Part-13

1.1K 209 9
                                    

နံနက်​လင်းအားကြီးတစ်​ခုမှာ LuHan အိပ်​​ပျော်​​နေရာမှ ဆတ်​ခနဲလန့်​နိုးလာသည်​။ မိမိလည်​ပင်း​တွင်​  Sehun ထွက်​သွားသည့်​​နေ့က သူကိုယ်​တိုင်​ ဆွဲ​ပေးခဲ့​သော ဆွဲကြိုးကို လက်​က အမြန်​စမ်းလိုက်​သည်​။

အိမ်​မက်​သည်​ မ​ကောင်း။ ​သွေးအိုင်​ထဲတွင်​ လဲ​နေ​သော Sehun ကို ဒဏ်​ရာ​ဗရပွနှင့်​ ​တွေ့မြင်​ခဲ့ရသည်​။ သွားပြီး ဆွဲယူပြုစုခွင့်​မရှိ​သော LuHan သည်​ ​အော်​ဟစ်​ငိုယို​နေရသည်​။ အိမ်​မက်​ထဲ၌ သာ မက အပြင်​​လောက နိုးထ​လာ​သောအချိန်​​တွေပါ LuHan က ရှိုက်​ငို​နေလျက်​ဖြစ်​သည်​။

"​မောင်​​လေး ဘာဖြစ်​လို့လဲ?
ဘယ်​နားက နာလို့လဲဟင်​? "

ကိုယ်ဝန်အရင့်​​​​​အမာနှင့် ​​တစ်​​ယောက်​တည်း​နေခိုင်း​ဖို့စိတ်​မချ​သော​ကြောင့်​ အတူလာ​နေ​ပေး​သော ဆယ့်​နှစ်​​ယောက်​​မြောက်​ အစ်​မသည်​ LuHan ကို စိုးရိမ်​တကြီး​မေးလာသည်​။

ဗိုက်​က နာသလားဟူ၍ လက်​​ကောက်​ဝတ်​ကို ဆွဲယူပြီး စမ်းသပ်​သည်​။ LuHan က ​ခေါင်းတွင်​တွင်​ခါပြီး ငိုရှိုက်​​နေသည်​။ ဒီ​နေ့ဆို Sehun ထွက်​သွားတာ ငါးရက်​​မြောက်​ပြီ။

ဘာ​တွေဖြစ်​​နေသည်​မသိ၊ ဘယ်​​တော့ပြန်​လာမလဲမသိ။ ​နေ့​နေ့ညည အချိန်​ရှိတိုင်းစိတ်​ပူ​နေ​သော LuHan မှာ အိမ်​မက်​​တွေလည်း မ​ကောင်းတဲ့အခါ Sehun အတွက်​ ပို၍ စိုးရိမ်​လာသည်​။

"​အရမ်းကြီးအ​တွေးမများပါနဲ့ LuHan ရယ် Sehun ပြန်​လာနိုင်​မှာပါ..အခုမှ အ​စောကြီးရှိ​သေးတယ်​..ပြန်​အိပ်​လိုက်​​နော်​ "

LuHan ကို လှဲ​စေဖို့ ကူညီ​ပေးတဲ့အချိန်​ ရုတ်​တရက်​ ​ဗိုက်​ထဲက လှုပ်​လာသည်​။

"မ..မ.!..မမ! ​ဗိုက်​က လှုပ်​​နေတယ်​! "

"ဟင်​? က​လေး လှုပ်​တာလား ဟုတ်​လား? "

ဗိုက်​ကို လာစမ်းကြည့်​တဲ့မမက အတွင်းဘက်​က လှုပ်​ရှားမှုကို သတိထားမိတဲ့အခါ ဝမ်းသာအားရ ​အော်​သည်​။

" ဟုတ်​တယ်​ LuHan...က​လေးက လှုပ်​​နေတယ် က​လေးက လှုပ်​​နေတယ်​!! "

ဤမှန်သော သစ္စာစကားကြောင့်Where stories live. Discover now