Part-12

1.1K 196 13
                                    

လပိုင်း​လောက်​ထိ ​အေး​ဆေးသာယာ​နေ​သော Sehun တို့ ကမ္ဘာငယ်​ကို မုန်​တိုင်းတစ်​ခု စတင်​ဝင်​​ရောက်​တိုက်ခတ်​​လာသည်​။

ထို​နေ့က Sehun အမဲလိုက်​အဖွဲ့ထဲ မပါသွားဘဲ အိမ်​မှာ ​နေခဲ့​သောရက်​ဖြစ်​သည်​။

"LuHan ​ရေ...LuHan!!
Sehun ဘယ်​မှာလဲ?! Sehun !! "

ရွာထဲကို ပြန်​လာတဲ့အမဲလိုက်​အဖွဲ့က ခါတိုင်းထက်​ပိုပြီး ဆူညံကာ ပွက်​​လောရိုက်​လာသည်​။ ဂူ​တွေထဲက​နေ လူအားလုံး ထွက်​မကြည့်​ဘဲ မ​နေနိုင်​။ ဂူထဲက ထွက်​လာတဲ့ Sehun နှင့်​ LuHan လည်း ဘာ​တွေဖြစ်​မှန်းမသိ။

အမဲလိုက်​အုပ်​စုထဲမှာ ပါလာ​သော လူတစ်​​ယောက်​ကိုမြင်​တဲ့အခါမှာ​တော့ Sehun က အံ့သြသွားသည်​။

"Junmyeon!? အစ်​ကိုက ဘယ်​လို​လုပ်​ပြီး ဒီကို..... "

"မင်းကိုလာရှာတာ Sehun "

လူသား​နောက်​ထပ်​တစ်​​ယောက်​ နတ်​ဝံပု​လွေကျွန်းကို​ရောက်​လာပြန်​သဖြင့်​ အားလုံးက ​ကြောက်​ရွံတစ်​ဖက်​၊ စိုးရိမ်​တစ်​ဖက်​ ​စောင့်​ကြည့်​​နေကြသည်​။ Junmyeon ၏ မျက်​နှာက မ​ကောင်း။

သတင်းက ချက်​ချင်းပြန့်​တာမို့ မျိုးနွယ်​စု​ခေါင်း​ဆောင်​ LuHan ၏ အ​ဖေပါ အနားကို ​ရောက်​ချလာသည်​။ အမဲလိုက်​အဖွဲ့၏ ​ခေါင်း​ဆောင်​ ဖြစ်​တဲ့ နံပါတ်​နှစ်​ အစ်​မရဲ့​ယောက်ျားက ဖြစ်​​စဉ်​ကို အ​ဖေ့ထံ ဦးစွာ ​လျှောက်​တင်​​လေသည်​။

"ကျ​နော်​တို့အမဲလိုက်​ထွက်​တုန်း ​ချောင်းဘက်​က ​​တောထဲမှာ ဒီလူသားကို ​တွေ့ခဲ့တာပါ..​နေရာမှာတင်​ သတ်​ပစ်​မလို့လုပ်​​ပေမယ့်​ ​ခေါင်း​ဆောင်​ရဲ့ သားမက်​​တော်​ နာမည်​ကို ​ပြောလာတာမို့လို့ ဒီကို​ခေါ်လာခဲ့တာပါ  "

"Sehun ငါမင်းကို ဒီကျွန်း​ပေါ်မှာ ရှာ​နေတာ နှစ်​ရက်​ရှိပြီ..အခု အ​​ရေးကြ်ီးတယ်​ "

"ဘာဖြစ်​လို့လဲ? အဘွား​ရော?
အဘွား ဘာမှမဖြစ်​ဘူးမလား? "

Sehun ဒီဖက်​မှာ ​အေး​အေး​ဆေး​ဆေး​နေနိုင်​သည်​ဆိုတာ ကျန်​ခဲ့တဲ့အဘွားဖြစ်​သူကို Junmyeon က ​စောင့်​​ရှောက်​ထားလိမ့်​မည်​ဟု ယုံကြည်​၍ဖြစ်​ပါသည်​။ တကယ်​လည်း Junmyeon တို့ မိသားစုကပဲ ​ခေါ်ယူ​စောင့်​​ရှောက်​ထားခဲ့ပါသည်​။ သို့​သော်​...

ဤမှန်သော သစ္စာစကားကြောင့်Where stories live. Discover now