1. The Beginning

625 36 0
                                    

ကျတော်သံစဉ်ပြောတာကိုနားထောင်ရင်းနဲ့
ကျတော့်ချွေးစို့နေတဲ့လက်ဖဝါးတွေကို
ဆုပ်လိုက်ဖွင့့်လိုက်လုပ်နေခဲ့တယ်။

"နင်ငါ့ကိုနောက်နေတာမလား?"
ကျတော်သေချာအောင်ထပ်မေးလိုက်တယ်။

ကျတော့်ရဲ့သူငယ်ချင်းတွေကိုကြည့်လိုက်တဲ့အခါမှာလဲ
သူတို့ကကျတော့့်လိုပဲshockဖြစ်နေတဲ့သူကဖြစ်..
ကျတော့်ကိုပြုံးစိစိနှင့်ကြည့်သူကကြည့်နေကျတယ်။

ထိုအချိန်ထက်အောင်က
" သံစဉ် သူ့ကိုအဲ့လိုမလုပ်ခိုင်းပါနဲ့..
ငါကတော့နင်ပြောတဲ့အကြံကိုသဘောမတူဘူး"

ကျတော်ကျေးဇူးတင်တဲ့မျက်လုံးနဲ့
ထက်အောင်ကိုကြည့်လိုက်တယ်။

သံစဉ်မှ "ဘာလို့လဲသူကမိန်းကလေးလဲမဟုတ်ဘူး..
ငါတို့ကျောင်းရဲ့ kingလေ"

"အကျင့်ယုတ်ဆုံး kingလေ"
ကျတော်ညည်းညူလိုက်သည်။

"မူကြိုတုံးကငါ့လက်မောင်းပေါ်တီကောင်လာတင်တာလဲ
အဲ့ကောင်ပဲလေ" ကျတော်မဲ့ရွဲ့ကာထပ်ပြောသည်။

"အဲ့ဒါလွန်ခဲ့တဲ့၁၂နှစ်ကလေဟာ"

ှ"၁၂နှစ်မကလို့နှစ်တစ်ရာပဲဖြစ်ဖြစ်
ငါအခုထိအိပ်မက်ဆိုးတွေမက်တုန်းလေ
အဲ့အကြောင်းစဉ်းစားတိုင်း"

ကျတော်အော်ပြောလိုက်တဲ့အချိန်တခြားဝိုင်း
မှလူများကကျတော့်ကိုပြုံးစိစိနဲ့ကြည့်ကျသည်။

ကျတော်မှထပ်ပြီး
"သံစဉ် ကျေးဇူးပြုပြီး ငါတခြားဘာမဆိုအကုန်လုပ်မယ်
အဲ့ဒါကလွဲပြီး"

သံစဉ်မှ"မရဘူး နင်ငါ့ကိုခင်တယ်ဆိုရင် လုပ်ကိုလုပ်ရမယ်"

"ကြယ်စင်..အဲ့ဒီpsychoကို၁ခုခုပြောပါအုံး "

ကြယ်စင်မှရီကျဲကျဲနှင့်
"ကဲပါ dramaတွေမဆန်ပါနဲ့တော့..
သူကလဲအဲ့လိုလုပ်တာကိုကြိုက်မှာပါ
သူနဲ့နင်နဲ့အခြေအနေဘယ်လိုလဲဆိုတာ ငါတို့လဲသိနေတာပဲ"

့်"တော်တော်.. အဲ့ကိစ္စမစလာနဲ့
သူငါ့ကိုမကြိုက်ပါဘူးလို့ဘယ်နှခါပြောရမလဲ
သူဒီလောက်ကောင်မလေးတွေ၁ပတ်၁ခါပြောင်းတွဲနေတာ
ပြီးတော့သူကငါ့လိုhomoမဟုတ်ဘူးလေ"

သံစဉ်မှ "ရတယ် နင်ဒီchallengeကိုလုပ်ချင်လုပ်
မလုပ်ချင်နေ..ငါကနင့်ကိုကတိတည်တဲ့သူမှတ်နေတာ"

သံစဉ်ကျတော့်ကိုအဲ့စကားလုံးနှင့်ပင်ခြိမ်းခြောက်ပြန်သည်။

ကျတော်ကိုကလျှာရှည်ပြီးကတိပေးထားမိတာ…

အခုမှမလုပ်ဘူးဆိုလဲ သံစဉ်က
ကတိမတည်ဘူးဆိုပြီးပွားနေမှာက
နောက်semesterပြီးတဲ့ထိတောင် ရပ်မယ်မထင်!

အဲ့ဒါကြောင့်လဲ...

"Dare!!"

'ဖွီးး'

ထက်အောင်တစ်ယောက် သောက်နေတဲ့
pepsiတောင်သီးသွားပြီး

"ဟေ့ရောင် တကယ်ကြီးလား''

ခုနကတော့ အားပေးအားမြှောက်ပြုနေတဲ့
ကြယ်စင်ကတော့ အသံတောင်မထွက်တော့!

သံစဉ်တစ်ယောက်သာ အောင်နိုင်သူအပြုံးနှင့်

''ကဲ အာ့ဆိုလဲမြန်မြန်lunch breakကပြီးတော့မယ်''

######A trap is only a trap
            if u don't know about it#######

_________________________________________

အစကရေးထားတဲ့ပုံက ရှည်ပြီးဖတ်လို့မကောင်းဘူး
ပြောလို့ပြန်ပြင်ထားတာပါ…

အဲ့ဒါအစအဆုံးပြန်ပြင်ရေးပြီး publish ပြန်လုပ်မှာမို့
မျက်စိနှောက်အောင်လုပ်မိရင် ကြိုပြီး
'gomen na sai' ပါ :D

ဖတ်ပြီးသားတွေပြန်ဖတ်လို့လဲရပါတယ်…

သေချာပြန်ရေးနေတာဆိုတော့ အစကရေးထားတဲ့ထဲ
အချို့အကြောင်းအရာလေးတွေပြန်ပြင်ထားတော့… :D



Truth or Dare?? (BL) (OC) (Unicode)Where stories live. Discover now