Act 11 : Jealousy

8.4K 1.1K 114
                                    

Chanyeolစိုက်ကြည့်နေမိပေမဲ့ Baekhyunကချက်ချင်း
ဆိုသလိုအကြည့်လွှဲသွားခဲ့သည်။ ကလေးနဲ့မျက်နှာချင်းဆိုင်မှာရပ်နေသည့်အမျိုးသမီးငယ်ကိုမြင်ဖူးသလိုရှိနေ
သောကြောင့်စိတ်ထဲဇဝေဇဝါဖြစ်နေမိပါသည်။

"အာ??? Jong Dae!!"

"ဟုတ်တယ် Boss….၊ ဒီတခေါက် ပတ္တရားဟိုတယ်
ပရောဂျက်ရဲ့ အဓိက ပါတနာ Chirathivat Groupက Ms. Moon Chirathivatပါ"

"ကျောင်းတုန်းကBaekhyuneeရဲ့ရည်းစားဟောင်း
မလား? မင်းငါ့ကိုတခါဓာတ်ပုံပြဖူးတယ်လေ"

မိမိ၏စကားကိုအဖတ်မလုပ်ပါပဲ မိမိမပြောသည့်
အကြောင်းကိုထိုးထွင်းသိမြင်သွားသည်မှာBaekhyun၏
ရည်းစားဟောင်းဆိုတာဖြစ်နေသည့်အတွက် အတွင်း
ရေးမှူးKim ထွေထွေထူးထူးဘာမျှမပြောလိုတော့။

Bossမလား? လခပေးနေသည့် Bossဆိုတော့လည်း
လက်ထဲအသင့်ရှိသည့်tabletထဲဟိုဟိုဒီဒီမွှေနှောက်ရှာ
ဖွေပစ်လိုက်ပြီး ဓာတ်ပုံတစ်ပုံကို Bossမျက်နှာရှေ့
အရောက်ပို့ကာ

"ဟုတ်ပါတယ် Baekhyun ssiရဲ့ရည်းစားဟောင်း
Moonဆိုတာလည်းသူပါပဲ ။ သုံးနှစ်နီးပါးတွဲခဲ့တဲ့
Baekhyun ssiရဲ့ အချစ်ဦးရည်းစားဦးပေါ့"

စကားအဆုံးမှာ Boss Park၏စွေစောင်းစောင်းအကြည့်
များသည် အတွင်းရေးမှူးKimအားထိထိမိမိလာစိုက်၏။
မသိချင်ယောင်ဆောင်နေလိုက်သည့်နောက် tablet
ကိုလက်ထဲပြန်ထိုးထည့်ပေးကာ Baekhyunနှင့်
ထိုကောင်မလေးရှိသည့်နေရာသို့ခြေလှမ်းကျဲကြီးများ
ဖြင့်လျှောက်သွားလေသည်။

ဘာတွေများလုပ်ဦးမလို့လဲဟု အကြီးအကျယ်စိုးထိတ်မိ
သွားလျက် အတွင်းရေးမှူးKim ဘုရားတကာ Boss
နောက်အပြေးလိုက်ရသည်။

ဟိုဘက်ကမိန်းကလေး။ ပြီးတော့ ပရောဂျက်အတွက်
အရေးကြီးသည့်သူ။ သူကြိုက်နေတဲ့ကောင်လေးရဲ့
ရည်းစားဟောင်းဖြစ်နေတာနဲ့Bossပေါက်တတ်ကရတွေ
တော့မလုပ်လောက်ပါဘူး။ဟုသာ ဖြေတွေးရင်း
အတွင်းရေးမှူးတစ်ယောက်အပြေးလိုက်ပေမဲ့ Bossက
Baekhyunနှင့်Moonတို့နားရောက်သွားနှင့်နေပြီး
Baekhyunပခုံးကိုလက်လှမ်းကိုင်ဖို့ပြင်နေသည့်Moon၏
လက်တဖက်ကိုဆွဲယူဆုပ်ကိုင်ပစ်လိုက်လေပြီ။

Notice : We are in a relationship Where stories live. Discover now