ကျွန်တော်ချစ်သောကိုကို(23)

Начните с самого начала
                                    

သေချာပါတယ် သူအဆူခံရတော့မယ် တံခါးဖွင့်ပေးလိုက်တော့ မားနဲ့ပါးအပြင်ကို Hai Kuan Geက အဆစ်ပါသေး

သူကလည်း သူ့ခယ်မလေးကို ငိုအောင်လုပ်ရင် လုပ်တဲ့လူကို နေရာမှာတင်အလဲထိုးတာ

ဟူး....သူ့မှာ အရင်က ပါးနဲ့မားကို ကြောက်နေရပါတယ်ဆိုမှ အခု Hai Kuan Geကပါ ပါလာပြန်ပြီ

Geက Zhan Zhan ကို သူပဲငိုအောင်စချင်တာ တခြားသူကလာထိရင်တော့ အဲ့လူဟာ ကံဆိုးသူမောင်ရှင် ဖြစ်ပြီသာမှတ် အမြဲလိုက်ပြီး နှောင့်ယှက်တော့တာ

'Yi Bo မင်းကလေးက်ု ဘာလုပ်လိုက်တာလဲ ကလေးက ဘာလို့ငိုနေတာလဲ မားကိုပြောကျန့်ကျန့် ကိုကိုက သားကိုဘာလုပ်တာလဲ'

'မား...ကိုကိုက သားကိုဆူတယ် သားကိုမချစ်တော့ဘူးသူက အဟင့် အီး....ဟင့် 😭😭'

'Yi Bo မင်းက ကလေးကို ဘာလို့ဆူရတာလဲ'

အခန်းထဲရောက်ကတည်းက ကလေးကိုဖတ်ထားရင်း မေးနေတဲ့မား

မားရင်ခွင်ထဲဝင်ပြီး ကျတော့်ကို တိုင်နေတဲ့ယုန်ပေါက်

သူ့ညီကိုဆူရမလားဆိုပြီး ကျတော့်ကို လာဟောက်နေတဲ့ Ge

ဟူး...မလွယ်ပါ့လားတော်

'မားကလည်း သားကိုဆူမယ်ဆိုတာပဲ ဘာဖြစ်တာလဲဆိုတာလဲမေးပါဦး

မားသားငယ်က ဂိမ်းဆော့ပြီး အိပ်ရေးမဝဘူး ခေါင်းတေလင်္ညး ကိုက်တယ်လို့ပြောလို့ ကျတော်က စိတ်ပူလို့ပြောရင်း လေသံနဲနဲမာမိသွားတာပါ ဆူတာမဟုတ်ပါဘူး

မားတို့ထွက်တော့ဗျာ ကျတော်ကလေးကိုချော့ရဦးမယ် တစ်ကယ်ပဲဘာမှန်းကိုမသိဘူး🙄🙄 သားနဲ့ သားမက်များ လွဲနေကြလားမသိပါဘူး '

Yi Boတစ်ယောက် လူကြီးသုံးယောက်ကို အတင်းနှင်လွှတ်တော့သည်

'ကဲ မားရေ မင်းသားကထွက်တဲ့ လာလာသွားမယ် သားHai Kuanရော လာသွားမယ်

တော်ကြာ ငါတို့ကြောင့် သူ့ကလေးကိုမချော့ရတာပါဆိုပြီး အပြောခံနေရဦးမယ်'

'အမလေး သွားမယ်ပါးရေ တော်ကြာ ကျမတို့ကိုမခေါ်မပြောပဲနေဦးမယ်'

မားနဲ့ပါးက ရိပေါ်ကိုခနဲ့ပြီး ထွက်သွားတယ်
Hai Kuan Ge ကလည်း မှန်ုသုန်နေတဲ့ Yi Boမျက်နှာကိုကြည့်ပြီး အသံအကျယ်ကြီးအော်ရယ်ကာ ထွက်သွားတော့သည်

ကျွန်တော်ချစ်သောကိုကို(completed)Место, где живут истории. Откройте их для себя