Part 2 (မ​ပြောပြနိုင်တဲ့ အမှန်တရား) Zawgyi Font

Start from the beginning
                                    

အဲ့လိုနဲ့ NeZha ဟာ ထိုလက်တစ်စုံရဲ့ ညဘက်လက်ကောက်ဝတ်ကို လက်ဖြင့် အမြန်ဖမ်းဆုတ်လိုက်ကာ...ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်တော့...
.
.
.
NeZha: "Ao...Bing..!!Hahh!!..ငါမြင်ယောင် နေပြန်ပီနဲ့တူတယ်..."

NeZha အိပ်ချင်မူးတူး အသံနဲ့ပြောလိုက်ကာ မျက်လုံးကလည်း မပွင့်တပွင့် မှေးစင်းနေသည်...

(ဟုတ်တာပေါ့ NeZha နဲ့ Ao Bing မတွေ့ဖြစ်တာ
ရက်ပိုင်းလောက်ရှိပီဖြစ်တာကြောင့်...Ao Bing က NeZha ကိုစိတ်ပူကို အိမ်ထိလိုက်လာခဲ့တာ...
အိပ်ဆောင်ထဲမှာလည်းမရှိတာကြောင့် ဥယျာဉ်ထဲလိုက်
ရှာလိုက်တော့ NeZha အိပ်နေတာတွေလို့ တိတ်တိတ်
လေး အနားမှာခနနေပီး ပြန်ဖို့ ဆုံးဖြတ်ထားပေမယ့်..

NeZha နိုးလာပီး သူလက်ကို ဖမ်းဆုတ်ထားတာ
ကြောင့် လန့်သွားသည်...

ဒါပေမယ်..NeZha ကတော့ သူစိတ်ထဲ မြင်ယောင်
နေတယ်ပဲထင်နေခဲ့တာ...)

ထို့နောက်..NeZha လက်တွေက..Ao Bing ရဲ့
လက်ကောက်ဝတ်ကနေတစ်ဆင့်...လက်ဖဝါးလေးစီ
သို့ရောက်သွားပီး...ကျစ်ကျစ် ဆုတ်ကိုင်လိုက်သည်..

Ao Bing အခု NeZha ပြုမူနေတာတွေ ပြောနေတာတွေ နားမလည်နိုင်... NeZha ကိုင်ထားတဲ့ လက်ကို ရုန်းဖိုကြိုးစားပေမယ့်..NeZha ကတော့ ဖြုံတောင်မဖြုံ..Ao Bing လက်ကိုမလွှတ်ပေးပဲ ကျစ်ကျစ်ဆုတ်ကိုင်ထားတာ...Ao Bing ရုန်းရခက်နေသည်..

Ao Bing: "NeZha!!..လွှတ်...."

NeZha: " မလွှတ်ဘူး...!!!"

Ao Bing ခန ငြိမ်သက်သွားသည်...
ထို့နောက် NeZha ရဲ့ ကျန်ညာလက်တစ်ဖက်က တဖြည်းဖြည်း Ao Bing ရဲ့ မျက်နှာနားကို ချဉ်းကပ်
လာပီး...Ao Bing ရဲ့ ဘယ်ဘက်ပါးပြင်လေးကို ညှင်
ညှင် သာသာ ကိုင်လိုက်သည်...

NeZha: " မသွားပါနဲ့...ခနလေး..ခနလေးပဲ..ဒီတိုင်း
လေးနေပါရစေ...အနည်းဆုံးတော့..ဒီလိုလေးပဲဖြစ်ဖြစ် မင်းကို တွေ့လို့ရနိုင်လို့..."

" .....သတိရတယ်....."

NeZha ရဲ့ စကားတွေကို Ao Bing အံ့ဩနားမလည်
ဖြစ်နေပီး...ဒီစကားတွေကို ပြောနေတဲ့ NeZha ရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေနဲ့ အကြည့်တွေမှာ Ao Bing ကျရှုံးကာ...NeZha လက်ထဲက ရုန်းထွက်ဖို့
လက်လျှော့လိုက်သည်....

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now