ကျွန်တော်ချစ်သောကိုကို (21)

Start from the beginning
                                    

မင်းရဲ့ ရှေ့ဆက်လျှောက်မယ့် ဘဝခရီးမှာ
ကိုယ့်ရဲ့အချစ်တွေနဲ့ ပျော်ရွှင်စရာနေ့ရက်တွေ ဖန်ဆင်းပေးပါရစေ

ကိုယ်ရဲ့အချစ်ကို လက်ခံပေးပါငယ်
ကို့နှလုံးသားကို မင်းဆီပေးအပ်ပါရစေ'

အနားကကျောင်းသားတေကတော့ ဒါအချေစိန် playboyကြီး ဝမ်ရိပေါ်ဆိုတာ ယုံဖို့အတော်ပင်ခက်ခဲနေသည်

ရှောင်းကျန့်မှာလည်း အံ့သြလွန်း၍ ဘာမှမပြောနိုင်တော့

~....ကိုကိုချစ်တာသိပေမယ့် ဒီလောက်အထိ လုပ်ပေးလိမ့်မယ်လို့ ထင်မထား

ကိုကိုပြောတဲ့ supriseဆိုတာဒါလား
supriseဖြစ်လွန်းပါတယ် ကိုကို

အရမ်းချစ်တယ် ကိုကို ကျတော့်ကို ဒီလိုတွေ ဖြည့်ဆည်းပေးတဲ့အတွက်

အရမ်းချစ်တယ် ကိုကို ကျတော့်ကို တန်ဖိုးထားပေးတဲ့အတွက်

စိတ်ချလိုက်ပါ ကိုကို ကိုကို့အချစ်နဲ့ ထိုက်တန်တဲ့လူဖြစ်အောင် ကျတော် ကြိုးစားမှာပါ.....~

ရှောင်းကျန့် ပျော်တာရော အံ့သြတာရောနဲ့ မျက်ရည်များပင် ဝဲလာသည်

စိတ်ထဲမှာလဲ ကတိပေါင်းစုံ အကြိမ်ကြိမ်ပေးလျှက်

ရိပေါ် မိမိရှေ့ရှိ ကလေးကိုကြည့်ရင်း ပြုံးမိသည်
ငွေ့ရည်ဖွဲ့နေတဲ့မျက်ဝန်းတေနဲ့ မိမိကိုကြည့်နေတဲ့ မိမိရဲ့အသဲအသက်

သူလေးအံ့သြနေတယ်ဆိုတာ အသိသာပင်

'ကလေး.. ကိုကို့အချစ်ကို လက်ခံပေးပါနော်'
'အွန်း....အွန်း....အွန်း'

ရှောင်းကျန့် အွန်းတစ်လု့းဆောင်ကာ ခေါင်းကိုသာ ဆက်တိုက်ညိမ့်နေမိသည်

မိမိလက်ကိုလာစွပ်သော Yစာလုံးနဲ့ လက်စွပ်လေး
ဒါ့ပြင် ကျန်နေတဲ့ Zစာလုံးနဲ့ လက်စွပ်လေးကိုယူကာ
မိမိချစ်ရသူရဲ့ လက်တွင်ဝတ်ပေးလိုက်သည်

'အရမ်းချစ်တယ်ကိုကို ပြောမပြနိုင်လောက်အောင်ပဲ ငယ့်ရဲ့အချစ်တွေကို ကိုကိုတစ်ယောက်ထဲအတွက် ပေးထားမှာမို့ ငယ့်ကိုထားအသွားပါနဲ့ကိုကို'

'စိတ်ချပါ ကလေးငယ် ကိုကို့ဘက်က အရင်ချစ်ခဲ့တာမဟုတ်ပေမယ့် ငယ့်ကို ဘယ်တော့မှ ခွဲသွားမှာမဟုတ်ပါဘူး ဒါဟာ ကိုကို့ရဲ့ သစ္စာစကားပါကလေးငယ် အရမ်းချစ်တယ် ကို့ရဲ့ကလေးလေး'

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now