Act 26 : There is no give up

4.7K 743 100
                                    


Chan Yeol နှင့် Baek Hyun တို့တတွေ ပတ္တရား
မှ ပြန်ရောက်လာသည့်အချိန်တွင် အုံပုန်းနိုင်လွန်းကြ
သည့် ဟိုအတွဲ၏ ပွင့်လင်းမြင်သာလာနိုင်မှုအတွက်
အင်နှင့်အားနှင့်ကြိုးစားခဲ့ကြသေးသည်။

စာမေးပွဲဖြေပြီးဖြစ်ပါသောကြောင့် Baek Hyun
သည်လည်း ရုံးမှာအထိုင်များနေသည်။လက်ထောက်
အယ်ဒီတာမှသည် အယ်ဒီတာအဖြစ် ရာထူးတိုးဖို့အတွက်
လည်း အပတ်တကုတ်ကြိုးပမ်းရသေးသည်။

သူဌေးဖြစ်သူနှင့်ချစ်ကြိုးသွယ်သည့်အနေအထားမှာရှိ
နေသည့်တိုင် ရိုးသားကြိုးစားနေဆဲဖြစ်သည့် Byun
Baek Hyunသည် Park Publishing၏ cele
ဖြစ်ပါသည်။ Baek Hyunသာမက teamတစ်ခုလုံး
၏ကြိုးပမ်းမှုသည်မြိုင်လှသည့်အတွက် Highlight
ပြီးလျှင် ဒုတိယလိုက်သော Fiction Teamဖြစ်သည်။

ယခုလည်း Baek Hyunတို့တာဝန်ယူထားရသည့်
စာရေးဆရာမအသစ်လေး၏ ဒုတိယမြောက်စာအုပ်
အတွက် အစည်းအဝေးထိုင်နေကြပါသည်။

သုံးလမှာတအုပ်ဟုစာချုပ်ချုပ်ထားပါသော်လည်း
အရေအတွက်ထက်အရည်အသွေးကိုပိုလိုလားကြ
သည့်အဖွဲ့သားများသည် ဆရာမ၏စိတ်တိုင်းမကျသေး
သောစာမူကို အတင်းမတောင်းကြပါပဲ စာအုပ်ထွက်လာ
လျှင်လုပ်မည့်ပရိုမိုးရှင်းများကိုသာဝိုင်းဝန်းစဉ်းစားကြ
သည်။

"ဒီတခေါက်ဇာတ်လမ်းလေးကတော့မဆိုးဘူးနော်"

"ကျွန်တော်လည်းဖတ်လိုက်ရတယ် ဇာတ်မြူးလေးပဲ
အဲ့ဒါကျွန်တော်တွေးထားတာကလေ……"

Baek Hyunက တက်တက်ကြွကြွပင် laptopကို
မယူပြီး projectorနှင့်ချိတ်လိုက်သည်။ အရောင်
အသွေးစုံသည့် powerpoint slideများထဲမှာ
Baek Hyun၏အတွေးတွေကိုသစ်သစ်လေးတွေ့ရ
သည်။

"comic ဌာနနဲ့ချိတ်ပြီး promotionလုပ်မယ်လေ
ဇာတ်ကောင်မိတ်ဆက်ပဲဖြစ်ဖြစ် highlightတခန်း
လောက်ပဲဖြစ်ဖြစ် ဆွဲခိုင်းပြီး websiteကနေတင်မယ်
ဝတ္ထုမထွက်ခင်တပတ်လောက်အလိုမှာပေါ့"

Baek Hyun၏အတွေးကိုထောက်ခံသူအများအပြား
ဖြင့်အစည်းအဝေးကိုသိမ်းလိုက်သည်။ comicဌာနနှင့်
ချိတ်ဆက်ဖို့ တာဝန်ခံက Baek Hyunပင်ဖြစ်သွားပါ
သောကြောင့် ရှေ့လျှောက်အလုပ်လဲပိုများရတော့မည်။

You've reached the end of published parts.

⏰ Last updated: May 31, 2022 ⏰

Add this story to your Library to get notified about new parts!

Notice : We are in a relationship Where stories live. Discover now