"အဲ့တာတော့ အတူတူပဲ အဟင်း။ သွားပြီနော် နွေး"

"ဟုတ် အစ်မ"

ကောင်မလေး ထွက်သွားသည်နှင့် နွေး တစ်ယောက် စားပွဲခုံတွေဆီသွားကာ ထိုင်လိုက်ပြီး internet ဖွင့်လိုက်၏။
Facebookထဲက သတင်းတချို့မှာတော့ ကားတွေကို
သူပုန်တွေက မီးရှို့ဖျက်ဆီခဲ့ကြသည်ဟုဆိုထား၏။
အပြစ်မဲ့တဲ့ ပြည်သူလေးတွေကိုတော့အကြောင်းမဲ့မရက်စက် သင့်ဘူးထင်သည်။သည်လိုနှင့်ပဲ သူမ Korea ဇာတ်ကား
ကြည့်ဖို့ FIV Channel ထဲကို ဝင်လိုက်ပြီး အသစ်ထွက်တဲ့ ဇာတ်လမ်းတွဲတွေကို ရှာဖွေကြည့်လိုက်ပါသည်။
အခုတလော မင်းသားချောချောလေးတွေပဲပါသည့်ဇာတ်ကား
တွေကို New feedမှာ အမှတ်မထင် တွေ့ရတတ်သည်လေ။

သို့နှင့် သူမ သိချင်စိတ်တစ်ခုတည်းဖြင့် ဇာတ်လမ်းတွေကို
ဖွင့်ကြည့်မိသည်။ ကောင်းလေးနှစ်ယောက်ဟာ ချစ်ကြိုက်ကြသည်တဲ့လား။ ရှုံ့ချခြင်း အလျင်မရှိသော သူမစိတ်သည်
ထူးဆန်းသည့် သတင်းကြည့်ရှူ့ရရုံမျိုးသာ ဖြစ်လျက် ကျော် သွားဖို့ စိတ်ကူးလိုက်သည်။ ထိုစဉ် သူမ မျက်လုံးတွေကို
ကျော်မသွားဖို့ တစ်စုံတစ်ယောက်ကဖန်တီးထားပါတော့သည်။

Liked by Khaung Lay

မဖြစ်နိုင်ဘူး ။ ဒါသူမ မျက်စိအမြင်မှားတာပဲဖြစ်မှာပါလို့တွေးပြီး.. နောက်တစ်ကြိမ် စစ်ဆေးကြည့်မိသည်။ ဟင့်အင်း..
ခေါင်လေးက ခေါင်လေးက ..ပုံမှန်ပဲ ခေါင်လေးက ပုံမှန်ပါပဲ။
ဒီတိုင်း မသိလိုက်ပဲနိုပ်မိထားတာလဲဖြစ်နိုင်တာပဲလေ။
မယုံနိုင်ခြင်းက စိတ်ထဲမှာ ကြီးစိုးလာကာ ခေါင်လေးရဲ့
အကောင့်ထဲ ဝင်ပြီး friendတွေကို ဝင်ကြည့်လိုက်သည်။
ခပ်ချောချော ကောင်ငယ်လေး တစ်ချို့နှင့် ဘောင်းဘီတောင် မဝတ်ထားတဲ့ကောင်လေးတစ်ချို့ရဲ့ profileကို
တွေ့လိုက်ရသည်။ love reactတွေ ပေးထားသော
တစ်ချို့ပုံတွေကို ထောက်ကြည့်ရင်း သူမ သက်ငွေ့ကို
အကြိမ်ကြိမ်ချလိုက်ကာ ခေါင်လေးဆီ ဖုန်းခေါ်လိုက်ပါသည်။
ဒီကိစ္စ အမှန်တကယ် ဟုတ်မဟုတ် ခေါင်လေးပါးစပ်က
ဖွင့်ဟဝန်ခံလာတာကို သူမလိုချင်ပါသည်။

ယခုခေါ်ဆိုသော ဖုန်းမှာစက်ပိတ်ထားပါတယ်ရှင်

The number your dial is switched off.

Black Memory(U+Z)(Completed )Where stories live. Discover now