Part-4

1.1K 243 22
                                    

" မင်း​ပေးတဲ့ သတင်းက ဘာမှ အ​ရေးမပါဘူး "

မိမိကိုယ်​ကို ​သေချာလှပြီအထင်​နဲ့ မျိုးနွယ်​စု​ခေါင်း​ဆောင်​ထံ သွားကာ တိုက်​ရိုက်​​လျှောက်​တင်​ခဲ့တဲ့ Sehun က လူပုံအလယ်​မှာ အရှက်​ကွဲ​တော့သည်​။

"နတ်​ဝံပု​လွေ​တွေဆိုတာ ​ကျ​နော်​​သေချာပါတယ်​​ ​ခေါင်း​ဆောင်​ကြီး!!!"

"​အေး..သူတို့ရဲ့ တည်​​နေရာ သိရဖို့​လောက်​နဲ့က​တော့ ငါတို့ ဘယ်​အချိန်​သွား စုံစမ်းစုံစမ်းရတယ်​ ဒါ​ပေမယ့်​ ငါတို့ လိုချင်​တဲ့ သတင်းကို အခုထိ အစအနရှာမရ​သေးဘူး "

Sehun နားမလည်​​တော့ဘူး။ ​ဂနီဆိုတဲ့နတ်​ဓားထဲမှာ ထည့်​ဖို့ အမြု​တေကို နတ်​ဝံပု​လွေဆီက ယူရမည်​။ အခု မိမိက နတ်​ဝံပု​လွေ​တွေများစွာရှိ​နေတဲ့ ​နေရာကို​ အတိအကျ​ပြောပြ​နေသည်​။ ဒါက ဘာလိုအပ်​​နေ​သေးလို့လဲ?

မျိုးနွယ်​စု​ခေါင်း​ဆောင်​က စိတ်​ပျက်​စွာ ​နေရာမှ ထွက်​သွား​လေပြီ။ Sehun ထံသို့ သူ၏သားဖြစ်​တဲ့ လူရမ်းကား​ကောင်​က ​ရောက်​လာသည်​။

"​သောက်​ရူး​ကောင်​! ​ချောင်းထဲပြုတ်​ကျပြီး ​ခေါင်းထိသွားတာလား? ​သြော်​..ငါ​မေ့လို့ မင်းက အစကတည်းက ​ခေါင်းမ​ကောင်းတာပဲ "

Sehun မှာ ခုခံပြီးမ​ပြောနိုင်​။ ရှက်​ရွံ့စွာ ​ခေါင်းငုံ့လျက်​ လက်​သီးကိုသာ တင်းတင်းဆုပ်​ထားမိသည်​။

" မင်းဦး​နှောက်​​သေး​​သေး​လေးနဲ့ ​နေရာ​လေးတစ်ခုေ​လာက် ​သိလာတာကို ဟုတ်​လှပြီထင်​​နေတာလား? အဲ့​လောက်​များတဲ့ ဝံပု​လွေ​တွေ တစ်​​ကောင်​မှ သုံးစားမရလို့ ငါတို့ကလည်း ဒီအတိုင်းထိုင်​ကြည့်​​နေတာ ​သောက်​ရူးရဲ့ "

လူရမ်းကား​ကောင်​က Sehun ကို အားရပါးရ ဆဲဆိုကန်​​ကျောက်​ပြီး ထွက်​သွားသည်​။ မိမိကိုယ်​ကို ဟုတ်​လှပြီအထင်​နဲ့ ပွဲကြည့်​ဖို့​ခေါ်ထားခဲ့တဲ့ ငယ်​သား​တွေကလည်း Sehun ကို စိတ်​ပျက်​စွာ၊အထင်​​သေးစွာ အသုံးမကျတဲ့လူတစ်​​ယောက်​လို ကြည့်​ပြီးထွက်​သွားကြသည်​။

ဤမှန်သော သစ္စာစကားကြောင့်Where stories live. Discover now