"ဝတ်ထား"
"ငါ မလှဘူးလား"
အကျီ ကိုလှမ်းယူပြီး နွေးက သူမကိုယ်သူမ
ငုံ့ကြည့်ကာပြောလေသည်။ ခေါင်လေးသည် အထူအပါး နားမလည်သော သူငယ်ချင်းမကို နားပန်တွေသာ ပိတ်ကျင်းပြစ်ချင်တော့၏။"ဘာတွေလျှောက်ဝတ်လာတာလဲ ကိုးနာရီ ထိုးတော့မယ် အဆောင်ပြန်တော့"
"မပြန်ဘူး ဒီည nightoutထွက်မှာ"
နွေးသည် ပြောစကားနားထောင်မည့်ပုံ မပေါ်သဖြင့် ခေါင်လေးသည် နွေးလက်ကို ဆွဲခေါ်ကာ Barအပြင်သို့ထွက်လိုက်၏။ နွေးမှာ
ရုန်း၍ မရတာကြောင့် ယက်ကန်ယက်ကန်လေးပါလာလျက် ကျန်ခဲ့သည့်သူမ သူငယ်ချင်းတွေကတော့ ဖင်တကြွကြွဖြစ်လျက် တားလည်း မတားရဲကြပေ။"ခေါင်လေး လွှတ်စမ်း နင်ဘာဖြစ်နေတာလဲ"
"ငါ့ကို night out ထွက်မယ့် အကြောင်းဘာလို့ မပြောတာလဲ။ငါလိုက်ပို့မှာပေါ့ ။ဘာလို့ ဟိုကောင်တွေနဲ့...တောက်စ်....ညကြီး ဖွင့်တဲ့ Barကို နင်ကဘာထင်နေလို့လဲ။ ဝတ်ထားတာလဲ ကြည့်လိုက်ဦး။ မူးပြီး သူများနိုက်သွားတောင် သိမှာမဟုတ်ဘူး"
"ခေါင်လေး နင်!!!"
နွေ သည် ခေါင်လေးအား ပြန်အော်ချင်ပါသော်ငြား ဟုတ်မှန်နေသည်မို့ မျက်နှာသာနီလာလျက် စကားသံက ထွက်မလာ။
"နင် အခုအတူတူလာတဲ့ကောင်တွေအကြောင်း နင် ဘယ်လောက်သိလို့လည်း.. ဟမ်.. night outဟုတ်လား ဘဝပျက်ချင်လို့လားနင်က ဘယ်အသိရှိလို့ သွားအိပ်မှာလဲ အဲ့ကောင်တွေနဲ့လား ဟမ်..ပြောစမ်းပါဦး"
သိသိသာသာ ပျက်ယွင်းလျက် စိတ်တိုနေသော ခေါင်လေးကြောင့် နွေးကြောက် သွားရသည်။ ခေါင်လေးသည် သူ ဘာပဲ
ဖြစ်နေပါစေ နွေးကိုတော့ နဲနဲလေးမှ အထိအခိုက်ခံနိုင်သူ မဟုတ်။ သူ စိတ်ညစ်တိုင်း နွေးက အားပေးသည်။ ငိုချင်တိုင်း
ပုန်းကွယ်ပြီးငိုဖို့ရန် အသင့်ရှိနေပေးသည်။ ပျော်စရာတွေ အတူတူမျှဝေကြသလို ဝမ်းနည်းစရာအတွက်လည်း
နွေးထွေးသည့်လက်တစ်စုံ ဖြစ်ပေးသည့် သူမဟာ ခေါင်လေး အတွက်တော့ လုံခြုံသည့် အိမ်သဖွယ်။နွေးသည် ခေါင်လေးကို ဘာမှပြန်မပြောတော့ပဲ Barရှေ့ကအုတ်ခုံပုမှာ ငုတ်တုတ် လေးသွားထိုင်၏။ အော်မိပြီးမှ
လွန်သွားသည်ကို သတိရသော ခေါင်လေးသည် သူမနားသို့...သွား၍ အမှတ်တမဲ့ကောက်ယူလာသော အအေးဘူးကို
ကမ်းပေးလိုက်၏။
YOU ARE READING
Black Memory(U+Z)(Completed )
Actionဘုန်းထွဋ်ခေါင်လျှံ နှိုင်းသုတလျှံ ဆောင်းရာသီတွေကုန်ဆုံးပြီးသွားရင် နွေရာသီကိုရောက်လာ မှာပဲ။ ငိုချင်နေရင်ငိုချလိုက် ပြီးရင်တော့ ခင်ဗျား အမြဲတမ်း ပြုံးနေဖို့ ကျွန်တော် ကြိုးစားပေးမယ်။ ခင်ဗျားတစ်ယောက် စာအတွက် ကျွန်တော်ရင်ခွင်က ကောင်းကောင်းကြီး ကျယ်ပါတယ...
Part-3
Start from the beginning