဆထပြီး ဘယ်သူ့ကိုမှပြန်မပြောဘဲ
မေ့ပစ်ရန်ဆုံးဖြတ်ထားပေမဲ့…

ကျတော့်first kissကိုမေ့ပစ်ဖို့ဆိုတာ…

Truth or Dare?? (BL) (OC) (Unicode)Tahanan ng mga kuwento. Tumuklas ngayon