ML 3

1.9K 135 16
                                    

Mile : ဒီနေ့ကစပြီးငါကဒီလုပ်ငန်းကိုဦးစီးသွားမယ့် Mile ပါ
        P Ae မရှိတုန်းဂရုစိုက်ပေးကြပါ
   Mile ကိုအားလုံးအပ်ခဲ့ပြီး ကျွန်တော်တို့နှစ်ယောက်လုံးရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ Pete လက်ကိုတင်းတင်းဆုပ်ကိုင်ပြီးဒီနိုင်ငံကထွက်သွားခဲ့ပါတယ်
  Pond နဲ့ Ae က Video call ပြောနေကြတယ်
Pond : Ae အဆင်ပြေရဲ့လား ဒီမှာကြည့်ပါဦး
   Pond ကအခုမှမွေးဖွားထားတဲ့သူနဲ့ Charen ရဲ့ကလေးလေးကိုရိုက်ပြလိုက်တယ်
Ae : Pete ကြည့်ပါဦး ကလေးကချစ်စရာလေး
  Pete နဲ့ Ae ကဖုန်းထဲကကလေးလေးကိုအသည်းတွေယား
နေတာ
Ae : Charen နဲ့တူလို့ချောတာကွ မင်းနဲ့သာတူရင်တော့ကွာ
Pond : အေးပါကွာ ငါစိတ်ကောင်းဝင်နေလို့ လွှတ်ပေးထား
         လိုက်မယ် ယောကျာ်းလေးကွ
  Pond ကသူ့အကျင့်အတိုင်းလက်သီးလက်မောင်းတွေတန်း
ပြီးပျော်နေတာ
Ch :တိုးတိုးပြောပါ ကလေးနိုးသွားမယ်
Ae : Charen နေကောင်းရဲ့လား ငါတို့အနားမှာမရှိပေးနိုင်လို့
      အားနာပါတယ်
Mile : ညီမလည်းရှိနေပါတယ် အကိုတို့သာချစ်စရာကောင်း
        တဲ့ကလေးလေးကိုရအောင်ခေါ်လာ
   Pete ကမျက်နှာလေးညိုးသွားတော့ Ae ကသူ့လက်လေးကို
နှစ်သိမ့်တဲ့အနေနဲ့ကိုင်ထားလိုက်တယ်
Ae : စိတ်ချ ရအောင်ခေါ်လာခဲ့မယ်
Mile : ဆရာဝန်လာပြီ ဖုန်းချလိုက်မယ် bye
  Ae က Pete ကိုဖက်ထားလိုက်တယ်
Ae : ကလေးလေးမရမှာကိုစိုးရိမ်နေတာလား အကုန်အဆင်
       ပြေသွားမှာပါ သိတယ်မလား
Pete : Ae အနားမှာရှိနေတာပဲ မစိုးရိမ်ပါဘူး
   Ae သာအနားမှာရှိနေရင်ဘဝကြီးကအမြဲလှနေတာပါပဲ အချိန်တစ်ခုကိုတော့စောင့်ရမှာပေါ့ တို့တွေရဲ့ဆန္ဒလေးတွေ
ပြည့်တဲ့အထိ Ae ကဒီလိုလေးဖက်ပြီးအားပေးပေးပါနော်
    စိတ်ချပါ ငါကသေဆုံးသွားရင်တောင်မင်းအနားမှာပဲအရိပ်
လိုကပ်နေမယ့်သူပါ
    အချိန်တွေကြာတဲ့ထိ ကလေးဆိုတဲ့ရတနာလေးကိုစိတ်
ရှည်ရှည်နဲ့စောင့်နေခဲ့ရတာ တစ်နှစ်ကျော်ကြာတော့မှအဲ့အိမ်
မက်လေးကဖြစ်ပေါ်လာတယ်လေ ကလေးလေးကနှစ်ယောက်တောင်တဲ့လား ချစ်ဖို့ကောင်းလိုက်တာ သူတို့ကိုစတွေ့
လိုက်တဲ့အချိန်မှာကို့ကိုကိုယ် မိခင်လိုရော ဖခင်လိုရောခံစားရ
ပြီးပျော်လွန်းလို့ ငိုချလိုက်မိတယ် အရမ်းမျှော်လင့်ခဲ့တာလေ
အရမ်းလိုချင်နေခဲ့တာ သားလေးနဲ့သမီးလေးကလောကထဲကိုခက်ခက်ခဲခဲရောက်လာခဲ့ပြီ ကြိုဆိုပါတယ် ကလေးတို့ရယ်
မှန်ဘောင်လေးကိုကပ်ပြီးကြည့်နေတဲ့ Pete ကလုံးဝကိုမခွာ
နိုင်တော့ဘူး ကလေးလေးနှစ်ယောက်ကသူ့ကိုမသွားချင်
အောင်ဆွဲဆောင်နေတယ် မှန်ဘောင်ထဲကိုသူ့လက်လေး
ထည့်လိုက်တော့ သားလေးကသူ့လက်ချောင်းလေးကိုဖမ်းဆုပ်ထားလိုက်တယ် တကယ်ပျော်လွန်းလို့မျက်ရည်တွေကမရပ်
တော့ဘူး
Ae : Pete ကလေးကငယ်သေးတယ်လေ မကိုင်နဲ့ဦးလေ
Pete : Ae တွေ့လိုက်လား သူကျွန်တော့်လက်ကိုထိလိုက်
           တယ်
Ae : ကလေးအဖေဖြစ်တော့မယ် အခုထိကလေးလိုငိုနေသေး
        တာလား အမယ်လေး ကလေးလေးထက်ပိုဆိုးနေတယ်  
   Ae ကသူ့ကိုဖက်ပြီးငိုနေတဲ့ Pete ကိုနောက်လိုက်တယ်
Pete အပျော်တွေကသူ့ကိုပါကူးစက်စေတယ် ကလေးလေးတွေကလည်း Pete အတိုင်းပဲ ဖြူဖွေးပြီးချစ်ဖို့ကောင်းလိုက်တာ
Ae : နာမည်စဉ်းစားထားသေးလား ဘယ်လိုပေးကြမလဲ
Pete : တစ်ယောက်ကိုနာမည်တစ်ခုရွေးကြမယ်လေ
Ae : innnn
   Ae ကစဉ်းစားပြီးတော့မှပြုံးပြီးပြောလိုက်တယ်
Ae : သမီးလေးကို Pin လို့ပေးရင်ရော
Pete : သဘောကျတယ် ဒါဆို သားလေးက Son ဆိုရင်ရော
Ae : မင်းကြိုက်တာကို ကိုလည်းအကုန်ကြိုက်ပါတယ်
Pete : အတူတူပါပဲ Ae
           ကလေးတို့ရေ ကိုကို့နာမည်က Son ညီမလေးက Pin
           နော် ချစ်ဖို့ကောင်းလိုက်တာ
     Pete ပျော်နေတာကိုမြင်လို့ပျော်မိပါတယ် ဒါပေမယ့် ကလေးနှစ်ယောက်ရဲ့ရှေ့ရေးကိုတော့စိတ်ပူမိတယ် ကျွန်တော်စိုးရိမ်နေတဲ့အရာကို Pete ကိုမပြောပြချင်ဘူး သူဒီလိုလေးပျော်နေတာကိုပဲမြင်ချင်မိတယ်
Pond : Charen လာကြည့်ပါဦး
   Charen ကကလေးလေးပိုက်ပြီး Pond ဖုန်းကိုကြည့်လိုက်
တယ်
Ch : Oh ချစ်ဖို့ကောင်းလိုက်ကြတာ Khonn လေးရေ ကြည့်
        ပါဦး ညီလေးနဲ့ညီမလေးကချစ်စရာလေးမလား
   Ae အားလုံးဆီဖြန့်ဝေလိုက်တဲ့ဓာတ်ပုံလေးကအားလုံးကို
အပျော်တွေကူးစက်စေတယ် မိသားစုနှစ်စု Tin Can နဲ့ Mile
ပါအားလုံးကြည်နူးပျော်ရွှင်နေကြတယ်
ကလေးလေးတွေရလာတော့ပျော်ရသလို ပင်ပန်းတဲ့အချိန်တွေလည်းရှိနေပြန်ပါတယ်
W   : ကလေးတွေကိုသေချာနွေးနေအောင်လုပ်ပေးလေ
         Shopping mall ကဒီလောက်အေးနေတာ အမေက
         ဘယ်မှာလဲ
Ae : ဟုတ်ကဲ့ ပြောပေးတာကျေးဇူးပါ
    အခက်အခဲဆိုတာကတော့ဒီကလေးလေးတွေရဲ့တာဝန်ပါပဲ နှစ်ယောက်လုံးကယောကျာ်းလေးတွေဆိုတော့ ဒီနေရာ
မှာတော့မကျွမ်းကျင်ကြဘူး
Ae ကကလေးတွန်းလှည်းဘေးမှာထိုင်ပြီး Pin လေးကိုစောင်
သေချာခြုံပေးလိုက်တယ်
Ae : သမီးလေးရေ အေးနေရင်ဖေဖေတောင်းပန်ပါတယ်နော်
       ငါ့သမီးလေးကချစ်ဖို့ကောင်းလိုက်တာ
    ဘယ်လောက်ပဲပင်ပန်းနေပါစေ သမီးလေးတို့ကိုမြင်နေရရင်ကိုပင်ပန်းတာတွေ အလိုလိုလျော့ကျလာတယ် ဒါမိဘမေတ္တာလားဆိုတာအခုမှနားလည်တော့တယ်
    Pete ကသားလေးကိုပထမဆုံးထိကိုင်ခွင့်ရခဲ့တာဆိုတော့
Son ကသူ့ဘဝရဲ့အသက်ပါပဲ အိမ်မှာပဲကလေးတစ်ယောက်
နဲ့အလုပ်ရှုပ်နေတော့တယ် တို့တွေလည်းထိုင်းမြန်မြန်ပြန်မှပါပဲ မိသားစုတွေကလည်းမျှော်နေကြပြီ
Ae : Pin လေးရေ ဖေဖေတို့အိမ်ပြန်ကြမယ်နော် ကိုကိုနဲ့ပါးပါး
       ကစောင့်နေလောက်ပြီ
    Pin လေးက Ae ကိုရီပြလိုက်တယ် သူ့ဖေဖေကအရမ်း
ချစ်ဖို့ကောင်းတယ်လို့တွေးနေပုံပဲ
Pete ကအခန်းထဲမှာသီချင်းတွေဆိုပြီး ကလေးလေးတွေကို
ချော့သိပ်နေတယ် ကလေးတွေအိပ်သွားတော့မှ အပြင်ကို
ထွက်လာခဲ့တယ်
Ae  : Pete ......
    Ae ကဆိုဖာပေါ်မှာထိုင်ပြီး Pete နာမည်ကိုအော်ခေါ်လိုက်
တယ် Pete အနားရောက်လာတာနဲ့ Pete ကိုဖက်ပြီးပခုံးပေါ်
မှီထားလိုက်တယ်
Pete : ဘာဖြစ်လို့လဲ
Ae : မင်းအနားကိုမကပ်ရတာကလေးရပြီးထဲကလားလို့
    Ae က Pete ကိုဆူပုပ်နေတဲ့မျက်နှာနဲ့ကြည့်လိုက်တယ်
Ae : ကလေးအဖေကိုပြစ်ထားတယ်
    Pete က Ae ကိုဖက်ထားပြီးရီလိုက်တယ်
Pete : ကလေးတွေကိုလည်းချစ်တယ် ဒီအဖေကြီးကိုလည်း
        ပိုချစ်တာပါနော် ဒါပေမယ့် Pin နဲ့ Son လေးကငယ်
        သေးတယ်လေ လသားပဲရှိသေးတာကို ဂရုစိုက်ရမှာကို
Ae : သိပါတယ် ကိုလည်းကလေးနှစ်ယောက်ရော ဒီကလေး
        ကြီးကိုပါချစ်ပါတယ်
   Ae က Pete ပါးလေးကိုနမ်းလိုက်တယ်
Ae : ဒီပါးလေးကိုမနမ်းရတာတောင်ကြာပြီ မင်းရဲ့အနမ်းတွေ
       ကို Pin Son ဆီပဲပေးနေတာမနာလိုတောင်ဖြစ်လာပြီ
   Pete ကပြုံးပြီး Ae ပါးကိုနမ်းလိုက်တယ်
Pete : ဘယ်လိုတောင်လဲ ကို့ကလေးတွေကိုမနာလိုဖြစ်နေ
       တာ နေ့တိုင်းနမ်းပေးမယ် သဝန်မတိုပါနဲ့နော်
  သူတို့တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဖက်ထား
လိုက်တယ်
Pete : အမေကသူ့မြေးလေးတွေကိုတွေ့ချင်နေတာ ပြန်ကြ
           ရအောင်နော်
Ae : အင်း ပြန်ကြမယ်လေနော်
    အခုတော့ဘဝလေးဟာပျော်ရွှင်မှုတွေအပြည့်နဲ့ပါလား
အရမ်းချစ်တယ် Pete ပြီးတော့ Pin Son လေးကိုလည်းအရမ်းချစ်ပါတယ်
                            Part 3 ( the end )

love by chance season 2 ( Aepete )Wo Geschichten leben. Entdecke jetzt