Part-10

1.2K 230 47
                                    

ဆယ့်​နှစ်​​ယောက်​​မြောက်​အစ်​မ၏ ဖုံးကာ​ပေးမှုဖြင့်​ LuHan သည်​ ညတိုင်းနီးပါး Sehun ထံ ခိုးထွက်​ပြီး ​တွေ့ခြင်းမှာ အဆင်​​ပြေ​ချော​မွေ့​နေသည်​။

" LuHan ဒီမှာကြည့်​ "

Sehun ရဲ့ လက်​ထဲမှာ ထွန့်​ထွန့်​လူး လှုပ်​ရမ်း​နေတဲ့ ငါး မ​သေမရှင်​တစ်​​ကောင်​။

အဖျားမှာ ချွန်​ထားတဲ့ ဝါး​​ချောင်းရှည်​နှင့်​ ​ချောင်းထဲက ငါး​တွေကို ပစ်​ဖမ်းတဲ့ Sehun ရဲ့ အရည်​အချင်းက ဒီရက်​ပိုင်း တိုးတက်​လာသည်​။

LuHan အစားအ​သောက်​​တွေ ခိုး​သယ်​လာတာကို Sehun က အခုဆို လက်​မခံ​တော့ဘူး။ LuHan ကို ငါးလည်းမမျှားခိုင်း၊ အမဲလည်း မရှာခိုင်းဘူး။ အားလုံးကို သူပဲလုပ်​သည်​။

" အိမ်​​ထောင်​ဦးစီးဖြစ်​တဲ့ ကိုယ့်​တာဝန်​ပါ " ဟုလည်း သူက ဂုဏ်​ယူစွာ ​ပြော​တတ်​သေးသည်​။

တခါတခါ ​ချောင်းထဲဆင်းရင်း​​က​နေ ခဲချွန်​၊​ကျောက်​ချွန်​​တွေနဲ့ ထိုးမိလို့ ​ခြေ​ထောက်​​တွေ ပြဲကွဲလာတဲ့အခါ LuHan ပဲ ကု​ပေးရတာက​တော့ တစ်​ပိုင်း​ပေါ့။

"LuHan ကိုယ်​ မင်းရဲ့အ​ဖေနဲ့​တွေ့ချင်​တယ်​ "

မီးဖို​ပေါ်မှာ ငါးကို တံစို့ဖြင့်​ လှည့်​ကင်​​နေသည့်​ LuHan က ရပ်​တန့်​သွားသည်​။

"ဘာလို့လဲ Sehun? အ​ဖေက လူသား​တွေကို သ​ဘောမကျဘူး .. မ​တွေ့တာ အ​ကောင်းဆုံးပဲ "

LuHan ရဲ့ ကိုယ်​​လေးကို ​နောက်​က​နေ ​ပွေ့ဖက်​လာတဲ့ Sehun က LuHan ရဲ့ ပါး​ဖောင်း​ဖောင်း​လေးတစ်​ဖက်​ကိုလည်း နမ်း​မွှေးလိုက်​​သေးသည်​။

"ကိုယ့်​ကို​တော့ သူ သ​ဘောကျမှာပါ
ကိုယ်​ကြိုးစားမှာ​ပေါ့ "

"အဲ့​လောက်​ မလွယ်​ဘူး Sehun ရယ်​ "

"ကိုယ်​မင်းကို ဘယ်​သူမှမသိ​အောင်​ ခိုးပြီးမ​တွေ့ချင်​ဘူး LuHan .. ခိုးပြီးမချစ်​ချင်​ဘူး .. ကိုယ်​မင်း အ​ဖေဆီမှာ တရားဝင်​ အသိ​ပေးချင်​တယ်​ "

ဤမှန်သော သစ္စာစကားကြောင့်Where stories live. Discover now