ပါးဖောင်းဖောင်းလေးနဲ့ ခပ်ပြည့်ပြည့်လေးရှိသော သူမသည် ရုပ်ရည်အားဖြင့် အရမ်းကြီးမလှသော်လည်း စိတ်ထားကတော့ လှလွန်း၏။
.....

လက်ထဲက ပုလင်း အကုန်မော့လို့ ကုန်သွားသည့်အခါ ဝရံတာမှ ထွက်ခွာဖို့ ခြေလှမ်းပြင်လျှင် ယိမ်းထိုးနေသော ကိုယ်က တောင့်မခံနိုင်တာကြောင့် ကြမ်းပြင်ပေါ်လဲကျသွား
၏။ ရိပ်တိတ် ရိပ်တိတ်နဲ့ ဖြစ်လာသော ခေါင်းသည် ဘယ်လိုမှ နလန်မထူနိုင်သည် ဖြစ်ရကာ လေးလံနေသော မျက်ခွံတွေကို
မှိတ်ကျခွင့်ပြုလိုက်၏။ ငါ့ကြောင့် ငါချစ်တဲ့ လူတွေကို စိတ်ဆင်းရဲစေတယ်ဆိုရင် ငါရအောင် ဖျောက်ဖို့ ကြိုးစားပါ့
မယ်။ သို့နှင့် သူဟာ လောကကြီးနှင့်အဆက်အသွယ် ပြတ်သွားလေတော့သည်။

..............................................

တီးတီး...တီးတီး..တီးတီး..

နိုးစက်သံက နားထဲ စူးလို့ဝင်လာ၏။ စောစောစီးစီး ဘယ်သူကများ နိုးစက်ပေးထားရတာပါလဲ ။ မနေ့ညက အမူးသောက်ထားကို ဒီချိန်ဘယ်သူက ထနိုင်မှာလဲ ရူးနေလား။

အိပ်ယာကမထသေးသော်လည်း ခေါင်လေးဟာ စိတ်ထဲမှာကြိမ်ဆဲလို့နေပေပြီ။ နိုးစက်သံလေးမှာ တော်တော်ကြာမြည်
နေသည်မို့ ခေါင်လေးသည် မျက်လုံးတို့မဖွင့်ပဲ ဘေးကစိုင်းမင်းကို ကို ကန်နိုး၏။

"ငစ်ိုင်း ထ... နိုးစက်ပိတ်လိုက်"

သို့ပါသော်လည်း သူ ဘယ်သူ့ကိုမှ မကန်မိပဲ ကုတင်ပေါ်ကဘုတ်ခနဲ ပြုတ်ကျတော့သည်။

"အ!"

နာသွားသော တံတောင်ဆစ်အား ပွတ်ရင်း ရောက်ရှိနေသည့် အခန်းကို စပ်စုသမူ ပြုရတော့သည်။ ကုတင်တစ်လုံးနှင့်
သေတ္တာလေးတစ်လုံးကလွဲရင် အခြား အသုံးအဆောင်တွေမရှိ အခန်းလေးက ရှင်းလင်းလို့နေ၏။ သို့ပေမယ့် နံရံမှာတော့
ဓာတ်ပုံလေးနှစ်ပုံ တွဲခိုချိတ်ထားပါသည်။

ခေါင်လေးသည်ဓာတ်ပုံလေးထဲမှ ဘွဲ့ဝတ်စုံလေးဝတ်ထားသော နှိုင်းသုတလျှံ ကိုကြည့်ရင်း နှုတ်ခမ်းတို့အလိုလို ပြုံးမိ
သွားရ၏။ထို့နောက်  အခန်းထဲမှပြန်မထွက်မီ ခါးလေးထောက်ပြီး မေးဆေ့လေးပွတ်ကာ ဓာတ်ပုံကို သေချာကြီး ထပ်မံ ကြည့်ရှူ့လိုက်သေးသည်။

Black Memory(U+Z)(Completed )Where stories live. Discover now