"ဆရာဝန်ဖြစ်လို့သာပဲ...၊
hyunကလေ ဘယ်တော့မှ
ကိုယ့်ကျန်းမာရေး ကိုယ်ဂရုမစိုက်ဘူး
ကိုယ်ကတစ်ယောက်တည်းမှ မဟုတ်တာ...၊
အစားလေးပဲ ဆင်ခြင်ရတာဘာခက်လို့်လဲ...
အမြဲ လုပ်ချင်တာလုပ်တော့တာပဲ...
တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ ''

Baekhyunမှာ
အောက်နှုတ်ခမ်းလေးကိုဖိကိုက်ပြီး
ငြိမ်သက်နေသည်။

"စားဦးလေ...၊ အချဉ်တွေ အစပ်တွေ..။
ပြောရင်လည်း မောင်ပဲအပြစ်ဖြစ်နေရတယ်..
ဥနီသီးဖျော်ရည်ထားပေးခဲ့တာကို
အားဖြည့်အချိုရည်တွေသောက်လိုသောက်...။
အခုလည်း
မဟုတ်တဲ့အကင်တွေစားပြီးဒုက္ခရောက်ရပြီ''

"ဘာမဆို ချဉ်ခြင်းတက်နေတာ
ငါလည်းဘယ်လိုလုပ်ရမလဲ...
မောင့်ကိုရှေ့ရက်တွေထဲက ပြောခဲ့သားပဲ...
အခေါက်ကင် လုပ်ကျွေး..!.
အခေါက်ကင် လုပ်ကျွေး..ဆိုပြီး...၊
ပြောခဲ့သားပဲ။

အဲ့တာကို မောင်က
မသိချင်ယောင်ဆောင်နေတာကိုး။
အဲ့ဆိုင်က သန့်မသန့်ငါလည်း
သေချာမစမ်းစစ်မိဘူးလေ..
ဒါကိုပဲ အပြစ်ပြောနေတာပဲ''

"အပြစ်ပြောတာမဟုတ်ဘူးလေ...
အမှန်ပြောတာ..
မောင့်စကားဆို အချစ်ဘယ်တုန်းက
နားထောင်ခဲ့တယ်ရှိလဲ..''

"မောင် ငါ့ကိုမငေါ့နဲ့နော်...''

"မသိဘူးဗျာ!!''

Chanyeolလေသံက မာနေတာကြောင့်
Baekhyunဝမ်းနည်းသွားမိသည်။
အဲ့ဒီ့ဝက်အခေါက်ကင်ကို
Baekhyunဘယ်လောက်စားချင်နေလဲ
သူနည်းနည်းမှကိုယ်ချင်းမစာနိုင်ဘူးလားမသိ။
ပြောတော့ ချစ်တယ် ချစ်တယ်နဲ့
ဘာမှကို နားမလည်ပေးဘူး။

တနေ့တနေ့
baekhyunဘာစားတယ်..
ဘာသောက်တယ်ပဲသူမြင်တယ်..။
ဘယ်လိုတွေ ပြန်အန်ထုတ်နေလဲသူမမြင်ဘူး။

တကယ်ပဲ မောင်ကစိတ်ပျက်ဖို့ကောင်းတယ်။
အခုလည်း
Baekhyunမျက်ရည်ဝဲနေတာသိသိရက်..
စကားတစ်ခွန်းမှမပြောပဲ
မျက်နှာကြီးတည်နေတုန်းပဲ။

အိမ်ရောက်တဲ့အထိလည်း
တစ်ယောက်နဲ့တစ်ယောက်
စကားမပြောဖြစ်ကြပါ။

Chanyeolဘက်ကပဲ စလျှော့ပြီး
ချော့ဖို့လုပ်တော့
Baekhyunကအနားကပ်မခံတော့ပေ။
စကားလည်းအပြောမခံပဲ ရှောင်ဖယ်ကာ
တညနေလုံး အခန်းအောင်းနေတော့သည်။

က​လေးအထာWhere stories live. Discover now