Act 26 : There is no give up

Start from the beginning
                                    

အစ်မတွေအစည်းအဝေးခန်းထဲကထွက်သွားပြီးသည့်
နောက် Baek Hyunတယောက်တည်း အခန်းထဲ
မှာကျန်ခဲ့သည်။

ယခုတလော ပင်ပန်းလွယ်နေသည့် Baek Hyunက
laptopပိတ်ရင်းစာရွက်တွေသိမ်းနေရင်းမှ ပျင်းပျင်း
ရိရိနဲ့ပင် ခုံပေါ်ထိုင်ချကာ မျက်လုံးတို့မှိတ်ထားလိုက်ပြန်
သည်။

ညဘက်တွေအိပ်ရေးမဝသည်မှာကြာပြီ။

မအိပ်ရ၍မဟုတ်ပဲ အိပ်လို့ကိုမဝတာဖြစ်သည်။ စာမေးပွဲ
ရက်တွေတုန်းကမအိပ်ပဲနေထား၍လားမသိ။ ယခုရက်ပိုင်း
အရမ်းတွေအိပ်ကောင်းနေ၍ Chan Yeolတောင်အခန်း
ထဲဝင်ဝင်မလာခင် သူကအိပ်မောကျသွားတတ်တာမျိုးဖြစ်
သည်။

Baek Hyun မျက်လုံးမှိတ်ထားပြီးငြိမ်နေတုန်းမှာပဲ
ဆံပင်တွေကြားနစ်ဝင်လာသည့်အနမ်းကြောင့်ပြုံးလိုက်မိ
၏။ လှဲမှီထိုင်နေရာကနေ မတ်မတ်ပြန်ထိုင်နေသည့်
နောက် လက်ဖဝါးကြီးကြီးများသည် Baek Hyun၏
လည်တိုင်ကိုအသာအယာလာဆုပ်ကိုင်ပေးလာသည်။

"ကလေးလေး ပင်ပန်းနေပြီလား ?"

ဖွဖွလေးနဲ့ထိထိမိမိနှိပ်ပေးသွားသည့် Chan Yeol၏
လက်ချောင်းတွေကြား Baek Hyunလည်တိုင်လေးမှာ
အံဝင်ခွင်ကျဝင်ရောက်နေသည်။

Baek Hyunမှာ စကားမပြောမဆိုမိပဲ ငြိမ်ငြိမ်လေး
ထိုင်နေရင်းကမှ Chan Yeol၏လက်တဖက်ကိုဆွဲယူပြီး
ဖိကပ်နမ်းလိုက်သည်။

"coffeeသောက်ချင်"

"လာလေ ကိုယ်ဝယ်တိုက်မယ်"

"OK"

Chan Yeolလက်ကိုလွှတ်ပေးပြီး Baek Hyunက
စားပွဲပေါ်ကပစ္စည်းတွေကိုကောက်သိမ်းသည်။
Chan Yeolမှာတပြုံးပြုံးနှင့် Baek Hyunလုပ်ကိုင်
သမျှ ကြည့်နေရင်းမှအခန်းဝသို့မျက်နှာမူလိုက်ပြီး

" အတွင်းရေးမှူးလေးရေ ကိုယ့်သဲလေးရဲ့ ပစ္စည်းတွေကို
Fictionဌာနဆီပို့ပေးပါဦး"

"ဟာ Hyungကလဲအားနာစရာကြီး"

"ရပါတယ်ဗျာ"

ပြုံးလျက်အခန်းထဲဝင်လာသည့်အတွင်းရေးမှူးKim၏
မျက်နှာမှာချိုနေပါသော်လည်း မျက်လုံးတွေကချိုမနေ။

Bossကိုတချက်ချက်ကြည့်လိုက်သည့်မျက်ဝန်းများသည်
ဓားအစင်းစင်းပစ်ခွင်းလိုက်သည့်နှယ်ရှိလှသည်။

You've reached the end of published parts.

⏰ Last updated: May 31, 2022 ⏰

Add this story to your Library to get notified about new parts!

Notice : We are in a relationship Where stories live. Discover now