ကျွန်တော်ချစ်သောကိုကို part(15) ကြှနျတျောခဈြသောကိုကို part(15)

Start from the beginning
                                    

'အမ်..ကိုကိုလား lock lock ချမထားဘူး ဝင် ဝင်ခဲ့ကိုကို'

အထဲကနေ အမောဖောက်နေတဲ့လေသံနဲ့ပြောလာတဲ့ကလေးကြောင့် ရိပေါ်ရဲ့စိုးရိမ်မှုlevelက အမြင့်ဆုံးသို့

တံခါးဖွင့်ပြီး ဝင်သွားလိုက်တော့ ကလေးကရင်ဘတ်ကိုဖိရင်း အိပ်ယာဘေးမှာလဲနေတယ် သတိမေ့မသွားအောင် မနည်းတင်းထားရတဲ့ပုံ

'အာ့...ကိုကို...ရင် ရင်ဘတ်ထဲကအောင့်နေတယ်'

'ကလေး...ကလေး ဆေးဗူးကော.."

'ကိုကို ခုံပေါ်မှာဆေးဗူးက'

ရိပေါ်မိမိနားမှာရှိတဲ့ ခုံပေါ်ကဆေးဗူးကိုလှမ်းယူပြီး ကလေးကိုတိုက်လိုက်သည် ဒါဆိုကလေးက ဆေးဗူးယူရင်းလဲသွားတာပေါ့ ဟူး ကလေးရာ မင်းတယောက်ထဲတောင်မထားရဲတော့ဘူးကွာ

'ကိုကို ကျန့်ကျန့်ပင်ပန်းတယ် ကျန့်ကျန့်ကိုချီ'

'အင်း ကလေး ခုတင်ပေါ်မှာလှဲနေနော် ကိုကိုတင်ပေးမယ်'

ကုတင်ပေါ်တင်ပေးပြီး ထွက်သွားမယ်အလုပ် လက်ကိုလာဆွဲတဲ့ကလေး

'ကိုကို..မသွားပါနဲ့နော် ကျန့်ကျန့်နားပဲနေပေးပါနော်..'

'ကိုကိုက ကျန့်ကျန့်စားဖို့ သွားယူမလို့လေ'

'ဟင့်အင်း..ကိုကို ကျန့်ကျန့်ချမ်းတယ် ဖတ်ထားပေး'

'အင်းပါ ကိုကလေးဘေးလာခဲ့မယ်'

မရတဲ့အဆုံးရိပေါ်လည်း သူလေးကျောဘက်ကနေဝင်လှဲရင်း ကလေးကို ရင်ခွင်ထဲထည့်ထားလိုက်လေသည် တကယ်ပဲ ကလေးတစ်ကိုယ်လုံးအေးစက်နေတာပါ ရင်ခွင်ထဲနေပြီးခဏကြာတော့ အနွေးဓာတ်ကြောင့် အိပ်ပျော်သွားတဲ့ကလေးငယ်

ရိပေါ်နဖူးလေးကို မြတ်နိုးစွာနမ်းရှိုက်ရင်း

'ကောင်းကောင်းအိပ်ပါ ကလေးငယ် ရှေ့လျှောက် ကိုဂရုစိုက်ပေးမှာမို့ ကိုယ်မင်းဆီလာတဲ့အခါ မင်းရဲ့အချစ်တွေနဲ့ ကို့ကိုကြိုဆိုပေးပါ'

ပြောရင်းနဲ့ ဆံပင်လေးကိုသပ်တင်ကာ နဖူးလေးကို နောက်တစ်ကြိမ် မြတ်မြတ်နိုးနိုးနဲ့ အနမ်းခြွေလိုက်လေသည်

ျ........

Uni

ကျောင်းဆင်းတဲ့အချိန်မှာတော့ အမောင်ရှောင်ကျန့်တစ်ယောက် ဒုက္ခနဲ့လှလှတွေ့ရှာပေပြီ နှင်းဆီပန်းတပုံတပင်ကြီးကို သူဘယ်လိုလုပ်ရမလဲ စဉ်းစားမရ

ကျွန်တော်ချစ်သောကိုကို(completed)Where stories live. Discover now