Act 17.2 : You are the one I love

7.2K 824 164
                                    


ပင်လယ်လေတဖြူးဖြူးသည် Baek Hyun မျက်နှာ
လေးကို ဖြတ်တိုက်လာသည့်အခါ Baek Hyunက
ပြုံးရယ်လေသည်။

Chan Yeol ချစ်သူလေးက ပင်လယ်ကို သဘောကျ
ပုံရသည်။

ဒီဘန်ဂလိုမှာ ညစာစားဖို့စီစဉ်မိတာ မှန်သွားပြီထင်ပါရဲ့။

"တကယ်ပဲ Hyungမလုပ်တတ်တာဘာရှိလဲ?
အရမ်းပြည့်စုံလွန်းနေတယ် မုန်းလိုက်တာ"

တဝက်သာကျန်တော့သည့် ပန်းကန်ထဲက ပုဇွန်ကင်
ကို ခက်ရင်းဖြင့် ထိုးချရင်း Baek Hyunကမေး
သည်။ ချစ်ဖွယ်ကောင်းသည့်မေးဟန်ကြောင့်
Chan Yeolရင်ဘတ်သာအသာဖိပြီးရယ်မောနေရ
ပါသည်။

တနေကုန်ဘာမှမယ်မယ်ရရမစားထားသော
Baek Hyunသည် Chan Yeol ပြင်ဆင်ချက်ပြုတ်
ပေးသမျှကို တယောက်တည်းနီးပါးစားပစ်သည်။

Chan Yeolကပင် အစားအသောက်များကြောင့်ပေ
နေသည့် နှုတ်ခမ်းပါးပါးကိုတစ်သျှူးတစဖြင့် လိုက်သုတ်
ပေးနေရပါသည်။

"ဒုက္ခပဲ ကိုယ်အရမ်းပျော်နေတယ်"

"ပျော်တာဒုက္ခလား?"

ခပ်ပြုံးပြုံးမေးလာသည်ကို Chan Yeolကမဖြေ။

အသည်းယားစွာဖြင့် Baek Hyun တကိုယ်လုံးရင်ခွင်
ထဲထည့်သိမ်းဖက်လိုက်ပြီး ဆံပင်တွေဝဲနေသည့်နဖူးပြင်
ကိုနမ်းရှိုက်ပစ်လိုက်သည်။

"မင်းကိုလေ သေးသေးလေးလုပ်ပြီး ကိုယ့်အိတ်ကပ်ထဲ
ပဲထည့်ထားချင်တော့တယ်"

"မနေဘူး အသက်ရှုကျပ်တယ်"

ဝိုင်နီနည်းနည်းလေးဝင်ထားသဖြင့် နှုတ်သွက်နေသော
Baek Hyunသည် Chan Yeol ဘာပြောပြော
ရယ်လို့သာတုံ့ပြန်ပြောဆိုနေသည်။

လက်ကဝိုင်ပုလင်းကိုထပ်လှမ်းလာလေတော့ Chan
Yeolတားလိုက်ရသည်။

မော့ကြည့်လာသည့် နှုတ်ခမ်းထော်ထော်နဲ့ဆူပုတ်ပုတ်
မျက်နှာထားက Chan Yeol၏ နှလုံးသားကျန်းမာ
ရေးအတွက် မကောင်းနိုင်ခဲ့။

သို့ပေမဲ့လည်း သိပ်မူးသွားမည်ဆိုးသောကြောင့်

"မူးကုန်မှာပေါ့ ကလေးရဲ့"

"မမူးပါဘူး "

"ကဲ ကဲ ဗိုက်ဝပြီလား? ကလေးကိုခေါ်သွားစရာနေရာ
ရှိသေးတယ်"

Notice : We are in a relationship Where stories live. Discover now