9. Truth Untold (2)

192 25 0
                                    

#သုတ

ချစ်သည်...

မူကြိုစစချင်းတက်ရသောနေ့က
လိုက်ပို့သောအန်တီကြီး၏
ထမီစကို မလွှတ်ပဲဆွဲထားကာ
အော်ငိုနေသော
ကလေးလေးကို ချစ်သည်။

ဘောင်းဘီအိတ်ကပ်ထဲက
ကျတော့်ရဲ့အကြိုက်ဆုံး
Chocolateတောင့်လေးကို
ထုတ်ပေးတော့ အငိုချက်ချင်းရပ်ကာ
နှာရည်တွေနှင့်အတူ သွားကိုဖြဲကာ
ရီပြသော ညစ်တီးညစ်ပတ်ကလေးလေးကို
ချစ်သည်။

သူ့ရဲ့ပါးဖောင်းဖောင်း ဖြူဖြူလေးကို
ကောင်မလေးတစ်ယောက် ကိုင်နေတာမြင်တော့
မနာလိုကာ သူ့ပါးပေါ်မှင်များဖြင့်ခြယ်မိတော့
သူ့ကိုယ်သူ သရဲကြီးဟုခေါ်ကာ အော်ငိုသည့်
၁တန်းအရွယ်ကောင်လေးကို ချစ်သည်။

အတန်းကြီးအကိုတစ်ယောက်က
သူ့လက်မောင်းပေါ်တီကောင်
သူမသိအောင် တင်သွားသည်ကို
ကျတော်ဖယ်ပေးတုန်း
ကျတော်လုပ်သည်ဟုထင်ကာ
ကျောကိုတဘုန်းဘုန်းထုပြီး
အော်ငိုသော ၂တန်းအရွယ်ကောင်လေးကို
ချစ်သည်။

၉တန်းမှာ သူစိတ်ဝင်စားတဲ့ကောင်လေးကို
ခြိမ်းခြောက်ကာ ကျောင်းထွက်အောင်ထိ
လုပ်မိခဲ့သည့် ကျတော်…

အဲ့လိုဗီလိန်တစ်ယောက်ဖြစ်လာအောင်
ပြုလုပ်ခဲ့သည့် ကောင်လေးကို
ချစ်သည်။

သို့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ
ပိုပိုတိုးလာတဲ့ခံစားချက်တွေကို
ဖွင့်မပြောဖြစ်ခဲ့သည်က…
၉တန်း စာမေးပွဲနောက်ဆုံးရက်မှာ…

#Flashback

"ဟေ့ကောင် မင်းအခုချက်ချင်း
ငါ့အခန်းထဲလာခဲ့"

ကျောင်းကပြန်ရောက်ရောက်ချင်း
တစ်ခါမှ 'မင်း' လို့တောင်မပြောခဲ့တဲ့
အဖေဆီကထွက်လာတဲ့အသံ…

ကျတော်အခန်းထဲရောက်တော့
အမေကငိုနေကာ
အဖေကလဲ ကျတော့်ဆီ စာရွက်တွေ
ပစ်ပေးပြီး

''ဒါဘာလဲ"

ကျတော့်ကြည့်လိုက်တော့
A4စာရွက်ဖြူဖြူပေါ်မှာနေရာယူနေတဲ့
ခဲတံနဲ့ရေးချစ်ထားတဲ့ သူ့ပုံလေးရယ်
သူ့အတွက် ရင်ထဲကစကားတွေရယ်…

ဘာမှပြန်မပြောနိုင်ဘဲ
မျက်ရည်တွေသာ စီးကျခဲ့သည်။

"ခွေးကောင်"

Truth or Dare?? (BL) (OC) (Unicode)Where stories live. Discover now