ML 10

504 49 7
                                    

Mile : P ရောက်လာပြီလား ဒီနေ့စောတယ်နော်
Ae : ဟုတ်လား သတိတောင်မထားမိဘူး အိမ်မှာက
လေးတွေကိုထိန်းဖို့လူခေါ်ထားတော့ အဆင်ပြေနေ
တာ
Mile က Ae ထိုင်တဲ့ရှေ့ကိုကော်ဖီခွက်ချက်ချင်းလာချ
ပေးလိုက်တယ်
Mile : အိမ်ထိန်းငှားလိုက်တာလား မြန်လိုက်တာ
Nami အကြောင်းအခုချိန်ထုတ်ပြောဖို့ကမသင့်တော်ဘူးထင်တယ်
Ae : ဟုတ်တယ် အစမ်းခေါ်ကြည့်တာပေါ့
Mile : ဒါနဲ့ အလုပ်ကိစ္စတစ်ခု P နဲ့တိုင်ပင်စရာရှိတယ်
စကားအေးဆေးပြောရအောင်
Pete ကကလေးလေးတွေကိုချော့မြူတိုင်း ကလေးတွေ
ကလိုက်ရီနေတာ ချစ်ဖို့ကောင်းလိုက်တာ
Pete : ချစ်စရာလေး
Nami : Pete ..... အနားယူချင်ယူလေ ကျွန်မရှိနေတာပဲကို
Pete : မပင်ပန်းပါဘူး ဒါပေမယ့် ကျွန်တော်သွားစရာနေ
ရာလေးရှိလို့ ခဏလောက်တော့အပ်ခဲ့ပါ့မယ်
Nami : ရတာပေါ့ အေးဆေးနေပြီးမှပြန်လာလို့လည်းဖြစ်
ပါတယ် ကလေးတွေအတွက်မပူပန်ပါနဲ့
Nami က Pete မျက်နှာကိုစိုက်ကြည့်ပြီးအပြုံးချိုချိုလေးနဲ့ပြောလိုက်တယ်
Nami : အမေတစ်ယောက်လို သေချာစောင့်ရှောက်မှာပါ
သူမရဲ့အပြုံးကတော့ချိုနေပေမယ့် စကားလုံးတစ်ခွန်း
စီတိုင်းကတော့ အလိုမကျဖြစ်မိတာအမှန်ပဲ
Nami : ဘာလို့အဲ့လိုကြည့်နေရတာလဲ ကျွန်မပြောတာအ
မှားပါသွားတာလား
စိတ်ထဲမှာ တစ်မျိုးတစ်ဖုံခံစားရပေမယ့်လည်း ပင်ကို
အားနာတတ်တဲ့စိတ်လေးကကြားခံနယ်အဖြစ်ကာခြား
လိုက်တယ်
Pete : ဘာမှမဖြစ်ပါဘူး ကျွန်တော် Ae ကိုရုံးမှာဝင်ခေါ်
ပြီးအတူပြန်လာခဲ့မယ် သိပ်မကြာပါဘူး
Nami : ရပါတယ် အေးဆေးသွားပါ
ရုံးခန်းထဲမှာရှုပ်ပွနေတဲ့ စာရွက်စာတမ်းတွေကိုလှန်လိုက် ပြစ်ချလိုက် စာရင်းအင်းတွေလုပ်လိုက်နဲ့တစ်မနက်လုံး
အချိန်ကုန်လို့ကုန်မှန်းတောင်မသိလိုက်ဘူး
Ae : အားးး ..... ပင်ပန်းလိုက်တာ
Ae ဇက်ကြောတွေတက်နေတာလား သူ့ခေါင်းကိုဘယ်
ညာခါရမ်းလိုက်တယ်
Mile : P Ae အဆင်ပြေရဲ့လား ခဏနားလိုက်လေ
Ae : အင်း အကိုခဏအိပ်လိုက်ဦးမယ် Mile လည်းနား
လေ
Mile : ရပါတယ် Mile မနားချင်သေးလို့ ခဏကြည့်လိုက်
ဦးမယ်နော်
Ae လည်းခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြီး သူထိုင်နေတဲ့
ဆိုဖာပေါ်မှာပဲ ပြစ်လှဲလိုက်တယ် မျက်လုံးတစ်စုံကချက်ချင်းမှိတ်ကျသွားတာ သူဘယ်လောက်အိပ်ချင်နေ
တာလဲ တော်တော်ပင်ပန်းနေပုံရတယ်
Girl : ဘယ်သူနဲ့တွေ့ချင်တာပါလဲ
ရုံးအဝင်ဝမှာ စစ်မေးနေတဲ့မိန်းကလေးဆီကိုဘေးလူ
နှစ်ယောက်လောက်ကအပြေးအလွှားလာလိုက်တယ်
Girl : မင်္ဂလာပါ သခင်လေး သူကဝန်ထမ်းအသစ်မို့လို့မ
သိတာပါ
Pete : ရပါတယ် ဖြစ်တတ်ပါတယ် ကျွန်တော်လည်းဒီကို
မလာဖြစ်တာကြာပြီဆိုတော့လည်း .... ဒါနဲ့ Ae ရုံး
ခန်းထဲမှာလား
Ae ရဲ့အခန်းဆီကိုတည့်တည့်မတ်မတ်လျှောက်လာခဲ့
လိုက်တယ် ဖုန်းတောင်ကြိုမဆက်ထားမိဘူး သူအံသြသွားအောင်လေ
ဒါပေမယ့် အဖြူရောင်လိုက်ကာစလေးကအခန်းတွင်းကို
ဖောက်မြင်စေနိုင်တယ် ကျွန်တော်မြင်လိုက်မိတယ်
Ae ကိုတော့မဟုတ်ဘူး Mile ကို .......
Mile : P Ae .... တကယ်အိပ်သွားတာပဲ Air con တည့်
တည့်ကို ဖျားဦးမယ်
Mile ကသူမရဲ့အပေါ်ထပ်ကုတ်အင်္ကျီကိုချွတ်ပြီး Ae
ပေါ်မှာခြုံလွှားပေးလိုက်တယ် ဒီမြင်ကွင်းလောက်နဲ့တော့
ကျွန်တော့်စိတ်ထဲဘာမှမရှိဘူး ဒါပေမယ့် Mile ရဲ့အပြုံး
တွေကစဥိးစားစရာအခြေအနေဖြစ်နေတယ်
Ae အိပ်နေတာကိုကြည့်နေတဲ့သူမမျက်ဝန်းတွေ ပြုံးနေတဲ့
အပြုံးတွေက ဘယ်လိုခံစားချက်မျိုးကိုရည်ညွှန်းနေတာ
လဲ ....... မောင်နှမထပ်ပိုတဲ့ခံစားချက်မျိုးကိုချက်ချင်းခံ
စားလိုက်ရတယ်
Mile ....... သူ Ae ကိုချစ်နေဆဲပဲလား
Pete : ငါရောက်လာတာကို မင်းတို့သူဌေး ၂ ယောက်လုံး
ကိုမပြောပါနဲ့ နားလည်လား
ဝန်ထမ်းတွေကိုမှာပြီး တစ်ယောက်ထဲပဲအိမ်ပြန်လာ
ခဲ့တယ် ခေါင်းထဲမှာအတွေးတွေကရှုပ်ထွေးနေတာပဲ
Nami ပြောဖူးတဲ့စကား နဲ့ အခုမြင်လိုက်ရတဲ့ Mile ရဲ့ပုံစံ
နှစ်ခုလုံးကပဲတူညီနေတာလား ငါပဲစိုးရိမ်မှုတွေပိုနေတာလား
မဟုတ်လောက်ပါဘူး ဘယ်သူတွေဘာဖြစ်ဖြစ် Ae ကငါ့
အပေါ်ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး
ယုံကြည်တယ် Ae ကို .....
Ae : ပြန်တော့မှာလား P လိုက်ပို့ပေးရမလား
Mile : စဉ်းစားနေတာ ကလေးတွေကိုလည်းတွေ့ချင်လို့
P Ae အိမ်ကိုလိုက်မလားလို့လေ
Ae : ရတာပေါ့ တက်လေ
လမ်းတစ်ဝက်မှာ Ae ကကားကိုရပ်တန့်လိုက်တယ်
Ae : Mile ခဏနော် P ယူစရာလေးရှိနေလို့
Mile : ဟုတ်ကဲ့
ကားရှေ့မှန်ကနေ ခေါင်းငုံ့ပြီးကြည့်လိုက်တော့မှ ဆေးရုံ
လား ...... P Ae ကဆေးရုံကိုဘာလာလုပ်တာလဲ
၁၅ မိနစ်လောက်နေတော့မှ သူပြန်ထွက်လာတယ်
Mile : P ဘယ်သူဘာဖြစ်လို့လဲ
Ae : ဟင်
သူ့လက်ထဲမှာလည်းအဖြူရောင်ဖိုင်တစ်ဖိုင်ပါလာသေး
တယ်
Ae ကချက်ချင်းဖိုင်ကိုကားရှေ့ဘောင်ပေါ်တင်ထားလိုက်
တယ်
Mile : အဲ့ဒါကဘာလဲ
Ae : ဘာမှမဟုတ်ပါဘူး ကလေးတွေကိုသွေးစစ်ထားတာ
ပါ ကြိုပြီး Check up လုပ်ထားတာပါ သွားရအောင်
ဒေါက် ဒေါက် ....... တံခါးခေါက်နေတာ Pete တံခါးလည်း
လာမဖွင့်ဘူး
ဒေါက် ဒေါက်........
Ae : Pete Pete
ငါးနာရီတောင်ထိုးနေပြီ ဒီအချိန်လောက်ဆိုအိမ်မှာ Pete
နဲ့ကလေးတွေပဲရှိနေမှာ
Mile : P Pete တစ်နေရာရာသွားတာများလား
Ae ကသူ့အိတ်ထဲကသော့ကိုယူပြီးဖွင့်လိုက်တယ်
Mile : အား ....
Mile ဘာလို့အလန့်တကြားထအော်ရတာလဲ
Ae : Pete Pete
ဧည့်ခန်းထဲမှာလဲကျနေတဲ့ Pete ကိုလှုပ်နိုးလို့မရတော့
ဘူး သူ့မျက်နှာတစ်ပြင်လုံးဖြူဖျော့ပြီးခေါ်မရတော့ဘူး
Ae : Pete ထပါဦး Pete
လွန်ခဲ့သော နှစ်ပတ်က Son ရဲ့အခြေအနေကိုဆရာဝန်
ဆီကနေကြားသိခဲ့ရတယ်
Ae : ဒေါက်တာပြောချင်တာက ကျွန်တော့်ရဲ့ကလေးတွေ
မဟုတ်သေးဘူး Son လေးဆီမှာနှလုံးရောဂါပါလာ
တယ်လို့ဆိုလိုချင်တာလား
D : ကလေးရဲ့နှလုံးကပုံမှန်တိုင်းအလုပ်မလုပ်ဘူး ဒီအ
ရွယ်လေးမှာဒီလိုပါလာတယ်ဆိုတာ မွေးရာပါလို့
ပြောလို့ရတယ် ဖြစ်နိုင်ချေအများဆုံးကတော့မိဘ
ဆီကပါလာတဲ့ ရောဂါမျိုးလည်းဖြစ်နိုင်တယ်
Ae : မဖြစ်နိုင်ဘူး ကျွန်တော်ရော Pete ရော အဲ့လိုရောဂါ
မျိုးမရှိပါဘူး ကျွန်တော်တို့နှစ်ယောက်လုံးကကျန်း
မာရေးကောင်းတဲ့သူတွေပါ
D : ဒါဆို စစ်ဆေးမှုတွေကိုသေချာလုပ်ကြည့်မယ် ဒီအ
ရွယ်လေးကိုခွဲစိတ်ကုသဖို့တော့ခံနိုင်ရည်ရှိမယ်မ
ထင်ဘူး
Ae : အသက်အန္တရာယ်ပိုင်းကရော
D : အခုတိုင်းတော့ဆိုးဆိုးဝါးဝါးမဟုတ်ပါဘူး ဒါပေ
မယ့်နိုင်ငံခြားမှာနည်းပညာသစ်တွေနဲ့ကုသနိုင်ရင်
တော့ပိုကောင်းမယ် အခြေအနေအတိအကျကို
တော့ တပ်အပ်ပြောလို့မရနိုင်သေးဘူး Pete ကိုအ
သိပေးပြီး နှစ်ယောက်အတူရင်ဆိုင်တာပိုကောင်း
မယ်ထင်တယ် Ae ဒါမျိုးကဖုံးကွယ်လို့မရဘူးလေ
ဒါဆို မဟုတ်မှလွဲရော Son ရဲ့ရောဂါက Pete ဆီကဆင်းသက်လာတာတော့မဖြစ်နိုင်လောက်ပါဘူးနော်
မဖြစ်နိုင်ဘူး Pete ပင်ပန်းပြီးလဲကျသွားတာဖြစ်မှာပါ သူ့
မှာဘာရောဂါမှမရှိဘူးလေ ငါဘာတွေလျှောက်တွေးနေ
တာလဲ မဖြစ်နိုင်ဘူး Ae မင်းအတွေးတွေလွန်နေပြီ
ဒါမဖြစ်နိုင်ပါဘူး မင်းနိုးလာရင်ဒါကမဟုတ်ဘူးလို့ကို့ကို
ကြည့်ပြီးပြောပေးပါ ....... Pete
Part 10 ( the end )

love by chance season 2 ( Aepete )Where stories live. Discover now