Part-11

1.2K 227 42
                                    

နတ်​ဝံပု​လွေ​များ​နေထိုင်​ရာ ရွာကို ​ရောက်​လာသည်​။ဂူအဝများတွင်​ရပ်​​နေ​သော ​ယောက်ျား၊မိန်းမ၊က​လေး မကျန်​ အားလုံး၏ အကြည့်​​တွေက လက်​ဆွဲ၍ဝင်​လာ​နေ​သော LuHan နှင့်​ Sehun ဆီမှာဖြစ်​သည်​။

ရှေးအဆက်​ဆက်​ကတည်းက နတ်​ဝံပု​လွေများသည်​ လိုက်​လံသတ်​ဖြတ်​ခြင်းခံရဖူးသည်​မို့ သူတို့ ၏စိတ်​ထဲမှာ တရား​သေစွဲမြဲ​နေသည်​က လူသားများသည်​ ရက်​စက်​ကြမ်းကြုတ်​သည်​၊ ​ကြောက်​စရာ​ကောင်းသည်​၊ အန္တာရယ်​ရှိသည်​ဟူ၍။

အမဲလိုက်​ထွက်​ ​ယောက်ျားသားများနှင့်​ ကင်း​စောင့်​များ လက်​ထဲမှာ​တော့ တင်းပုတ်​ရှည်​များ၊ လှံချွန်​များကို ကိုင်​ထားပြီး အန္တာရယ်​ပြုမည့်​အရိပ်​အ​ယောင်​ဆိုလျှင်​ သတ်​ဖြတ်​ပစ်​ဖို့ အဆင်​သင့်​ဖြစ်​​နေကြသည်​။

LuHan၏ အ​ဖေသည်​ ​ကျောက်​ပုလ္လင်​တွင်​ ထိုင်​လျက်​ Sehun ကို မမှိတ်​မသုံ စိုက်​ကြည့်​​နေသည်​။

" အ​ဖေ..သူက ကျ​နော့်​ချစ်​သူပါ... Sehun လို့​ခေါ်တယ်​ "

တစ်​မျိုးနွယ်​လုံးရဲ့ အချစ်​ခံ၊ တစ်​မိသားစုလုံးရဲ့အဖိုးတန်​ က​လေးငယ်​က ဒီတစ်​ခါမှာ​တော့ ရင့်​ကျက်​သည့်​အသုံးအနှုန်းဖြင့် လူအများ​ရှေ့တွင်​ ရဲဝံ့စွာ လေးနက်​စွာ ​ပြောလာခဲ့ပြီ။

အ​ဖေ့နံ​ဘေးတွင်​ တစ်​ဖက်​တစ်​ချက်​စီရပ်​​နေ​သော အစ်​မများက Sehun ကို အကဲခတ်​​နေကြ၏။ ဂူဝတွင်​သာ ရပ်​ကြည့်​​နေ​သော လူများကလည်း စူးစမ်းလိုစိတ်​ဖြင့်​ အနီးအနားသို့ ဝိုင်းအုံလာကြသည်​။

"လူသားဖြစ်​ပြီး ငါတို့ကျွန်းကို ဘာလို့ကျူး​ကျော်​​နေထိုင်​​နေတာလဲ? "

"ကျ​နော်​ ကယ်​ခဲ့တာပါ "

Sehun ကို ရည်​ရွယ်​​မေး​သော်​ငြား LuHan က ဝင်​​ဖြေသည်​။

"ငါ့သားနဲ့ပတ်​သပ်​ရတဲ့ အ​ကြောင်းအရင်းကို​ပြော "

"အ​ဖေ..ဒါက "

ဝင်​​ဖြေမလို့လုပ်​ပြန်​တဲ့ LuHan ကို Sehun က အသာ တားလိုက်​သည်​။ စိုးရိမ်​​နေ​သော မျက်​ဝန်း​လေးများအား ယုံကြည်​​ပေးပါဟု အသံတိတ်​အသိ​ပေးရင်း Sehun က ​ရှေ့ထွက်​ရပ်​သည်​။

ဤမှန်သော သစ္စာစကားကြောင့်Where stories live. Discover now