3. Flashback

237 36 0
                                    

"ကဲ သားတို့သမီးတို့ ဒီနေ့မင်းတို့ရဲ့PTဆရာ
နေမကောင်းလို့  PTချိန်ကိုlibraryထဲမှာပဲ
စာဖတ်နေရမယ်''

''ဟာာာ''

အတန်းပိုင်ဆရာမ၏စကားအဆုံးတွင်
ကျောင်းသားအချို့ထံမှ ညည်းညူသံထွက်လာသည်။

ကျတော်ကတော့စိတ်ထဲကနေဝမ်းသာနေမိသည်။
လှုပ်ရှားကစားပြီး ချွေးထွက်နေမှာထက်
အေးအေးဆေးဆေးစာဖတ်ရသည်ကိုသာနှစ်သက်သည်။

"ကဲကဲ ညည်းမနေကျနဲ့...
မင်းတို့ PTချိန်ကိုနောက်နေ့ပြန်အစားထိုးပေးမယ်။
ဒီနေ့တော့ဆရာမတွေလဲအစည်းအဝေးရှိတာနဲ့
မင်းတို့ကိုမကြည့်ပေးနိုင်ဘူး အဆင်ပြေတယ်မလား"

"ပြေပါတယ်…"

ကျောင်းသူအများစုနှင့် ကျောင်းသားထဲတွင်
ကျတော်၁ယောက်ထဲထံမှအသံထွက်လာသည်။

"ဆရာမ libraryမှာကပျင်းစရာကြီးကိုမိန်းကလေးတွေနဲ့
တချို့ယောကျ်ားလေးမဟုတ်တဲ့သူတွေပဲသွားခိုင်းပါလား။
ကျတော်တို့ဘောလုံးကိုငြိမ်ငြိမ်ပဲကန်မယ်လေ"

ကျောင်းသားထဲကတစ်ယောက်ထံမှအသံ
ထွက်လာခြင်းဖြစ်သည်။

ယောကျ်ားမဟုတ်တဲ့သူဆိုတာ ဘယ်သူ့ကိုရည်ညွှန်းမှန်း
သိလိုက်ပေမယ့် ဘာမှပြန်မပြောမိ…
ပြန်ပြောရအောင်လဲ သူပြောတာ
အမှားတစ်ခုမှ မဟုတ်တာ!

"မင်းတို့ကလဲကွာ ဘောလုံးကအေးဆေးကြိုက်တဲ့အချိန်
ကန်လို့ရတယ်..libraryထဲမှာလဲပျော်စရာလေးတွေ
ရှာလို့ရပါတယ်ကွ"

အဲ့အသံကိုကျတော်ဘယ်သူမှန်းလှည့်ကြည့်စရာမလိုပဲ
တန်းသိသည်။

မနာလိုလိုက်တာ…သူ့ကျတော့ဘယ်သူမှ
ပြန်မပြောရဲကျဘူး။

"သုတ မဟုတ်တာတွေလျှောက်လုပ်ဖို့ို့မတွေးနဲ့နော်
ရုံးခန်းကို၅ကြိမ်မြောက်ထပ်မရောက်ချင်ရင်အေးဆေးနေ"

"တီချယ်ကလဲဗျာ ကျတော်ကစာဖတ်ရင်းဗဟုသုတလဲရ
ပျော်စရာလဲကောင်းမယ်ပြောတာပါ
ဘာမဟုတ်တာမှမလုပ်ဘူး"

ဟား...ဟိုနေ့ကကျောင်းအုပ်ကြီးassemblyမှာ
ခေါင်းကဆံပင်တုပြုတ်ကျတာတောင်
အဲ့လောက်ရီရမည်မထင်။

Truth or Dare?? (BL) (OC) (Unicode)Where stories live. Discover now